------------------------------
ခရစ်ယာမ်နဲ့ မွတ်စလင်နဲ့ တိုက်တဲ့  ခရူးဆိတ် စစ်ပွဲဟာ
နှစ်ပေါင်း ၂၀၀ ကျော်ကြာခဲ့တယ် တဘက်နဲ့ တဘက်
မနိုင်မှန်းသိလို့ နားလည်မှု့ နဲ့ နောက်ဆုတ်ခဲ့ကြပြီး
ကိုယ့်နည်းကိုယ့်ဟန်နဲ့  သာသနာပြုခဲ့ကြတယ်
မွတ်စလင်ကလည်း လူပွားတဲ့နည်းနဲ့ ပြုသလို
ခရစ်ယာမ်ကလည်း မဖွံ့ ဖြိုးတဲ့ဒေသတွေအထိ
ရောက်အောင်သွားပြီး လူမှူ့ ရေးတွေလုပ်ပေးကာ
စည်းရုံးသိမ်းသွင်းခဲ့ကြတယ် နည်းစနစ်တွေ
ကောင်းတဲ့အတွက် အချိန်တိုအတွင်းမှာပဲ
အင်အားပြန်လည်ကြီးမားလာခဲ့ကြတယ်
မြန်မာနိုင်ငံမှာရှိနေတဲ့ ကချင်ပြည်နယ်
ချင်းပြည်နယ် အစရှိတဲ့ဒေသတွေက ခရစ်ယာမ်
တွေဟာ ဗုဒ္ဓဘာသာဖြစ်ခွင့်မရှိလို့  မဟုတ်ပါဘူး
သူတို့ လည်းမြန်မာနိုင်ငံတွင်းမှာရှိတဲ့အတွက်
ဗုဒ္ဓဘာသာဖြစ်ခွင့်ရှိသူတွေပါ ခရစ်ယာမ်တွေရဲ့
သာသနာပြုနည်းစနစ်အောက်ကို ရောက်ရှိသွားကြလို့ 
ဗုဒ္ဓဘာသာဖြစ်ခွင့်ကနေ လွဲချော်သွားကြတာပါ
ကံကြောင့်ချည်းမဟုတ်ပါဘူး ဥာဏ်နဲ့ ဝိရိယကြောင့်
ကအဓိကပါ ခရစ်ယာမ် မွတ်စလင် ကြိုက်တဲ့သူကိုမေး
သူတို့ ဘာသာအကြောင်း အနည်းနဲ့ အများ
လူတိုင်းသိတယ် ဗုဒ္ဓဘာသာတွေမှာ ဗုဒ္ဓဝင်တောင်
မသိတဲ့သူတွေအများကြီး
နောက်တခုက ကိုယ်သိစေချင်သလို သူများလည်း
သိပါစေဆိုတဲ့ ဖြန့် ဝေမှု့ အားနည်းလို့ ပါ
ဗုဒ္ဓဘာသာအများစုဟာ ကိုယ်သိတာ ကိုယ့်ဆီမှာတင်
လမ်းဆုံးတာများတယ် မစ္ဆရိယ စိတ်မဟုတ်ပေမဲ့
မေ့လျော့တက်ကြတာ
ဒါ့ကြောင့် ကြီးကျယ်ခမ်းနားပေမဲ့ မှန်ကန်ပေမဲ့
အကျိုးကြီးပေမဲ့ အင်အားအနည်းဆုံးဖြစ်နေရတာ
ဒါ့ကြောင့် အနည်းဆုံးတော့ ကိုယ်သိစေသလို
သူများလည်းသိပါစေဆိုတဲ့ စေတနာလေးနဲ့ တော့
ဖြန့် ဝေမယ်ဆိုရင် တဖြေးဖြေးနဲ့ အင်အား
ကြီးလာမှာပါ ဘာဖြစ်လို့ လဲဆိုတော့ အစမ်းသပ်
ခံနိုင်အောင် မှတ်ကျောက်တင် ခံနိုင်အောင်
ပြည့်စုံလို့ ပါပဲ
fb သုံးရင်း သာသနာပြုသူများဖြစ်နိုင်ကြပါစေ
ဦးမြင့်ခိုင်

No comments:
Post a Comment