Saturday, August 13, 2016

Dhammadownload.com

Please visit our website!!!!!!
ဗုဒ္ဓဘာသာဝင် တို့အတွက် မြတ်ဗုဒ္ဓ၏တရားတော်များကို လွယ်လင့်တကူ နာယူမှတ်သားနိုင်ရန်အတွက် dhammadownload.com ကို 2002 ခုနှစ်မှ စတင် တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံရှိ ဆရာတော်ကြီးများ ဟောကြားခဲ့သော တရားတော်များကို OnLine Media Library အဖြစ် တင်ပြလာခဲ့သည်မှာ ယနေ့ဆိုလျှင် MP3 အသံ တရားတော် အပုဒ်ရေ ပေါင်း ၃သောင်းေ်ကျော်၊ MP4 ဗီဒီယို တရားတော်ပေါင်း ၁ သောင်းေ်ကျာ်၊ eBooks စာအုပ်ပေါင်း ၄ ထောင်ကျော်တို့ကို စုစုပေါင်း ၂ တယ်ရာဘိုက် ခန့်တင်ပြထားရာ ဗုဒ္ဓဘာသာဝင်တို့အတွက် ဒီဘဝနှင့်ပင် ခန္ဓာဥာဏ်ရောက် သစ္စာဆိုက်အောင် သူတော်ကောင်းတရားများ ကျင့်ကြံ အားထုတ်ဖို့ရန် အခွင့်ထူးကြီးပင်ဖြစ်ပါသည်။ ခေတ်နှင့် အညီ လိုက်၍ သူတော်စင်တို့၏ သွားရင်း လာရင်း ရရှိသည့် အားလပ်သည့် မိနစ်ပိုင်းလေးတွေမှာပင် တရားတော်များနှင့် ထိတွေ့နိုင်ရန်
dhammadownload.com ပေါ်ရှိ တရားများကို နာယူနိုင်ရန် စီစဉ်ထားရှိပါသည်။ သို့ပါ၍ ဤကဲ့သို့သော အခွင့်ထူးကြီးကို လက်လွတ်မခံကြပဲ မိမိတို့ အခါအခွင့်သင့်သလို တရားတော်များကို http://www.dhammadownload.com တွင် နာယူကြပါရန်နှင့် နီးစပ်ရာ ဓမ္မမိတ်ဆွေများကိုလည်း ဤ website အကြောင်း သတင်းကောင်း ပါး ပေးကြပါရန် လေးနက်စွာ တိုက်တွန်း အပ်ပါသည်



Dhammadownload

Saturday, July 9, 2016

အကောင်းဆုံးသာသနာပြုနည်း

အကောင်းဆုံးသာသနာပြုနည်း
--------------------------------------------
ရသေ့ကြီးတပါး ကမ်းစပ်မှာထိုင်နေတဲ့အချိန်
ကင်းမြီးကောက်တကောင်ဟာ သစ်တုံးမှာကပ်ပြီး
မျောလာတယ် ရသေ့ကြီးက ကင်းမြီးကောက်ကို
ကယ်ဖို့ လှမ်းဆယ်တယ် ကင်းမြီးကောက်က
အမြှီးနဲ့ ထိုးတယ် နာတော့ လွှတ်ချတယ်
နောက်တခါဆယ်တယ် နောက်တခါထိုးတယ်

ဒီလိုနဲ့ သုံးလေးကြိမ်ဆယ်နေတော့ ဘေးနားက
လူတစ်ရောက်က ပြောတယ် ရသေ့ကြီး
ခင်ဗျားရူးနေလားတဲ့ ရသေ့ကြီးက ဒကာ ဘာဖြစ်
လို့ လည်းဆိုတော့ ကိုယ့်ကိုထိုးတဲ့ ကင်းမြှီးကောက်
ကိုဘာဖြစ်လို့  ခဏခဏ ကယ်နေတာလည်းဆိုတော့
ရသေ့ကြီးက ပြန်ဖြေတယ်
ဒကာတဲ့ ကင်းမြှီးကောက်ဆိုတာ သူများထိုးတဲ့
အလုပ်လုပ်ရတာ ရသေ့ဆိုတာ သူများကယ်တဲ့
အလုပ်လုပ်ရတာ သူလည်း သူ့ အလုပ်သူလုပ်တာ
ငါလည်းငါ့အလုပ်ငါလုပ်ရတာ ကယ်မှာပဲတဲ့
လူယုတ်မာတွေဟာ သူများဖျက်ဆီးတဲ့အလုပ်လုပ်တယ်
သာသနာကို ဖျက်ဆီးတယ် သူတော်ကောင်း
ဆိုတာ သူများကယ်တဲ့အလုပ်လုပ်ရတယ်
သာသနာတော်ကိုစောင့်ရှောက်တယ်
မိတ်ဆွေတို့ လည်း
ပါချင်တဲ့ဘက်ကိုပါလို့ ရပါတယ်
အကောင်းနဲ့ အဆိုးဆိုတာတော့
အချိန်တိုင်း
နေရာတိုင်း
အခြေအနေတိုင်းမှာ
ဒွန်တွဲနေမှာပါ
ဘာမှ ဒေါသထွက်စရာမလိုပါဘူး
ကိုယ့်အလုပ် ကိုယ်လုပ်နေတဲ့သူချည်းပါပဲ

 

မဇ္ဈိမ အဓိဋ္ဌာန်



မဇ္ဈိမ အဓိဋ္ဌာန်
----------------
ဒုဌဂါမဏိမင်းကြီးက စစ်တိုက်ထွက်တဲ့အခါ
ရှေ့တန်းကို သံဃာတော်အပါး နှစ်ရာ ပင့်ဆောင်သွားတယ် တဲ့
အနော်ရထာမင်းကြီးက စစ်တိုက်တဲ့အခါ
ငါသည် သာသနာတော်ကို ပိုမိုစောင့်ရှောက်
နိုင်ပါက ငါနိုင်ပါစေ
သူသည် သာသနာတော်ကို ပိုမိုစောင့်ရှောက်
နိုင်ပါက သူနိုင်ပါစေ ဆိုပြီး တိုက်သတဲ့
အလောင်းမင်းတရားကြီးကလည်း
ငါသည်နိုင်ငံတော်နှင့်တကွ သာသနာတိုးတက်ကောင်းစားအောင် ပြုနိုင်သူဖြစ်အံ့။ တလိုင်းမင်းတို့ကို ငါက အောင်ရပါလို၏။
တလိုင်းမင်းတို့က ငါ့ထက်ပိုမိုပြီး နိုင်ငံတော်နှင့်တကွ သာသနာတိုးတက်ကောင်းစားအောင် ပြုနိုင်သည်ဖြစ်အံ့။ တလိုင်းမင်းတို့က နိုင်၍ ငါ ရှုံးပါစေသတည်း•••••
ဒီလို သစ္စာအဓိဋ္ဌာန်ပြုပြီး ရွှေကရားနဲ့ ရေစက်သွန်းသတဲ့။
မင်းတုန်းမင်းကြီးက သံဃာတော်တွေကို
အမြဲတမ်းဖူးမြှော်ချင်လို့  နန်းတော်ပတ်ပတ်
လည်မှာ ကျောင်းတိုက်ကြီးတွေ ဆောက်လုပ်
လှူဒါန်းသတဲ့။ သာသနာတော်ကို အဲလောက်ထိ ချစ်မြတ်နိုးပါတယ်။
အခု
မြန်မာနိ င်ငံသားအားလုံးဟာ အခြေအနေအရ
အကွဲကွဲအပြားပြားဖြစ်နေပေမဲ့
ဘာသာ သာသနာမပျောက်ဖို့ ကတော့
အားလုံး အလိုရှိကြပါတယ်
ကဲ အဲဒီတော့
NLD ပြောသလို
မဘသ သည် သာသနာတော်အတွက်
ဆူးငြှောင့်ခလုပ်ဖြစ်ပါက မဘသ ကျရှုံးပါစေ
NLD သည် သာသနာတော်အတွက်
ဆူးငြှောင့်ခလုတ် ဖြစ်ပါက
NLD ကျရှုံးပါစေ
ရှေ့ကို ဘယ်အဖွဲ့ အစည်းက ဘာသာသာသနာအတွက် တန်ဘိုးရှိတယ်
တန်ဘိုးမရှိဘူး ဆိုတာ
ဘယ်သူမှ ကြိုမမြင်နိုင်ဘူး
အဲဒီအဆိုပြုချက်ကိုမှ လက်မခံနိုင်ဘူးဆိုရင်
အဲဒီလူဟာ မြန်မာနိုင်ငံအတွက် ဆူးငြောင့်
ခလုပ်ပဲ
ဦးမြင့်ခိုင်

Thursday, July 7, 2016

မိုးရွာရင် အပြင်မထွက်ရဲတော့ဘူး

မိုးရွာရင် အပြင်မထွက်ရဲတော့ဘူး
-------------------------------------
ဇာတ်တော်တွေထဲမှာ ဖတ်ဘူးတာတခုရှိတယ်
သူတော်ကောင်းရသေ့တပါးကို
တနိုင်ငံလုံးဝိုင်းပြီး စော်ကားကြလို့  ဒါးမိုး လှံမိုး
တွေရွာပြီး တိုင်းပြည်ကြီး ပျက်စီးခဲ့ဘူးတယ် တဲ့
သီလ သမာဓိ ပညာ ရှိတဲ့ သူတော်ကောင်းတွေ
ကို ပြစ်မှားစော်ကားမယ်ဆိုရင် လောကပါလနတ်တွေ ဝလာဟက နတ်တွေဟာ
မေ့လျော့ပြီး လောကကိုမစောင့်ရှောက်ကြတော့ပဲ
သူတို့ လုပ်နေကျအလုပ်ကို မလုပ်တော့ဘူးတဲ့
အဲဒီအခါမှာ မိုးတွေ လေတွေဟာ နတ်တို့ ရဲ့
စောင့်ရှောက်မှု့ မရ ရှိတော့တဲ့အတွက် လောက
ကို ဖျတ်စီးပြီး ဥတုဖေါက်ပြန်တတ်တယ် တဲ့
( သတိထားကြည့်ပါတနှစ်နဲ့ တနှစ် အပူချိန်ဟာ
အဆမတန်တိုးလာပါတယ် လူတွေစီးပွားရေး
ပိုမိုကျပ်တည်း လာကြပါတယ် )
မိုးမရွာခြင်းအကြောင်း
တွေထဲမှာ ဝလာဟာက နတ်တို့ သည် သွားမြဲ
လမ်းမှမသွားပဲ အခြားလမ်းမှ သွားကြသဖြင့်
မိုးမှန်မှန်မရွာနိုင်ခြင်း လေပြင်းတိမ်တိုက်တို့ 
ပြင်းစွာခတ်သဖြင့် မိုးမရွာနိုင်ခြင်း ရာဟု
အသူရိန်သည် ရွာလတ္တံသော မိုးရေတို့ ကို
လက်ခုပ်ဖြင့်သွန်ကာ ပင်လယ်သမုဒ္ဒရာသို့ 
သွန်သဖြင့် မိုးမရွာနိုင်ခြင်း စသည်တို့ 
ုဖြစ်ကြကုန်၏ တဲ့
ဒါတွေဟာ လူတွေ သီလ
ပျက်ပြီး ရတနာသုံးပါးကို စော်ကားတဲ့ အချိန်မျိုးတွေမှာ ဖြစ်တတ်ပါတယ်
လောကကြီးဟာ ကိုယ်ကျင့်တရားတွေ သီလ သမာဓိ ပညာ ကြီးသူတွေ ကြောင့် မပျက်စီးပဲ
ုဖြစ်တည်နေရတယ်ဆိုတာ လူတိုင်းသိရင်
ကောင်းမှာပဲလို့  တမ်းတမိပါတယ်
အခု မြန်မာနိုင်ငံမှာ အကြောင်းအမျိမျိုးကြောင့်
ရတနာ သုံးပါးကို စော်ကားတဲ့သူတွေ အရမ်းများ
ပြားနေပါပြီ
fb ကို လေ့လာကြည့်လိုက် တဦးနဲ့ တဦး
ယုံကြည်ရာလက်ခံတယ်ဆိုကြပေမဲ့
ဆဲဆိုနေကြတာတွေဟာ
ခါးအောက်ပိုင်းကကို မတတ်တော့ဘူး
သံဃာနဲ့ ရဟန်းနဲ့ မကွဲပဲ ဆဲဆိုနေကြတာတွေဟာ
ကြောက်ခမန်းလိလိပါပဲ
အရင်တုန်းက ကပ်ဆိုက်တာတို့  ဒါမိုး လှံမိုးတို့ 
ဆိုတာ ဇာတ်တော်ထဲမှာပဲ ဖတ်ဘူးတယ်
အခု တကယ်ဖြစ်တော့မယ်ထင်ပါရဲံ
မိုးရွာ ရင် အပြင်မထွက်ရဲတော့ဘူး
ဦးမြင့်ခိုင်

 

ဗုဒ္ဓဘာသာ အင်အားနည်းရခြင်းအကြောင်း

ဗုဒ္ဓဘာသာ အင်အားနည်းရခြင်းအကြောင်း
------------------------------
ခရစ်ယာမ်နဲ့ မွတ်စလင်နဲ့ တိုက်တဲ့  ခရူးဆိတ် စစ်ပွဲဟာ
နှစ်ပေါင်း ၂၀၀ ကျော်ကြာခဲ့တယ် တဘက်နဲ့ တဘက်
မနိုင်မှန်းသိလို့ နားလည်မှု့ နဲ့ နောက်ဆုတ်ခဲ့ကြပြီး
ကိုယ့်နည်းကိုယ့်ဟန်နဲ့  သာသနာပြုခဲ့ကြတယ်
မွတ်စလင်ကလည်း လူပွားတဲ့နည်းနဲ့ ပြုသလို
ခရစ်ယာမ်ကလည်း မဖွံ့ ဖြိုးတဲ့ဒေသတွေအထိ
ရောက်အောင်သွားပြီး လူမှူ့ ရေးတွေလုပ်ပေးကာ
စည်းရုံးသိမ်းသွင်းခဲ့ကြတယ် နည်းစနစ်တွေ
ကောင်းတဲ့အတွက် အချိန်တိုအတွင်းမှာပဲ
အင်အားပြန်လည်ကြီးမားလာခဲ့ကြတယ်

မြန်မာနိုင်ငံမှာရှိနေတဲ့ ကချင်ပြည်နယ်
ချင်းပြည်နယ် အစရှိတဲ့ဒေသတွေက ခရစ်ယာမ်
တွေဟာ ဗုဒ္ဓဘာသာဖြစ်ခွင့်မရှိလို့  မဟုတ်ပါဘူး
သူတို့ လည်းမြန်မာနိုင်ငံတွင်းမှာရှိတဲ့အတွက်
ဗုဒ္ဓဘာသာဖြစ်ခွင့်ရှိသူတွေပါ ခရစ်ယာမ်တွေရဲ့
သာသနာပြုနည်းစနစ်အောက်ကို ရောက်ရှိသွားကြလို့ 
ဗုဒ္ဓဘာသာဖြစ်ခွင့်ကနေ လွဲချော်သွားကြတာပါ
ကံကြောင့်ချည်းမဟုတ်ပါဘူး ဥာဏ်နဲ့ ဝိရိယကြောင့်
ကအဓိကပါ ခရစ်ယာမ် မွတ်စလင် ကြိုက်တဲ့သူကိုမေး
သူတို့ ဘာသာအကြောင်း အနည်းနဲ့ အများ
လူတိုင်းသိတယ် ဗုဒ္ဓဘာသာတွေမှာ ဗုဒ္ဓဝင်တောင်
မသိတဲ့သူတွေအများကြီး
နောက်တခုက ကိုယ်သိစေချင်သလို သူများလည်း
သိပါစေဆိုတဲ့ ဖြန့် ဝေမှု့ အားနည်းလို့ ပါ
ဗုဒ္ဓဘာသာအများစုဟာ ကိုယ်သိတာ ကိုယ့်ဆီမှာတင်
လမ်းဆုံးတာများတယ် မစ္ဆရိယ စိတ်မဟုတ်ပေမဲ့
မေ့လျော့တက်ကြတာ
ဒါ့ကြောင့် ကြီးကျယ်ခမ်းနားပေမဲ့ မှန်ကန်ပေမဲ့
အကျိုးကြီးပေမဲ့ အင်အားအနည်းဆုံးဖြစ်နေရတာ
ဒါ့ကြောင့် အနည်းဆုံးတော့ ကိုယ်သိစေသလို
သူများလည်းသိပါစေဆိုတဲ့ စေတနာလေးနဲ့ တော့
ဖြန့် ဝေမယ်ဆိုရင် တဖြေးဖြေးနဲ့ အင်အား
ကြီးလာမှာပါ ဘာဖြစ်လို့ လဲဆိုတော့ အစမ်းသပ်
ခံနိုင်အောင် မှတ်ကျောက်တင် ခံနိုင်အောင်
ပြည့်စုံလို့ ပါပဲ
fb သုံးရင်း သာသနာပြုသူများဖြစ်နိုင်ကြပါစေ
ဦးမြင့်ခိုင်

Monday, July 4, 2016

မဘသ မလိုဘူး တဲ့လား

မဘသ မလိုဘူး တဲ့လား
---------------------------
ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဝိနည်းစည်းကမ်းတွေပညတ်တဲ့အခါ အကြောင်း
ဖြစ်လာမှ ပညတ်ပါတယ် ဒါဟာ အခြေအနေ နဲ့ 
အချိန်အခါကိုမူတညိပြီး ပြုလုပ်မှ ရတယ်ဆိုတဲ့
သဘောကို ပေါ်လွင်စေပါတယ် ကြိုပြီး ပညတ်လိုက်ရင် သာသနာတော်မှာ ရဟန်းဆိုတာ
ရှိမယ်မထင်တော့ပါဘူး

တခါတရံမှာ လူမျိုးစုတစု နိုင်ငံတနိုင်ငံဟာ
ဖြစ်ပေါ်လာတဲ့အခြေအနေနဲ့  အချိန်အခါကို
ကြည့်ပြီး လိုတိုး ပိုလျှော့ လုပ်ရတာမျိုးတွေ ရှိပါတယ်
မဘသ ဆိုတဲ့ အဖွဲ့ အစည်းဟာ အရင်က မရှိခဲ့ပါဘူး ဘာဖြစ်လို့ လည်းဆိုတော့ မလိုအပ်သေးလို့ ပါ ဒါကို အရင်ကမရှိဘူး
အခု ပေါ်လာမှ ပဋိပက္ခတွေ ဖြစ်လာတယ်ဆိုတာ
ကတော့ တဘက်သတ် စွပ်စွဲချက်ပါပဲ
ကမ္ဘာကြီးပေါ်က နိုင်ငံတိုင်းမှာ သူ့  လူမျိုး
သူ့ ဘာသာ သူ့ အယူအဆ နဲ့  သူ့ ရဲ့ပြည်သူ
ကျေနပ်လောက်အောင် အမြဲတမ်း ပြုပြင်ပြောင်းလဲနေရပါတယ်
ဥပမာ တရုတ်ဆိုရင် ဗလီတွေပိတ်တယ်
ပြင်သစ်တို့  အမေရိကန်တို့ မှာဆိုရင် ခေါင်းမြီး
မခြုံရ ဗလီမဆောက်ရ ဥပဒေတွေထုတ်တယ်
သူတို့ ဘာ့ကြောင့် ထုတ်တာလည်းဆိုရင်
သူတို့ အခု ခံနေရလို့ ပါပဲ ဒါရှင်းပါတယ်
အရင်ကကြိုမထုတ်ဘူး အခု ဖြစ်လာတယ် ထုတ်တယ် ဒါ သဘာဝကျတယ်
ဘယ်သူ ဘာပြောမလဲ သူတို့ ပြည်သူတွေခံရလို့ 
သူတို့ ထုတ်တာပါ
အခု
ချွတ်ခြုံကျနေတဲ့ မြန်မာနိုင်ငံဟာ
နိုင်ငံတိုးတက်ဖို့ အရေးတကြီးလိုအပ်နေသလို
ဘာသာမပျောက်ဖို့ လည်း အရေးတကြီးလိုအပ်ပါတယ်
အစိုးရပိုင်းက တိုင်းပြည်တိုးတက်ဖို့ ကြိုးစားနေသလို ဘုရားသားတော်တွေကလည်း
သူ တို့  အဖေ ဘုရားရှင်ထားခဲ့တဲ့ သာသနာ
တော်အတွက် ဝင်ရောက်စွတ်ဖက်တယ်ဆိုတာ
သဘာဝကျပါတယ်
ဘာသာခြားတွေရဲ့ ငွေနဲ့ ပေါက်ပြီး လုပ်ချင်တိုင်း
လုပ်နေတာတွေကို ရပ်တန့် စေတယ်
ယဉ်ကျေးလိမ္မာတွေ ဓမ္မစကူးတွေ အများကြီး
ပေါ်ပေါက်လာတယ် မတတ်နိုင်တဲ့ ခလေးငယ်
တွေကို တာဝန်ယူ ကူညီဖြေရှင်းပေးတယ်
တိုင်းပြည်နဲ့ လူမျိုးအတွက်
ဘာတွေများ ဆုတ်ယုတ် မှု့ဖြစ်ပေါ်စေလို့ လဲ
နိုင်ငံရေးမှာကိုပဲ အရင်က မရှိခဲ့တဲ့ အဖွဲ့ အစည်းတွေ နေရာတွေ အခု အသစ်ပြန်ပြီး
ဖွဲ့ စည်းထားသေးတာပဲ ဘာသာရေးဘက်က
အဖွဲ့ အစည်းတွေမှာလည်း မဟန ဆိုတဲ့
အဖွဲ့ နဲ့ မလုံလောက်တော့ဘူး ဒါ့ကြောင့် မဘသ
ဆိုပြီး ပေါ်လာရတယ် ဒါဟာ သဘာဝကျသလို
ဖြစ်လည်းဖြစ်သင့်ပါတယ်
အင်းစိန်ရွာမ ဆရာတော်ဘုရားကြီးတို့  သီတဂူဆရာ
တော်ဘုရားကြီးတို့ ကိုယ်တိုင် ပါဝင်တဲ့ အဖွဲ့ အစည်းကို မလိုအပ်ဘူးလို့ ပြောတာကတော့
တခုခု လွဲနေသလိုပါပဲ
ဘာသာခြားတွေက ဓနအင်အား လူအင်အား
မီဒီယာ အင်အားနဲ့  ကြီးစိုးနေတာပါ
နောက်ပြီး
သာသနာတော်ဟာ အခု ကြောက်သရာကောင်း
လောက်အောင် ဆုတ်ယုတ်နေတယ် တနှစ်ကို
သံဃာခုနှစ်သောင်းလောက်လျှော့နေတယ်
မဘသ အစည်းအဝေးကျင်းပတာ့ ရန်ကုန်တိုင်း
ဝန်ကြီးချုပ်က တခြားဘာဘာက အလည်ဖိတ်လို့ 
သွားနေတယ် တဲ့ ဒါဟာ မဘသ ကို မထောက်ခံလို့ 
ထားပါတော့
အခု ရဟန်းသံဃာတော်တွေ အတွက် ပရိယတ္တိ
သာသနာ့ကျောင်းတိုက်တွေအတွက် အလွန်ပင်ပမ်းဆင်းရဲနေပြီ လူတွေထွက်ကုန်ပြီ
ဒါပေမဲ့ အခုထိ ဘာလေးတော့ ကူညီထောက်ပံ့တယ်ဆိုတဲ့ သတင်းမကြားရဘူးး
ရက်တစ်ရာစီမံကိန်းမှာ သာသနာအတွက် တစ်ရက်တောင် မပါတာကတော့ ဝမ်းနည်းစရာပါ
တခြားနိုင်ငံတွေမှာ သူ့ ပြည်သူတွေနဲ့  ဘာသာခြားတွေ ပဋိပက္ခုဖြစ်ရင် ပြည်သူတွေ
ကျေနပ်လောက်အောင်ပဲ လုပ်ပေးပြီး ဘာသာခြား
တွေကို မျက်နှာသာမပေးပါဘူး ဒါမှ ပြည်သူတွေ
ကျေနပ်မှာပါ
ထားပါတော့
ုမြန်မာပြည်သူတွေရော တိုင်းရင်းသားတွေပါ
စည်းလုံးဖို့  ကြိုးစားတယ် ဆိုတာကိုတော့
လက်ခံပါတယ် ဒါပေမဲ့ ညှိတယ်ဆိုတာ အနီးစပ်ဆုံးဖြစ်မှ ညှိလို့ ရတာပါ ဆန့် ကျင်ဘက်
လုံးလုံးဖြစ်နေတာကို မရမက လိုက်ညှိနေရင်တော့ ပိုပြီး ဝေးကွာတက်ပါတယ်
တာဝန်ရှိသူတယောက်ဖြစ်နေပြီး သမိုင်းကို လေ့လာဖို့ လည်းလိုပါတယ်
ဆူးလေနားက ဗလီနဲ့  ချက်စ်ကျောင်းတွေဟာ
ဘယ်အဆောက်အဦးက အရင်လည်းဆိုတာ
လေ့လာပါဦး အိမ်ရှင်နဲ့  ဧည့်သည် နဲနဲတော့
ကွာပါရစေ
အရင်က ဘယ်လိုပဲ ဖြစ်ခဲ့ဖြစ်ခဲ့ အခုဖြစ်နေတာ
တွေကို ဦးစားပေးရမယ်လို့  လက်ခံထားရင်
အခု မဘသ နဲ့ မဆိုင် တဲ့ သာသနာနွယ်ဝင်
ရဟန်းသံဃာတော်များ လူထွက်တာတွေ
ပရိယတ္တိကျောင်းတွေ ဆင်းရဲနေတာတွေကို
ကူညီ ထောက်ပံ့ပါ
ဘာသာခြားဒုက္ခသည်တွေကိုကျတော့
အရေးတကြီးကူညီပြီး
သာသနာအတွက် အရေးမကြီးဘူးဆိုရင်တော့
မကြာခင် သာသနာကွယ်ပါလိမ့်မယ်
ဘာသာခြားတွေနဲ့ လည်း ညှိပါ
ရဟန်းသံဃာတော်တွေ နဲ့ လည်
ပြေလည်အောင်ကြိုးစားပါ
ပြည်ပက ဒုက္ခသည်တွေကိုလည်း ကူညီပါ
ရဟန်းသံဃာတော်တွေရဲ့ ဒုက္ခကိုလည်း ဖေးမပါ
ပြည်ပက အဖွဲ့ အစည်းတွေနဲ့ လည်း
နားလည်မှု့ရအောင်ယူပါ
ပြည်တွင်းက ပြည်သူတွေရဲ့ ဆန္ဒကိုလည်း
နားလည်အောင်ကြိုးစားပါ
ဘာသာခြားတွေရဲ့ ဘာသာလွပ်လပ်ခွင့်ကိုလည်း
တန်ဘိုးထားပါ
အမျိုးဘာသာ သာသနာ ကိုလည်း
စောင့်ရှောက်ပါ
တိုင်းပြည်ကတော့
တိုးတက်ပါတယ်
ဘာသာသာသနာက
ဆုတ်ယုတ်မယ်ဆိုရင်တော့
နောင်မွေးလာမဲ့ ခလေးတွေ နဲ့ 
၃၁ ဘုံသားတွေ အကုန်လုံး
အပါယ်မှာ သွားစုပါလိမ့်မယ်
သမိုင်းတရားခံ မဖြစ်အောင်
ကြိုးစားနိုင်ပါစေ
စစ်အစိုးရဖိနှိပ်တုန်းက ခံရတဲ့ပြည်သူတွေ
ဒေါသထွက်သလိုမျိုး
ဘာသာ သာသနာတော်အတွက်
ဒေါသတွေ ငယ်ထိပ်ရောက်နေသူတွေ
အများကြီး ရှိနေတာကို သတိထားပါ
အပြေအဆို ဆင်ခြင်သင့်ပါတယ်
ဦးမြင့်ခိုင်

Sunday, July 3, 2016

ဆန်းစစ်ဖို့  လိုပြီ

ဆန်းစစ်ဖို့  လိုပြီ
-------------------
ဒီကမ္ဘာကြီးပေါ်မှာ လူတန်းစားမျိုးစုံ ဘာသာမျိုးစုံ
မှီတင်းနေထိုင်တယ် ကိုယ့်နိုင်ငံ ကိုယ်ဘာသာ
ကိုယ့်အယူအဆ နဲ့ ပြုမူနေထိုင်ကြတယ်

နိုင်ငံတိုင်းဟာ ဘာသာတရားအလိုက်ကိုးကွယ်မှု့မျိုးစုံကို ကိုးကွယ်ကြတယ်
ကိုယ့်လူမျိုးနဲ့ ကိုယ့်ဘာသာအရ ကိုးကွယ်ကြပေမဲ့
တခါတရံမှာ ဘာသာရေးကို အကြောင်းပြုပြီး
စစ်ပွဲတွေ ပဋိပက္ခတွေ ဖြစ်ပေါ်နေတာဟာ
ယုံကြည်ကိုးကွယ်မှု့အပေါ် သံသယ ရှိစရာ
ကောင်းလာတယ်
အားလုံးကတော့ မိမိကိုးကွယ်
တဲ့ဘာသာ ဟာ အကောင်းဆုံးဆိုတဲ့မူဝါဒကို
လက်ဆုပ်လက်ကိုင်ပြုထားကြတဲ့အတွက် ကိုယ့်ဘာသာကို တခြားဘာသာက ဝေဖန်ဆန်းစစ်တဲ့အခါ မကျေမနပ်ဖြစ်ကြရတယ်
ဒီနေရာမှာ တစ်ခု မေးစရာရှိလာတယ်
မိမိတိုဘာသာ့ ရဲ့ အယူအဆကြောင့် တခြားလူတွေ ထိခိုက်နိုင်လား
လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ရှိတာတော့
ဟုတ်ပါတယ် ဒါဟာ လူ့ အခွင့်အရေးပါ
ဒါပေမဲ့
တိရစ္ဆာန်တွေကို သတ်ပြီး ယဇ်ပူဇော်တဲ့အခါ
ဘာတွေ ဖြစ်နိုင်သလဲ
သူတို့ အယူအဆနဲ့ ကတော့ ကုသိုလ်ရတယ်
ဆိုပြီး လုပ်တာပါပဲ သူ တို့ ဘာသာအယူအဆတော့ ရမရ မသိပါဘူး
ဒါပေမဲ့
မျက်မြင်မှာ တိရစ္ဆာန်တွေ
သေကြ ကြေကြရတယ်
ဒီလို တိရစ္ဆာန်တွေကို အစုလိုက်အပြုံလိုက်
မြောက်များစွာ သတ်ဖြတ်မှု့ဟာ သဘာဝ ဘေးအန္တရယ်ဆိုးးတွေကို ဖြစ်ပေါ်စေတယ်
အဲဒီလို သဘာဝဘေးအန္တရယ်တွကျရောက်တဲ့အခါ
လူဆိုးတွေရော လူကောင်းတွေပါ ဒုက္ခရောက်ကြရတယ်
ဒါဆိုရင် မှားယွင်းတဲ့ ကိုးကွယ်မှု့တခုဟာ
တခြားသူတွေကိုပါ ဒုက္ခရောက်စေတယ် ဆိုတာ
သေချာပါတယ်
ဒါကို ထောက်ပြတဲ့အခါကျတာ့
ဘာသာတရား ရဲ့ ကိုးကွယ်လွတ်လပ်မှု့တဲ့
ကဲ ဘယ်လို လုပ်ကြမလဲ
ဘေးဆိုးတွေ ဖြစ်လာတော့ အကုန်လုံး ခံကြရတယ်
တိရစ္ဆာန် တကောင်ကို သတ်တိုင်း သတ်တိုင်း
ကမ္ဘာမြေကြီးဟာ နည်းနည်းပိုပို ပူလာတယ် တဲ့
တကယ်တော့
ကမ္ဘာကြီးဟာ လူတွေရဲ့ ကုသိုလ် အကုသိုလ်အလိုက် ဖြစ်တည်ပေးနေရတာပါ
ဒါကို နားလည်အောင်ပြောပြဖို့ 
ပြောပြနိုင်တဲ့ ဘာသာရှိပေမဲ့
ပြောပြနိုင်တဲ့ သူတွေရှိပေမဲ့
လက်ခံနိုင်လောက်တဲ့
ဥာဏ်တွေ မရှိတော့လည်း
လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ဆိုတဲ့
ခေါင်းစဉ်အောက်မှာပဲ
ကမ္ဘာကြီးဟာ ပူသထက်ပူပြီး
လူဆိုးတွေနဲ့ အတူ
လူကောင်းတွေပါ ရောပြီး ပျက်စီးရတာကို
သံဝေဂ ဥာဏ် ရယုံမှ တပါး
ဘာမှ မတက်နိုင်တော့ပါ
ကမ္ဘာငြိမ်းချမ်းဖို့ အတွက်
ဘာသာတရားတွေကို
ဆန်းစစ်ဖို့ လိုပြီလို့ ပဲ
အကြံပြုချင်ပါတော့ တယ်
ဦးမြင့်ခိုင်