Saturday, July 9, 2016

အကောင်းဆုံးသာသနာပြုနည်း

အကောင်းဆုံးသာသနာပြုနည်း
--------------------------------------------
ရသေ့ကြီးတပါး ကမ်းစပ်မှာထိုင်နေတဲ့အချိန်
ကင်းမြီးကောက်တကောင်ဟာ သစ်တုံးမှာကပ်ပြီး
မျောလာတယ် ရသေ့ကြီးက ကင်းမြီးကောက်ကို
ကယ်ဖို့ လှမ်းဆယ်တယ် ကင်းမြီးကောက်က
အမြှီးနဲ့ ထိုးတယ် နာတော့ လွှတ်ချတယ်
နောက်တခါဆယ်တယ် နောက်တခါထိုးတယ်

ဒီလိုနဲ့ သုံးလေးကြိမ်ဆယ်နေတော့ ဘေးနားက
လူတစ်ရောက်က ပြောတယ် ရသေ့ကြီး
ခင်ဗျားရူးနေလားတဲ့ ရသေ့ကြီးက ဒကာ ဘာဖြစ်
လို့ လည်းဆိုတော့ ကိုယ့်ကိုထိုးတဲ့ ကင်းမြှီးကောက်
ကိုဘာဖြစ်လို့  ခဏခဏ ကယ်နေတာလည်းဆိုတော့
ရသေ့ကြီးက ပြန်ဖြေတယ်
ဒကာတဲ့ ကင်းမြှီးကောက်ဆိုတာ သူများထိုးတဲ့
အလုပ်လုပ်ရတာ ရသေ့ဆိုတာ သူများကယ်တဲ့
အလုပ်လုပ်ရတာ သူလည်း သူ့ အလုပ်သူလုပ်တာ
ငါလည်းငါ့အလုပ်ငါလုပ်ရတာ ကယ်မှာပဲတဲ့
လူယုတ်မာတွေဟာ သူများဖျက်ဆီးတဲ့အလုပ်လုပ်တယ်
သာသနာကို ဖျက်ဆီးတယ် သူတော်ကောင်း
ဆိုတာ သူများကယ်တဲ့အလုပ်လုပ်ရတယ်
သာသနာတော်ကိုစောင့်ရှောက်တယ်
မိတ်ဆွေတို့ လည်း
ပါချင်တဲ့ဘက်ကိုပါလို့ ရပါတယ်
အကောင်းနဲ့ အဆိုးဆိုတာတော့
အချိန်တိုင်း
နေရာတိုင်း
အခြေအနေတိုင်းမှာ
ဒွန်တွဲနေမှာပါ
ဘာမှ ဒေါသထွက်စရာမလိုပါဘူး
ကိုယ့်အလုပ် ကိုယ်လုပ်နေတဲ့သူချည်းပါပဲ

 

မဇ္ဈိမ အဓိဋ္ဌာန်



မဇ္ဈိမ အဓိဋ္ဌာန်
----------------
ဒုဌဂါမဏိမင်းကြီးက စစ်တိုက်ထွက်တဲ့အခါ
ရှေ့တန်းကို သံဃာတော်အပါး နှစ်ရာ ပင့်ဆောင်သွားတယ် တဲ့
အနော်ရထာမင်းကြီးက စစ်တိုက်တဲ့အခါ
ငါသည် သာသနာတော်ကို ပိုမိုစောင့်ရှောက်
နိုင်ပါက ငါနိုင်ပါစေ
သူသည် သာသနာတော်ကို ပိုမိုစောင့်ရှောက်
နိုင်ပါက သူနိုင်ပါစေ ဆိုပြီး တိုက်သတဲ့
အလောင်းမင်းတရားကြီးကလည်း
ငါသည်နိုင်ငံတော်နှင့်တကွ သာသနာတိုးတက်ကောင်းစားအောင် ပြုနိုင်သူဖြစ်အံ့။ တလိုင်းမင်းတို့ကို ငါက အောင်ရပါလို၏။
တလိုင်းမင်းတို့က ငါ့ထက်ပိုမိုပြီး နိုင်ငံတော်နှင့်တကွ သာသနာတိုးတက်ကောင်းစားအောင် ပြုနိုင်သည်ဖြစ်အံ့။ တလိုင်းမင်းတို့က နိုင်၍ ငါ ရှုံးပါစေသတည်း•••••
ဒီလို သစ္စာအဓိဋ္ဌာန်ပြုပြီး ရွှေကရားနဲ့ ရေစက်သွန်းသတဲ့။
မင်းတုန်းမင်းကြီးက သံဃာတော်တွေကို
အမြဲတမ်းဖူးမြှော်ချင်လို့  နန်းတော်ပတ်ပတ်
လည်မှာ ကျောင်းတိုက်ကြီးတွေ ဆောက်လုပ်
လှူဒါန်းသတဲ့။ သာသနာတော်ကို အဲလောက်ထိ ချစ်မြတ်နိုးပါတယ်။
အခု
မြန်မာနိ င်ငံသားအားလုံးဟာ အခြေအနေအရ
အကွဲကွဲအပြားပြားဖြစ်နေပေမဲ့
ဘာသာ သာသနာမပျောက်ဖို့ ကတော့
အားလုံး အလိုရှိကြပါတယ်
ကဲ အဲဒီတော့
NLD ပြောသလို
မဘသ သည် သာသနာတော်အတွက်
ဆူးငြှောင့်ခလုပ်ဖြစ်ပါက မဘသ ကျရှုံးပါစေ
NLD သည် သာသနာတော်အတွက်
ဆူးငြှောင့်ခလုတ် ဖြစ်ပါက
NLD ကျရှုံးပါစေ
ရှေ့ကို ဘယ်အဖွဲ့ အစည်းက ဘာသာသာသနာအတွက် တန်ဘိုးရှိတယ်
တန်ဘိုးမရှိဘူး ဆိုတာ
ဘယ်သူမှ ကြိုမမြင်နိုင်ဘူး
အဲဒီအဆိုပြုချက်ကိုမှ လက်မခံနိုင်ဘူးဆိုရင်
အဲဒီလူဟာ မြန်မာနိုင်ငံအတွက် ဆူးငြောင့်
ခလုပ်ပဲ
ဦးမြင့်ခိုင်

Thursday, July 7, 2016

မိုးရွာရင် အပြင်မထွက်ရဲတော့ဘူး

မိုးရွာရင် အပြင်မထွက်ရဲတော့ဘူး
-------------------------------------
ဇာတ်တော်တွေထဲမှာ ဖတ်ဘူးတာတခုရှိတယ်
သူတော်ကောင်းရသေ့တပါးကို
တနိုင်ငံလုံးဝိုင်းပြီး စော်ကားကြလို့  ဒါးမိုး လှံမိုး
တွေရွာပြီး တိုင်းပြည်ကြီး ပျက်စီးခဲ့ဘူးတယ် တဲ့
သီလ သမာဓိ ပညာ ရှိတဲ့ သူတော်ကောင်းတွေ
ကို ပြစ်မှားစော်ကားမယ်ဆိုရင် လောကပါလနတ်တွေ ဝလာဟက နတ်တွေဟာ
မေ့လျော့ပြီး လောကကိုမစောင့်ရှောက်ကြတော့ပဲ
သူတို့ လုပ်နေကျအလုပ်ကို မလုပ်တော့ဘူးတဲ့
အဲဒီအခါမှာ မိုးတွေ လေတွေဟာ နတ်တို့ ရဲ့
စောင့်ရှောက်မှု့ မရ ရှိတော့တဲ့အတွက် လောက
ကို ဖျတ်စီးပြီး ဥတုဖေါက်ပြန်တတ်တယ် တဲ့
( သတိထားကြည့်ပါတနှစ်နဲ့ တနှစ် အပူချိန်ဟာ
အဆမတန်တိုးလာပါတယ် လူတွေစီးပွားရေး
ပိုမိုကျပ်တည်း လာကြပါတယ် )
မိုးမရွာခြင်းအကြောင်း
တွေထဲမှာ ဝလာဟာက နတ်တို့ သည် သွားမြဲ
လမ်းမှမသွားပဲ အခြားလမ်းမှ သွားကြသဖြင့်
မိုးမှန်မှန်မရွာနိုင်ခြင်း လေပြင်းတိမ်တိုက်တို့ 
ပြင်းစွာခတ်သဖြင့် မိုးမရွာနိုင်ခြင်း ရာဟု
အသူရိန်သည် ရွာလတ္တံသော မိုးရေတို့ ကို
လက်ခုပ်ဖြင့်သွန်ကာ ပင်လယ်သမုဒ္ဒရာသို့ 
သွန်သဖြင့် မိုးမရွာနိုင်ခြင်း စသည်တို့ 
ုဖြစ်ကြကုန်၏ တဲ့
ဒါတွေဟာ လူတွေ သီလ
ပျက်ပြီး ရတနာသုံးပါးကို စော်ကားတဲ့ အချိန်မျိုးတွေမှာ ဖြစ်တတ်ပါတယ်
လောကကြီးဟာ ကိုယ်ကျင့်တရားတွေ သီလ သမာဓိ ပညာ ကြီးသူတွေ ကြောင့် မပျက်စီးပဲ
ုဖြစ်တည်နေရတယ်ဆိုတာ လူတိုင်းသိရင်
ကောင်းမှာပဲလို့  တမ်းတမိပါတယ်
အခု မြန်မာနိုင်ငံမှာ အကြောင်းအမျိမျိုးကြောင့်
ရတနာ သုံးပါးကို စော်ကားတဲ့သူတွေ အရမ်းများ
ပြားနေပါပြီ
fb ကို လေ့လာကြည့်လိုက် တဦးနဲ့ တဦး
ယုံကြည်ရာလက်ခံတယ်ဆိုကြပေမဲ့
ဆဲဆိုနေကြတာတွေဟာ
ခါးအောက်ပိုင်းကကို မတတ်တော့ဘူး
သံဃာနဲ့ ရဟန်းနဲ့ မကွဲပဲ ဆဲဆိုနေကြတာတွေဟာ
ကြောက်ခမန်းလိလိပါပဲ
အရင်တုန်းက ကပ်ဆိုက်တာတို့  ဒါမိုး လှံမိုးတို့ 
ဆိုတာ ဇာတ်တော်ထဲမှာပဲ ဖတ်ဘူးတယ်
အခု တကယ်ဖြစ်တော့မယ်ထင်ပါရဲံ
မိုးရွာ ရင် အပြင်မထွက်ရဲတော့ဘူး
ဦးမြင့်ခိုင်

 

ဗုဒ္ဓဘာသာ အင်အားနည်းရခြင်းအကြောင်း

ဗုဒ္ဓဘာသာ အင်အားနည်းရခြင်းအကြောင်း
------------------------------
ခရစ်ယာမ်နဲ့ မွတ်စလင်နဲ့ တိုက်တဲ့  ခရူးဆိတ် စစ်ပွဲဟာ
နှစ်ပေါင်း ၂၀၀ ကျော်ကြာခဲ့တယ် တဘက်နဲ့ တဘက်
မနိုင်မှန်းသိလို့ နားလည်မှု့ နဲ့ နောက်ဆုတ်ခဲ့ကြပြီး
ကိုယ့်နည်းကိုယ့်ဟန်နဲ့  သာသနာပြုခဲ့ကြတယ်
မွတ်စလင်ကလည်း လူပွားတဲ့နည်းနဲ့ ပြုသလို
ခရစ်ယာမ်ကလည်း မဖွံ့ ဖြိုးတဲ့ဒေသတွေအထိ
ရောက်အောင်သွားပြီး လူမှူ့ ရေးတွေလုပ်ပေးကာ
စည်းရုံးသိမ်းသွင်းခဲ့ကြတယ် နည်းစနစ်တွေ
ကောင်းတဲ့အတွက် အချိန်တိုအတွင်းမှာပဲ
အင်အားပြန်လည်ကြီးမားလာခဲ့ကြတယ်

မြန်မာနိုင်ငံမှာရှိနေတဲ့ ကချင်ပြည်နယ်
ချင်းပြည်နယ် အစရှိတဲ့ဒေသတွေက ခရစ်ယာမ်
တွေဟာ ဗုဒ္ဓဘာသာဖြစ်ခွင့်မရှိလို့  မဟုတ်ပါဘူး
သူတို့ လည်းမြန်မာနိုင်ငံတွင်းမှာရှိတဲ့အတွက်
ဗုဒ္ဓဘာသာဖြစ်ခွင့်ရှိသူတွေပါ ခရစ်ယာမ်တွေရဲ့
သာသနာပြုနည်းစနစ်အောက်ကို ရောက်ရှိသွားကြလို့ 
ဗုဒ္ဓဘာသာဖြစ်ခွင့်ကနေ လွဲချော်သွားကြတာပါ
ကံကြောင့်ချည်းမဟုတ်ပါဘူး ဥာဏ်နဲ့ ဝိရိယကြောင့်
ကအဓိကပါ ခရစ်ယာမ် မွတ်စလင် ကြိုက်တဲ့သူကိုမေး
သူတို့ ဘာသာအကြောင်း အနည်းနဲ့ အများ
လူတိုင်းသိတယ် ဗုဒ္ဓဘာသာတွေမှာ ဗုဒ္ဓဝင်တောင်
မသိတဲ့သူတွေအများကြီး
နောက်တခုက ကိုယ်သိစေချင်သလို သူများလည်း
သိပါစေဆိုတဲ့ ဖြန့် ဝေမှု့ အားနည်းလို့ ပါ
ဗုဒ္ဓဘာသာအများစုဟာ ကိုယ်သိတာ ကိုယ့်ဆီမှာတင်
လမ်းဆုံးတာများတယ် မစ္ဆရိယ စိတ်မဟုတ်ပေမဲ့
မေ့လျော့တက်ကြတာ
ဒါ့ကြောင့် ကြီးကျယ်ခမ်းနားပေမဲ့ မှန်ကန်ပေမဲ့
အကျိုးကြီးပေမဲ့ အင်အားအနည်းဆုံးဖြစ်နေရတာ
ဒါ့ကြောင့် အနည်းဆုံးတော့ ကိုယ်သိစေသလို
သူများလည်းသိပါစေဆိုတဲ့ စေတနာလေးနဲ့ တော့
ဖြန့် ဝေမယ်ဆိုရင် တဖြေးဖြေးနဲ့ အင်အား
ကြီးလာမှာပါ ဘာဖြစ်လို့ လဲဆိုတော့ အစမ်းသပ်
ခံနိုင်အောင် မှတ်ကျောက်တင် ခံနိုင်အောင်
ပြည့်စုံလို့ ပါပဲ
fb သုံးရင်း သာသနာပြုသူများဖြစ်နိုင်ကြပါစေ
ဦးမြင့်ခိုင်

Monday, July 4, 2016

မဘသ မလိုဘူး တဲ့လား

မဘသ မလိုဘူး တဲ့လား
---------------------------
ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဝိနည်းစည်းကမ်းတွေပညတ်တဲ့အခါ အကြောင်း
ဖြစ်လာမှ ပညတ်ပါတယ် ဒါဟာ အခြေအနေ နဲ့ 
အချိန်အခါကိုမူတညိပြီး ပြုလုပ်မှ ရတယ်ဆိုတဲ့
သဘောကို ပေါ်လွင်စေပါတယ် ကြိုပြီး ပညတ်လိုက်ရင် သာသနာတော်မှာ ရဟန်းဆိုတာ
ရှိမယ်မထင်တော့ပါဘူး

တခါတရံမှာ လူမျိုးစုတစု နိုင်ငံတနိုင်ငံဟာ
ဖြစ်ပေါ်လာတဲ့အခြေအနေနဲ့  အချိန်အခါကို
ကြည့်ပြီး လိုတိုး ပိုလျှော့ လုပ်ရတာမျိုးတွေ ရှိပါတယ်
မဘသ ဆိုတဲ့ အဖွဲ့ အစည်းဟာ အရင်က မရှိခဲ့ပါဘူး ဘာဖြစ်လို့ လည်းဆိုတော့ မလိုအပ်သေးလို့ ပါ ဒါကို အရင်ကမရှိဘူး
အခု ပေါ်လာမှ ပဋိပက္ခတွေ ဖြစ်လာတယ်ဆိုတာ
ကတော့ တဘက်သတ် စွပ်စွဲချက်ပါပဲ
ကမ္ဘာကြီးပေါ်က နိုင်ငံတိုင်းမှာ သူ့  လူမျိုး
သူ့ ဘာသာ သူ့ အယူအဆ နဲ့  သူ့ ရဲ့ပြည်သူ
ကျေနပ်လောက်အောင် အမြဲတမ်း ပြုပြင်ပြောင်းလဲနေရပါတယ်
ဥပမာ တရုတ်ဆိုရင် ဗလီတွေပိတ်တယ်
ပြင်သစ်တို့  အမေရိကန်တို့ မှာဆိုရင် ခေါင်းမြီး
မခြုံရ ဗလီမဆောက်ရ ဥပဒေတွေထုတ်တယ်
သူတို့ ဘာ့ကြောင့် ထုတ်တာလည်းဆိုရင်
သူတို့ အခု ခံနေရလို့ ပါပဲ ဒါရှင်းပါတယ်
အရင်ကကြိုမထုတ်ဘူး အခု ဖြစ်လာတယ် ထုတ်တယ် ဒါ သဘာဝကျတယ်
ဘယ်သူ ဘာပြောမလဲ သူတို့ ပြည်သူတွေခံရလို့ 
သူတို့ ထုတ်တာပါ
အခု
ချွတ်ခြုံကျနေတဲ့ မြန်မာနိုင်ငံဟာ
နိုင်ငံတိုးတက်ဖို့ အရေးတကြီးလိုအပ်နေသလို
ဘာသာမပျောက်ဖို့ လည်း အရေးတကြီးလိုအပ်ပါတယ်
အစိုးရပိုင်းက တိုင်းပြည်တိုးတက်ဖို့ ကြိုးစားနေသလို ဘုရားသားတော်တွေကလည်း
သူ တို့  အဖေ ဘုရားရှင်ထားခဲ့တဲ့ သာသနာ
တော်အတွက် ဝင်ရောက်စွတ်ဖက်တယ်ဆိုတာ
သဘာဝကျပါတယ်
ဘာသာခြားတွေရဲ့ ငွေနဲ့ ပေါက်ပြီး လုပ်ချင်တိုင်း
လုပ်နေတာတွေကို ရပ်တန့် စေတယ်
ယဉ်ကျေးလိမ္မာတွေ ဓမ္မစကူးတွေ အများကြီး
ပေါ်ပေါက်လာတယ် မတတ်နိုင်တဲ့ ခလေးငယ်
တွေကို တာဝန်ယူ ကူညီဖြေရှင်းပေးတယ်
တိုင်းပြည်နဲ့ လူမျိုးအတွက်
ဘာတွေများ ဆုတ်ယုတ် မှု့ဖြစ်ပေါ်စေလို့ လဲ
နိုင်ငံရေးမှာကိုပဲ အရင်က မရှိခဲ့တဲ့ အဖွဲ့ အစည်းတွေ နေရာတွေ အခု အသစ်ပြန်ပြီး
ဖွဲ့ စည်းထားသေးတာပဲ ဘာသာရေးဘက်က
အဖွဲ့ အစည်းတွေမှာလည်း မဟန ဆိုတဲ့
အဖွဲ့ နဲ့ မလုံလောက်တော့ဘူး ဒါ့ကြောင့် မဘသ
ဆိုပြီး ပေါ်လာရတယ် ဒါဟာ သဘာဝကျသလို
ဖြစ်လည်းဖြစ်သင့်ပါတယ်
အင်းစိန်ရွာမ ဆရာတော်ဘုရားကြီးတို့  သီတဂူဆရာ
တော်ဘုရားကြီးတို့ ကိုယ်တိုင် ပါဝင်တဲ့ အဖွဲ့ အစည်းကို မလိုအပ်ဘူးလို့ ပြောတာကတော့
တခုခု လွဲနေသလိုပါပဲ
ဘာသာခြားတွေက ဓနအင်အား လူအင်အား
မီဒီယာ အင်အားနဲ့  ကြီးစိုးနေတာပါ
နောက်ပြီး
သာသနာတော်ဟာ အခု ကြောက်သရာကောင်း
လောက်အောင် ဆုတ်ယုတ်နေတယ် တနှစ်ကို
သံဃာခုနှစ်သောင်းလောက်လျှော့နေတယ်
မဘသ အစည်းအဝေးကျင်းပတာ့ ရန်ကုန်တိုင်း
ဝန်ကြီးချုပ်က တခြားဘာဘာက အလည်ဖိတ်လို့ 
သွားနေတယ် တဲ့ ဒါဟာ မဘသ ကို မထောက်ခံလို့ 
ထားပါတော့
အခု ရဟန်းသံဃာတော်တွေ အတွက် ပရိယတ္တိ
သာသနာ့ကျောင်းတိုက်တွေအတွက် အလွန်ပင်ပမ်းဆင်းရဲနေပြီ လူတွေထွက်ကုန်ပြီ
ဒါပေမဲ့ အခုထိ ဘာလေးတော့ ကူညီထောက်ပံ့တယ်ဆိုတဲ့ သတင်းမကြားရဘူးး
ရက်တစ်ရာစီမံကိန်းမှာ သာသနာအတွက် တစ်ရက်တောင် မပါတာကတော့ ဝမ်းနည်းစရာပါ
တခြားနိုင်ငံတွေမှာ သူ့ ပြည်သူတွေနဲ့  ဘာသာခြားတွေ ပဋိပက္ခုဖြစ်ရင် ပြည်သူတွေ
ကျေနပ်လောက်အောင်ပဲ လုပ်ပေးပြီး ဘာသာခြား
တွေကို မျက်နှာသာမပေးပါဘူး ဒါမှ ပြည်သူတွေ
ကျေနပ်မှာပါ
ထားပါတော့
ုမြန်မာပြည်သူတွေရော တိုင်းရင်းသားတွေပါ
စည်းလုံးဖို့  ကြိုးစားတယ် ဆိုတာကိုတော့
လက်ခံပါတယ် ဒါပေမဲ့ ညှိတယ်ဆိုတာ အနီးစပ်ဆုံးဖြစ်မှ ညှိလို့ ရတာပါ ဆန့် ကျင်ဘက်
လုံးလုံးဖြစ်နေတာကို မရမက လိုက်ညှိနေရင်တော့ ပိုပြီး ဝေးကွာတက်ပါတယ်
တာဝန်ရှိသူတယောက်ဖြစ်နေပြီး သမိုင်းကို လေ့လာဖို့ လည်းလိုပါတယ်
ဆူးလေနားက ဗလီနဲ့  ချက်စ်ကျောင်းတွေဟာ
ဘယ်အဆောက်အဦးက အရင်လည်းဆိုတာ
လေ့လာပါဦး အိမ်ရှင်နဲ့  ဧည့်သည် နဲနဲတော့
ကွာပါရစေ
အရင်က ဘယ်လိုပဲ ဖြစ်ခဲ့ဖြစ်ခဲ့ အခုဖြစ်နေတာ
တွေကို ဦးစားပေးရမယ်လို့  လက်ခံထားရင်
အခု မဘသ နဲ့ မဆိုင် တဲ့ သာသနာနွယ်ဝင်
ရဟန်းသံဃာတော်များ လူထွက်တာတွေ
ပရိယတ္တိကျောင်းတွေ ဆင်းရဲနေတာတွေကို
ကူညီ ထောက်ပံ့ပါ
ဘာသာခြားဒုက္ခသည်တွေကိုကျတော့
အရေးတကြီးကူညီပြီး
သာသနာအတွက် အရေးမကြီးဘူးဆိုရင်တော့
မကြာခင် သာသနာကွယ်ပါလိမ့်မယ်
ဘာသာခြားတွေနဲ့ လည်း ညှိပါ
ရဟန်းသံဃာတော်တွေ နဲ့ လည်
ပြေလည်အောင်ကြိုးစားပါ
ပြည်ပက ဒုက္ခသည်တွေကိုလည်း ကူညီပါ
ရဟန်းသံဃာတော်တွေရဲ့ ဒုက္ခကိုလည်း ဖေးမပါ
ပြည်ပက အဖွဲ့ အစည်းတွေနဲ့ လည်း
နားလည်မှု့ရအောင်ယူပါ
ပြည်တွင်းက ပြည်သူတွေရဲ့ ဆန္ဒကိုလည်း
နားလည်အောင်ကြိုးစားပါ
ဘာသာခြားတွေရဲ့ ဘာသာလွပ်လပ်ခွင့်ကိုလည်း
တန်ဘိုးထားပါ
အမျိုးဘာသာ သာသနာ ကိုလည်း
စောင့်ရှောက်ပါ
တိုင်းပြည်ကတော့
တိုးတက်ပါတယ်
ဘာသာသာသနာက
ဆုတ်ယုတ်မယ်ဆိုရင်တော့
နောင်မွေးလာမဲ့ ခလေးတွေ နဲ့ 
၃၁ ဘုံသားတွေ အကုန်လုံး
အပါယ်မှာ သွားစုပါလိမ့်မယ်
သမိုင်းတရားခံ မဖြစ်အောင်
ကြိုးစားနိုင်ပါစေ
စစ်အစိုးရဖိနှိပ်တုန်းက ခံရတဲ့ပြည်သူတွေ
ဒေါသထွက်သလိုမျိုး
ဘာသာ သာသနာတော်အတွက်
ဒေါသတွေ ငယ်ထိပ်ရောက်နေသူတွေ
အများကြီး ရှိနေတာကို သတိထားပါ
အပြေအဆို ဆင်ခြင်သင့်ပါတယ်
ဦးမြင့်ခိုင်

Sunday, July 3, 2016

ဆန်းစစ်ဖို့  လိုပြီ

ဆန်းစစ်ဖို့  လိုပြီ
-------------------
ဒီကမ္ဘာကြီးပေါ်မှာ လူတန်းစားမျိုးစုံ ဘာသာမျိုးစုံ
မှီတင်းနေထိုင်တယ် ကိုယ့်နိုင်ငံ ကိုယ်ဘာသာ
ကိုယ့်အယူအဆ နဲ့ ပြုမူနေထိုင်ကြတယ်

နိုင်ငံတိုင်းဟာ ဘာသာတရားအလိုက်ကိုးကွယ်မှု့မျိုးစုံကို ကိုးကွယ်ကြတယ်
ကိုယ့်လူမျိုးနဲ့ ကိုယ့်ဘာသာအရ ကိုးကွယ်ကြပေမဲ့
တခါတရံမှာ ဘာသာရေးကို အကြောင်းပြုပြီး
စစ်ပွဲတွေ ပဋိပက္ခတွေ ဖြစ်ပေါ်နေတာဟာ
ယုံကြည်ကိုးကွယ်မှု့အပေါ် သံသယ ရှိစရာ
ကောင်းလာတယ်
အားလုံးကတော့ မိမိကိုးကွယ်
တဲ့ဘာသာ ဟာ အကောင်းဆုံးဆိုတဲ့မူဝါဒကို
လက်ဆုပ်လက်ကိုင်ပြုထားကြတဲ့အတွက် ကိုယ့်ဘာသာကို တခြားဘာသာက ဝေဖန်ဆန်းစစ်တဲ့အခါ မကျေမနပ်ဖြစ်ကြရတယ်
ဒီနေရာမှာ တစ်ခု မေးစရာရှိလာတယ်
မိမိတိုဘာသာ့ ရဲ့ အယူအဆကြောင့် တခြားလူတွေ ထိခိုက်နိုင်လား
လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ရှိတာတော့
ဟုတ်ပါတယ် ဒါဟာ လူ့ အခွင့်အရေးပါ
ဒါပေမဲ့
တိရစ္ဆာန်တွေကို သတ်ပြီး ယဇ်ပူဇော်တဲ့အခါ
ဘာတွေ ဖြစ်နိုင်သလဲ
သူတို့ အယူအဆနဲ့ ကတော့ ကုသိုလ်ရတယ်
ဆိုပြီး လုပ်တာပါပဲ သူ တို့ ဘာသာအယူအဆတော့ ရမရ မသိပါဘူး
ဒါပေမဲ့
မျက်မြင်မှာ တိရစ္ဆာန်တွေ
သေကြ ကြေကြရတယ်
ဒီလို တိရစ္ဆာန်တွေကို အစုလိုက်အပြုံလိုက်
မြောက်များစွာ သတ်ဖြတ်မှု့ဟာ သဘာဝ ဘေးအန္တရယ်ဆိုးးတွေကို ဖြစ်ပေါ်စေတယ်
အဲဒီလို သဘာဝဘေးအန္တရယ်တွကျရောက်တဲ့အခါ
လူဆိုးတွေရော လူကောင်းတွေပါ ဒုက္ခရောက်ကြရတယ်
ဒါဆိုရင် မှားယွင်းတဲ့ ကိုးကွယ်မှု့တခုဟာ
တခြားသူတွေကိုပါ ဒုက္ခရောက်စေတယ် ဆိုတာ
သေချာပါတယ်
ဒါကို ထောက်ပြတဲ့အခါကျတာ့
ဘာသာတရား ရဲ့ ကိုးကွယ်လွတ်လပ်မှု့တဲ့
ကဲ ဘယ်လို လုပ်ကြမလဲ
ဘေးဆိုးတွေ ဖြစ်လာတော့ အကုန်လုံး ခံကြရတယ်
တိရစ္ဆာန် တကောင်ကို သတ်တိုင်း သတ်တိုင်း
ကမ္ဘာမြေကြီးဟာ နည်းနည်းပိုပို ပူလာတယ် တဲ့
တကယ်တော့
ကမ္ဘာကြီးဟာ လူတွေရဲ့ ကုသိုလ် အကုသိုလ်အလိုက် ဖြစ်တည်ပေးနေရတာပါ
ဒါကို နားလည်အောင်ပြောပြဖို့ 
ပြောပြနိုင်တဲ့ ဘာသာရှိပေမဲ့
ပြောပြနိုင်တဲ့ သူတွေရှိပေမဲ့
လက်ခံနိုင်လောက်တဲ့
ဥာဏ်တွေ မရှိတော့လည်း
လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ဆိုတဲ့
ခေါင်းစဉ်အောက်မှာပဲ
ကမ္ဘာကြီးဟာ ပူသထက်ပူပြီး
လူဆိုးတွေနဲ့ အတူ
လူကောင်းတွေပါ ရောပြီး ပျက်စီးရတာကို
သံဝေဂ ဥာဏ် ရယုံမှ တပါး
ဘာမှ မတက်နိုင်တော့ပါ
ကမ္ဘာငြိမ်းချမ်းဖို့ အတွက်
ဘာသာတရားတွေကို
ဆန်းစစ်ဖို့ လိုပြီလို့ ပဲ
အကြံပြုချင်ပါတော့ တယ်
ဦးမြင့်ခိုင်

 
ရင်နာလို့  မဆုံးဘူး
-----------------
အိန္ဒိယ အခြေခံဥပဒေ ရေးဆွဲခဲ့တဲ့ ဒေါက်တာ
အမ်ဘေကာ ဟာ ဗုဒ္ဓတရားတော်တွေကို
အမြှီပြုပီး ရေးဆွဲခဲ့တာပါ လို့  ဝန်ခံခဲ့ဘူးတယ်

ဂန္ဒီကလည်း ပါလီမန် စနစ်က ဗုဒ္ဓတရားတော်တွေထဲကနေ စီးမြောလာတာပါတဲ့
ဗုဒ္ဓဟောကြားတော်မူခဲ့တဲ့ ကဏ္ဌ ဇာတ်တော်ကြီးဟာ လူဖြူ လူမည်း ခွဲခြားစရာ
မလိုပဲ အသားဖြူယုံနဲ့ လူဖြူလို့ မခေါ်ပဲ စိတ်ဖြူစင်မှ လူဖြူခေါ်ကြောင်းနဲ့  အသားမဲယုံနဲ့ 
လူမည်းလို့ မခေါ်ပဲ စိတ်ဖြူစင်မှု့မရှိမှ လူမဲ ခေါ်ကြောင်း ဟောထား တဲ့ ဇာတ်တော်ပါ
ဗုဒ္ဓတရားတော်တွေအတိုင်း ကျင့်သုံးနေထိုင်တဲ့
ဘယ်နိုင်ငံမဆို လေ့လာကြည့်ပါ အစွန်းရောက်ဆိုတာမရှိပဲ အေးချမ်းတဲ့ နိုင်ငံ
အဖြစ်သာ တည်ရှိပါတယ်
ဗုဒ္ဓတရားတော်တွေရှိပြီး မကျင့်သုံးနိုင်ကြလို့ သာ
မြန်မာနိုင်ငံကြီး ဖြစ်ချင်တိုင်း ဖြစ်နေတာပါ
တကယ်ဆို
ဥရောပ နိုင်ငံကြီးတွေကျင့်သုံးနေတဲ့ဒီမိုကရေစီ စနစ်ဆိုတာ
ဗုဒ္ဓတရားတော်တွေထဲက စနစ်ကို မမီနိုင်ပါဘူး
မြန်မာနိုင်ငံက မကျင့်သုံးနိုင်လို့ သာ
ဆင်းရဲနေတာပါ
အခြေခံဥပဒေ ပြောင်းရင် စနစ်ပြောင်းပြီ လို့ 
တကယ်လက်ခံထားတယ်ဆိုရင်
ဘာမှ လုပ်မနေပါနဲ့ 
နိုင်ငံ့ခေါင်းဆောင်တွေနဲ့ 
ဆရာတော်ကြီးများ
ရဟန်းပညာရှိ လူပညာရှိများကို
ဖိတ်ခေါ်ဆွေးနွေးပြီး
ဗုဒ္ဓတရားတော်တွေထဲကသာ
ရွေးထုတ်ပြီး
အခြေခံဥပဒေကို
ရေးဆွဲလိုက်စမ်းပါ
တကမ္ဘာလုံးက
အခြေခံဥပဒေတွေအားလုံး
မြန်မာနိုင်ငံကအခြေခံဥပဒေကို
အတုယူရေးဆွဲကြလိမ့်မယ်
အခုတော့
ဗုဒ္ဓတရားတ်ာတွေရှိနေလျှက်ကို
မြန်မာနိုင်ငံမှာ
အဖွဲ့ အစည်းအချင်းချင်း
ပဋိပက္ခတွေ ဖြစ်နေတာဟာ
ရင်နာစရာ ကောင်းတယ်
ဦးမြင့်ခိုင်

 

Saturday, July 2, 2016

သာသနာဖျက် ဆိုသည်မှာ

သာသနာဖျက် ဆိုသည်မှာ
------------------------------
သြော် - - fb မှာ ရဟန်းသံဃာတော်တွေကို
ဝေဖန်တိုက်ခိုက်နေကြတာတွေ့ တော့
လွန်စွာဝမ်းနည်းမိပါတယ်

ဝေဖန်မှု့ပေါင်း မြောက်မြားစွာထဲက တခုက
ဘုရားသာသနာတော်ကို ဘုရားသားတော်
တွေပဲဖျက်စီးလို့  ပျက်မှာ တဲ့
ဝမ်းနည်းစရာပါ
အခြေအမြစ်မရှိတဲ့စကားတခွန်းဟာ
အသိဥာဏ်နည်းပါမှု့နဲ့ ပေါင်းစပ်လိုက်တော့
အင်မတန်မှကို ကြောက်စရာကောင်းလှပါတယ်
ဗုဒ္ဓပြောခဲ့တဲ့
ငါဘုရားသားတော်ဆိုတာ
ရဟန်းတော်တွေကိုချည်း ပြောတာမဟုတ်ပါဘူး
ဗုဒ္ဓဘာသာဝင်တိုင်းကို ပြောတာပါ
ဗုဒ္ဓက ချစ်သားချစ်သမီးတို့ လို့  ဟောပါတယ်
ဒါ့ကြောင့် ဗုဒ္ဓရဲ့သားတော်သမီးတော်ဆိုရင်
ရဟန်း ရှင် လူ အကုန်ပါ ပါတယ်
သာသနာတည်မြဲဖို့ အတွက်
ဆရာ ဒကာ ညီညွတ်ရမယ်လို့  ဟောထားပါတယ်
အဲဒါနဲ့ ပြောင်ပြန်ကတော့ ဆရာ ဒကာ မညီညွတ်ရင် သာသနာအသက်တိုမယ်
ဒါကို ပြောတာပါ
သာသနာတော်အသက်ရှည်ဖို့ အတွက်က
ဗုဒ္ဓဘာသာဝင်တိုင်းမှာ တာဝန်ရှိပါတယ်
အဲဒါကို သဘောမပေါက်ပဲ
ရဟန်းသံဃာကို တိုက်ခိုက်ချင်တာနဲ့ 
ငါဘုရားသာသနာဟာ ငါဘုရားသားတော်တွေပဲ
ဖျက်လို့  ပျက်မယ်ဆိုပြီး အပုတ်ချတာကတော့
သဘာဝမကျပါဘူး
တကယ်တော့
အဲဒီလို ပြောတဲ့သူ ကိုယ်တိုင်ကိုက
သာသနာတော်ကို ဖျက်စီးနေတာပါပဲ
အဲဒါကို
ဗုဒ္ဓဘာသာဝင်တိုင်း
သဘောပေါက်သင့်တယ်
ဦးမြင့်ခိုင်

 

ဗျာဒိတ်ရပြီးသောဘုရားလောင်းတို့  မဖြစ်သော ဌာန ၁၈ ခု

ဗျာဒိတ်ရပြီးသောဘုရားလောင်းတို့ 
မဖြစ်သော ဌာန ၁၈ ခု
-----------------------------
ကန်းသောသူမဖြစ်
နားပင်းသူ
အရူး
ဆွံ့ အသူ
မသန်မစွမ်း
ကျွန်မဝမ်း၌မဖြစ်
နိယတမိစ္ဆာဒိဋ္ဌိမဖြစ်
မိန်းမမဖြစ်
ကံကြီးငါးပါးမကျုးလွန်
အနုအဝဲမဖြစ်
ငုံးငှက်အောက်ငယ်သောတိရစ္ဆာန်
အသူရကယ်ဘုံ
မစားမသောက်ရသောပြိတ္တာ
အဝီစိငရဲ
လောကန္တရိတ်ငရဲ
မာန်နတ်မဖြစ် /စိတ်မရှိသောဘုံ၌မဖြစ်
အသညသတ်ဘု၌မဖြစ်/သုဒ္ဓါသဘုံ၌မဖြစ်
ရုပ်မရှိသော အရူပဘုံ၌မဖြစ် 


လိုအပ်သူများ ဝယ်၍ထား

လိုအပ်သူများ ဝယ်၍ထား
-----------------------------
ကျွန်တော်တင်ခဲ့သော
facebook စုစည်းမှု့များ
အတွဲ ( ၁ ) ( ၂ ) ထွက်ပါပြီ

အရာဝတ္တုများ ပျောက်ဆုံးခြင်းအကြောင်းများ
သိုက်နှင့်ပါတ်သတ်သော အကြောင်းအရာများ
ဝိဇ္ဇာများ ပြိတ္တာများအကြောင်းများ
တစ္ဆေသရဲများ အောက်လမ်း အထက်လမ်းအကြောင်းများ
စသော ထူးဆန်းသောအကြောင်းအရာအမျိုးမျိုးအပြင်
တစ်အုပ်လျှင်
ပို့ စ်ပေါင်း နှစ်ရာကျော် ဖြင့် ရသမျိုးစုံပေးစွမ်း
နိုင်သော စာအုပ်ဖြစ်ပါသည်
အောက်ပါဆိုင်များတွင်
ဝယ်ယူရ ရှိနိုင်ပါပြီ
ရန်ကုန်မြို့  ပန်းဆိုးတန်းလမ်းပေါ်ရှိ
စာပေလောက စာအုပ်ဆိုင်
အင်းဝ စာအုပ်ဆိုင်များ
ရာပြည့်စာအုပ်ဆိုင်
တူဒေး စာအုပ်ဆိုင်များ
ပညာရွှေတောင်
စာပေနန်းတော်
မြန်မာ ပလာဇာ
စာအုပ်ဆိုင်များတွင်၎င်း
ရွှေတိဂုံဘုရားတောင်ဘက်မုဂ်ရှိ
စာအုပ်ဆိုင်များတွင်၎င်း
အရှေ့ဘက်မုဂ်ရှိ
မြကြာငုံ စာအုပ်ဆိုင်တွင်၎င်း
လှည်းတန်း ဦးထွန်းလင်းခြံလမ်းရှိ
အင်းဝ
ရာပြည့်
စာပေလောက စာအုပ်ဆိုင်များတွင်၎င်း
မြေနီကုန်းရှိ စပရစ် တွင်၎င်း
မန္တလေးမြို့ရှိ
နဂါးစာပေ
ထွန်းဦးစာပေ တို့ ၌၎င်း
ဝယ်ယူရ ရှိနိုင်ပါပြီ
အခြားနယ်မြို့များသို့ 
တင်ဖြစ်ပါက
ဆက်လက်ကြေငြာပေးပါမည်
နယ်မြို့များ၌ တာဝန်ခံ၍ကူညီရောင်းချပေးလိုသူများ
ရှိပါက ဆက်သွယ်နိုင်ပါသည်
အုပ်ရေ ၂၀ နှင့်အထက် မှာယူပါက
အိမ်အရောက်ပို့ ဆောင်ပေးပါမည်
နယ်မှဝယ်ယူပါကလည်း ကားဂိတ်မှတဆင့်
ပို့ ဆောင်ပေးပါမည်
တစ်အုပ် ၂၀၀၀ ကျပ်
အုပ်ရေနည်းပါသဖြင့် လိုအပ်သူများ
အမြန်ဝယ်ထားကြပါရန် နိုးဆော်ပါသည်
ုဖြန့် ချီရေး
အနတ္တစာပေ
၀၉ ၇၉၉၈၄၃၆၈၉
၀၉ ၇၈၄၇၀၀၉၁၆
ပြည်ပမှ တစုတဝေးတည်း
ဖတ်ချင်သူများအတွက်
www.umyintkhing.blogspot.com
တွင် ဝင်ရောက်ဖတ်ရှု့နိုင်ပါကြောင်း
သတင်းကောင်းပါးပါ၏
share ပေးခြင်းဖြင့် ကူညီကြပါရန်
ဦးမြင့်ခိုင်

ဘာ့ကြောင့်ညှိမရတာလည်း

ဘာ့ကြောင့်ညှိမရတာလည်း
---------------------------
ဗုဒ္ဓဘာသာရဲ့တန်ဘိုးကို ဥရောပကလူတွေသိရင်
ကမ္ဘာကြီးဟာ ပဋိပက္ခတွေ အလိုလို လျှော့ကျ
သွားလိ့်မ့်မယ်

ဘာသာခြားအများစုက
ကံ ကံရဲ့အကျိုး
ရှေးဘဝ နောက်ဘဝ
၃၁ ဘုံ
အဲဒါတွေကို မယုံကြည်ကြတော့
ဗုဒ္ဓတရားတော်တွေရဲ့ တန်ဘိုးရှိပုံကို
ဘယ်သိနိုင်မလဲ
အခု ဗုဒ္ဓဘာသာနဲ့ အခြားဘာသာဝင်တွေ
နားလည်မှု့လွဲနေကြတယ်
ဗုဒ္ဓဘာသာတွေဟာ မေတ္တာမရှိလို့ မဟုတ်ပါဘူး
ဘာသာတရားရဲ့ တန်ဘိုးကြီးပုံကို သိလို့ ပါ
သူတို့ ကို လက်မခံတာက
သာသနာဖျက်မဲ့သူကို လက်ခံရင်
သာသနာတော်ပျက်စီးပြီး ကမ္ဘာကြီးဒုက္ခပိုရောက်
မယ်ဆိုတာသိတယ် ကိုယ်တွေလည်း ကောင်းမှု့
အကျိုးတွေဆုတ်ယုတ်မယ် နိဗ္ဗါန်ရည်စူးပြီး
သံသရာက အနားသတ်ခွင့်ရမဲ့ ကောင်းမှု့မှန်သမျှ
လက်လွတ်ဆုံးဆုံးရှုံးရမယ်
ဒါက ဗုဒ္ဓဘာသာတွေရဲ့ ဗုဒ္ဓတရားတော်နဲ့ ယှဉ်ပြီး
ဆက်စပ် စဉ်းစား နိုင်လို့ သိတဲ့အသိ
ဘာသာခြားတွေက ကိုယ်ကိုယ်တိုင် လုပ်မှ
ရတယ် ဆိုတာကိုမြင်နေတွေ့ နေပါလျှက်နဲ့ 
အရာရာ ကယ်တင်ရှင်က ဖန်တီးတာ ဆိုပြီး
လက်ခံထားမှတော့ ဘယ်လိုလုပ်ပြီး ဗုဒ္ဓဘာသာ
အယူအဆနဲ့  နှီးနှောလို့ ရပါ့မလဲ
သာသနာကွယ်ရင် ဘယ်လို ဆုတ်ယုတ်မယ်
ဆိုတာ သူတို့ မသိဘူး
စစ်မှန်တဲ့ဘာသာရေးဟာ ဘယ်လောက်ထိ
အကျိုးရှိစေတယ်ဆိုတာ သူတို မသိဘူး
ကိုးကွယ်လက်ခံတဲ့ ဘာသာအယူအဆ ကွာနေတဲ့
အတွက် ဘယ်လိုမှ မပြေလည်နိုင်ဘူး
ဘယ်တော့မှလည်း ညှိရမှာမဟုတ်ဘူး
ဒါတွေက
ဗုဒ္ဓတရားတော်တွေရဲ့တန်ဘိုးကို
နားလည်လာတဲ့တနေ့ ကျမှ
အလိုလို ပြေလည်သွားမဲ့ကိစ္စတွေ
ဒါ့ကြောင့်
ဗုဒ္ဓတရားတော်တွေကို
ဘာသာခြားတွေ ထိတွေ့ ဖို့ လိုအပ်တယ်
သိသွားတဲ့တနေ့ ကျရင်တော့
သူတို့ တွေ နားလည်လာကြပါလိမ့်မယ်
ဗုဒ္ဓဘာသာဝင်တွေက ဗုဒ္ဓတရားတော်တွေကို
ကမ္ဘာကသိအောင် ကြိုးစားဖြန့် ဖြူးပေးရမယ်
သူတို့ လေ့လာပါစေ
လက်ခံတာ မခံတာက သူတို့ အပိုင်း
ဖြန့် ဖြူးဖို့ က
ကို ယ့်တာဝန်
ဗုဒ္ဓက
ချစ်သားတို့  ဟောကြ ပြောကြ တဲ့
တရားကိုလိုချင်သော်လည်း ဟောမဲ့ ပြောမဲ့သူ
မရှိလို့  တရားနဲ့  ဝေးကွာနေကြသူတွေ
လောကမှာအများကြီး ရှိတယ် ဒါ့ကြောင့်
ချစ်သားတို့ ဟာ ဟောကြရမယ် တဲ့
ကဲ
ဗုဒ္ဓဘာသာဝင်များ
လိုက်နိုင်တဲ့သူတွ လိုက်လို့ ရအောင်
ပူးပေါင်းပြီး ကြိုးစားလိုက်ကြရအောင်နော်
ဦးမြင့်ခိုင်

 

သေရင်း ပြီးသွားရောလား

သေရင်း ပြီးသွားရောလား
------------------------------
တချို့ ကသေလည်းအေးတာပဲဆိုပြီး သေတာကို
လယ်လွယ်လေးပြောတတ်ကြတယ်
ီဒီတစ်ဘဝတည်း ရှိတာဆိုရင်လည်းမှန်တာပေါ့
ုဘုရားရှင်လက်ထက်က ခိုးမှု့နဲ့ သေဒဏ်ချထားတဲ့
လူငယ်တစ်ယောက်ကို လမ်းလေးခွဆုံမှာ လူအများ
မြင်သာအောင် ခြေတွေ လက်တွေကို သံတွေနဲ့ 
ရိုက်ပြီး ကားစင်တင်ထားတယ် သွေးသံတရဲရဲနဲ့ ပေါ့
မနက်မိုးလင်းရင်လည်း အသတ်ခံရတော့မှာ
ကဲ ခြေတွေလက်တွေကို သံတွေနဲ့ ရိုက်ပြီး
ကားစင်တင်ထားတဲ့ဒုက္ခကိုမျက်စိထဲ မြင်အောင်
ကြည့်ကြပေါ့ ဘယ်လောက်ဆိုးလိုက်မလဲလို့ 
အဲဒါကိုတွေ့ မြင်ရတဲ့သူတွေကလည်း
ဒီလူငယ်လေးမြန်မြန်သေရင်ဝဋ်ကျွတ်မယ်
ထင်ကြတာပေါ့
ညဘက်ကျတော့ သူ့ အရင်အသတ်ခံရတဲ့
ဦးလေးဖြစ်သူကရောက်လာပြီး ပြောတယ်
တူလေး မင်း အသက်ရှင်နိုင်အောင် ကြိုးစား
ပါတဲ့ မင်းအခုခံနေရတဲ့ ဒုက္ခဟာ ဘာမှမဟုတ်သေးပါဘူး မင်းသေပြီးသွားရမဲ့
အပါယ်ဒုက္ခက ဒီ့ထက်အဆပေါင်းများစွာ
ဆိုးလှပါတယ် ဒါ့ကြောင်းမင်းအသက်ဆက်ရှင်နိုင်
သလောက်ကို ကြိုးစားပါတဲ့ လာအားပေးပါတယ်
ဗုဒ္ဓကလည်းအပါယ်လေးဘုံရဲ့ ဒုက္ခဟာ
ဟောလို့ မကုန်နိုင်အောင်ကို ကြီးကျယ်လှတယ်တဲ့
လူတစ်ယောက်သေရင်ကောင်းတဲ့ဆီရောက်ဖို့ နဲ့ 
သုဂတိဘုံရောက်ဖို့ ကို လက်သည်းခွံမြေမှုန့် 
ဥပမာနဲ့ ဟောထားဘူးပါတယ်
သေပြီးသုဂတိဘုံရောက်ဖို့ ကမလွယ်ကူလှပါဘူး
ကဲ ဒါဆိုရင်
စိတ်ညစ်လို့ သေခြင်းတရားကို
လွယ်လွယ်ထင်နေသူတွေ
သေချင်သေးလားဆိုတာ စဉ်းစားပေါ့
ဦးမြင့်ခိုင်

သြော် ----- ဟုတ်လား

သြော် ----- ဟုတ်လား
-------------------------
ဂျပန်ဘုန်းတော်ကြီး ဟကုအင့် ဆိုတာရှိတယ်
တနယ်လုံးကလည်း သူ့ ကို ကြည်ညိုလေးစားကြတယ်
တနေ့ မှာ ကျောင်းနားက ကလေးမလေးတရောက်
ကိုယ်ဝန်ရှိတော့ ရွာသားတွေက မေးတဲ့ အခါ
ဘုန်းကြီးနဲ့ ရတဲ့ကိုယ်ဝန်ပါလို့ ပြောတော့ တရွာလုံးက
သူ့ ကို မကြည်ညိုတော့ဘူး ခလေးမွေးပြီး
ကျောင်းသွားပို့ တယ် ဒါ အရှင်ဘုရားရဲ့ ခလေးပဲ
ကိုယ့်ဖာကိုယ်မွေးတော့ဆိုပြီး ခလေးကိုပေးတော့
ဘုန်းကြီးက သြော် ဟုတ်လား ဆိုပြီး ခလေးကို
ယူထားလိုက်တယ်

သုံးနှစ်လောက်ကြာတော့မှ မအေလုပ်သူက
ရွာသားတွေကိုပြောတယ် သူမှားပါတယ်
ခလေးအဖေက ဘုန်းကြီးမဟုတ်ပါဘူး ထွက်ပြေးသွားလို့ ပါ
သူလည်း ကြောက်လန့် ပြီး ပြောမိပြောရာ
ပြောတာပါဆိုတော့ ရွာသားတွေဟာ ဘုန်းကြီးဆီသွားပြီး
ရှိခိုးတောင်းပန်ကြတယ် ပြီးတော့ ခလေးကို
ပြန်တောင်းကြတယ် ခလေးတောင်းတော့လည်း
ဘုန်းကြီးက သြော် ဟုတ်လားဆိုပြီး ခလေးကို
ပြန်ပေးလိုက်တယ် ကျန်တာဘာမှမပြောဘူး
ကျွန်တော်တို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာလည်း
စိဉ္ဇမာန ရဲ့စွပ်စွဲမှု့ ကို ခံရပြီး တိုင်းပြည်ရဲ့ငြိုငြင်မှု့ ကို
အဲီလိုပဲ ခံခဲ့ရဘူးပါတယ်အတိတ်က အကြောင်းပါခဲ့လို့ ပါ်
ကျွန်တော်တို့ လောကသားတွေဟာ ရှည်လျားလှတဲ့
သံသရာမှ မလုပ်ဘူးတဲ့ အကုသိုလ် မရှိခဲ့ဘူးလို့ 
ဟောကြားထားခဲ့ပါတယ် တွေ့ ကြုံနေရတဲ့
လောကဓံ မှန်သမျှဟာ အကြောင်းတရားမကင်းနိုင်ပါဘူး
အဲဒီလို နှလုံးမသွင်းနိုင်ပဲ ငါက မဟုတ်တာမလုပ်ဘူး
မခံနိုင်ဘူးဆိုပြီး လောကဓံကို လောဘေ ဒါသ
မောဟ နဲ့ ထပ်ပေါင်းနေရင် ကိုယ်ပဲရှုံးပါလိမ့်မယ်
အဲဒီလိုအကြောင်းတရားတွေဟာ တကမ္ဘာလုံးက လူတိုင်းမှာဖြစ်ပေါ်နေပေမဲ့
ဒေါသ မပါအောင် နှလုံးသွင်းနိုင်တဲ့ နည်းစနစ်ကတော့
ကျွန်တော်တို့ ဗုဒ္ဓဘာသာတွေမှာပဲရှိပါတယ်
အခြားဘာသာတွေမှာ မရှိနိုင်ပါဘူး
အဲဒီလိုမှ နှလုံးမသွင်းနိုင်ရင်တော့
မိတ်ဆွေတို့ လည်း
ဘာသာခြားတွေလိုပဲဖြစ်ပါလိမ့်မယ်
အသုံးချနိုင်ကြပါစေ
ဦးမြင့်ခိုင်

 

တရားဆိုတာ မြင့်တက်စေတဲ့အရာပါ

တရားဆိုတာ မြင့်တက်စေတဲ့အရာပါ
------------------------------
ဆရာတော် အရှင်ဆန္ဒာဓိကဟာ မြန်မာတနိုင်ငံလုံး
ကို ဒုတိယ ရတယ် ၁၀ တန်းဘဝတုံးကပေါ့
ဘွဲ့ ရတယ် ရဟန်းဝတ်တယ်

ရဟန်းလည်းဝတ်လိုက်ရော တချို့ က ပညာတွေ
နှမျောဖို့ ကောင်းလိုက်တာတဲ့ တကယ်လို့ များ
ရဟန်းမဝတ်ခဲ့ရင် သူ့ ရဲ့ ဘဝဟာ ဘာဖြစ်မယ်ထင်သလဲ
သူ့ ကို ဘယ်သူတွေသိမလဲ သူ့ ရဲ့ဘဝအာမခံ
ချက် ကလည်း ဘယ်လောက်ထိ ရှိမလဲ
ခုကြည့်စမ်း ဆရာတော်အရှင်ဆန္ဒာဓိက တဲ့
ရဟန်းဝတ်နဲ့ တောထဲမှာနေတော့ တလောကလုံး
လူနတ်ဗြဟ္မာ အကုန်ဦးခိုက်ရတယ် ပြည်တွင်းတင်
မကဘူး ပြည်ပမှာပါ နာမည်ကြီးတယ်
သံသရာအတွက် ဘဝအာမခံချက်ပါ ယူပြီးပြီ
ရဟန်းမဝတ်ရင်
သူ့ ဘဝဟာ ဒီလို ကြီးကျယ်ခမ်းနားပါ့မလား
ဒီလောက်ထိပြည့်စုံပါ့မလား
ပြောချင်တာက
တရားတော်ဆိုတာ
ကျင့်သုံးသူရဲ့တန်ဘိုးကို

ို မြင့်တက်စေတဲ့အရာ
ဆိုတာကိုပြောချင်တာပါ
သူတောင်းစားပဲဖြစ်ဖြစ် သူဋ္ဌေးပဲဖြစ်ဖြစ်
ကမ္ဘာကျော်ပဲဖြစ်ဖြစ် ဘယ်လိုလူမျိုးမဆို
တရားကိုကျင့်သုံးလိုက်ပြီဆိုတာနဲ့  အဲဒီလူရဲ့ဘဝဟာ လက်ရှိဘဝထက် ပိုပြီး
ကြီးကျယ်မြင့်မြတ်သွားပါတော့တယ်

 

ဘယ်သူယှဉ်လို့  သာပါနိုင်

ဘယ်သူယှဉ်လို့  သာပါနိုင်
--------------------------
အင်္ဂလန်နိုင်ငံက လန်ဒန်ပါဠိဒေဝီဆိုတဲ့ အမျိုးသမီးဟာ ပိဋကတ်သုံးပုံထဲက
ဓမ္မသင်္ဂဏီကျမ်းကို အင်္ဂလိပ်လို ဘာသာပြန်ဆိုပြီး
ကမ္ဘာကို ဖြန့် ချီတော့ ဥရောပ ပညာရှင်တွေက
အင်မတန် ဥာဏ်ကြီးသူ ထူးခြားနက်နဲသော
အကြောင်းအရာများကို ဘာသာပြန်ဆိုနိုင်သူ
အဖြစ် ထုတ်ဖေါ်ချီးကျုးကြတယ်
အဲဒီလန်ဒန်ပါဠိဒေဝီဟာ သူမသိတဲ့ အဘိဓမ္မာ
သဘောတရားတွေကို လယ်တီဆရာတော်
ဘုရားကြီးဆီက အကူအညီတောင်းခံပြီး ဖြေရှင်း
ခဲ့ရတယ်

ဥရောပ ပညာရှင်များကတောင်
ပညာသင်ယူကြရတဲ့ မြန်မာရဟန်းတော်များရဲ့
အရှိန်အဝါဟာ ဘယ်လောက်ထိ ကြီးကျယ်ခမ်းနား လိုက်ပါသလဲ
Apple ဥက္ကဋ္ဌ ဆိုသူကလည်း ဗုဒ္ဓဘာသာကို
သူပြောင်းလာတာဟာ ကံကောင်းပါတယ်တဲ့
ပြီးတော့ သူ နည်းပညာတွေကို အောင်မြင်စွာ
ဖေါ်ထုတ်နိုင်တာဟာ တရားထိုင်လို့ ရ ရှိလာတဲ့
သမထစွမ်းအင်ရဲ့ အကူအညီတွေ ကြောင့်ပါတဲ့
တကယ်တော့ လေးအသင်္ချေ ကမ္ဘာတသိန်း
ပါရမီဖြည့်ကျင့်ပြီးမှ ရ ရှိလာတဲ့ သဗ္ဗေညုတ အစွမ်းနဲ့  ဟောကြားထားတဲ့ ဗုဒ္ဓရဲ့တရားတော်တွေ
ဟာ အတိတ် ပစ္စုပ္ပန် အနာဂါတ် အကြောင်း
တရားတွကို ဆက်စပ်ပြီး အမှားအယွင်းမရှိ
ပြီးပြည့်စုံအောင် ဟောကြားထားတာပါ
အဲဒီ တရားတော်တွေကို လေ့လာ သင်ယူ
ကျင့်သုံးနေတဲ့ မြန်မာနိုင်ငံ မှာ အများကြီးပါ
ပြောချင်တာက
မြန်မာနိုင်ငံမှာ ဗုဒ္ဓတရားတော်တွေကို သင်ယူ
ထားကြတဲ့ တိပိဋကဓရ အဘိဝံသ လင်္ကာရ
စတဲ့ စတက်ပေတတ်ရဟန်းသံဃာတော်များ နဲ့ 
ငယ်လတ်ကြီး သင်ယူနေကြတဲ့ ရဟန်းသံဃာ
၅ သိန်းကျော်အပြင်
ပဋိပတ္တိဘက်ကဆိုရင်လည်း လယ်တီ မဟာစည် မိုးကုတ် ဖားအောက် စွန်းလွန်း စတဲ့ တရားရိပ်သာတွေမှာ ကိုယ်တွေ့ ဥာဏ်မြင် တရား
သိထားကြသူတွေရဲ့ ဦးနှောက်တွေ ဟာ
ဒီကမ္ဘာမှာ ဘယ်သူ ဘယ်ပုဂ္ဂိုလ် နဲ့ ပဲ ယှဉ်ယှဉ်
အမြဲတမ်း ယှဉ်နိုင်ပါတယ်
တရားတော်ရဲ့အရှိန်အဝါဟာ အင်မတန်ကြီးကျယ်
ခမ်းနားပါတယ်
မြန်မာနိုင်ငံဟာ
အကြောင်းအမျိုးမျိုးကြောင့် လူမှု့ရေး
ပညာရေး စီးပွားရေး စတဲ့ အကြောင်းအရာတွေဟာ အမြဲတမ်း နိမ့်ပါးပြီး
နိုင်ငံတကာနဲ့ ယှဉ်တိုင်း မျက်နှာငယ်ခဲ့ရပါတယ်
နိုင်ငံတွင်း စည်းလုံးညီညွတ်မှု့ မရှိခဲ့တဲ့အတွက်
ဗုဒ္ဓတရားတော်တွေကို ကမ္ဘာကို ထိရောက်အောင်
မဖြန့် ဝေနိုင်ခဲ့ပါဘူး
အခု
အမှောင်ခေတ်ကို ကျော်လွန်လာခဲ့ပြီ
ခေတ်ဆိုး စနစ်ဆိုးကနေ ရုန်းထွက်နိုင်ခဲ့ပြီ
မူကောင်းလာတော့မှာ ဖြစ်တဲ့အတွက်
လူတွေ ကောင်းဖို့ ပဲ ကျန်ပါတော့တယ်
တကယ်လို့ များ
မြန်မာနိုင်ငံသားတွေသာ
စည်းစည်းလုံးလုံး နဲ့  ညီညွတ်ကြရင်ဖြင့်
ဗုဒ္ဓတရားတော်တွေကို သင်ယူထားကြတဲ့
ဗုဒ္ဓဘာသာတွေရဲ့ ဦးနှောက်တွေ စွမ်းပကားတွေဟာ မြန်မာနိ င်ငံောက်မပြောနဲ့ 
ဒီကမ္ဘာကြီး အပြင် စင်္ကြာဝဠာ တိုက်တသောင်းအထိ ဗုဒ္ဓဘာ မြန်မာဟေ့လို့ 
ကြွေးကြော်နိုင်ပါလိမ့်မယ်
ဒီကမ္ဘာရဲ့ မီးအိမ်ရှင်တွေဖြစ်တဲ့
အိုင်းစတိုင်း
နယူတန်
ဆိုကရေးင်္တီး
ပလေတို
ဘီလ်ဂိတ်
ဟော့ကင်း စတဲ့
အတွေးအခေါ်ပညာရှင်တွေ သိပ္ပံပညာရှင်တွေထက်သာတဲ့
ဦးနှောက်ပိုင်ရှင်တွေ အများကြီးရှိတယ် ဆိုတာ
ကမ္ဘာက သိသွားစေရမယ်
ဗုဒ္ဓတရားတော်တွေဟာ စင်္ကြာဝဠာ တိုက်တသောင်းထိ သြဇာအာဏာ သက်ရောက်
တယ်တဲ့ ဒါ့ကြောင့် မြန်ာတွင်မကပဲ ကမ္ဘတခုလုံး
စင်္ကြာဝဠာတိုက်တသောင်းလုံး ထွန်းလင်းအောင်
ပြိုင်တူ ကြိုးစားကြပါစို့ 
ရဟန်းသံဃာ ဆရာဒကာ နဲ့ 
အုပ်ချုပ်သူများအားလုံး ပူးပေါငိးပြီး
တက်ညီလက်ညီ
ကြိုးစားကြမယ် ဆိုရင်ဖြင့်
မြန်မာဆိုတာ
ကမ္ဘာတင်မကပဲ
စင်္ကြာဝဠာ တိုက်တသောင်းကပါ
သိသွားစေရပါမယ်
စည်းလုံးညီညွတ်ကြပါစို့ 
ဦးမြင့်ခိုင်
 
စိတ်မကောင်းဘူး
--------------------
နိုင်ငံတိုင်း နိုင်ငံတိုင်း ဟာ မိမိတို့ ရဲ့ ဘာသာရေး
နဲ့ ပတ်သတ်တဲ့ အသိုင်းအဝိုင်း အသွင်သဏ္ဌာန်
နဲ့  ဘာသာရေးခေါင်းဆောင်တွေကို ပြည်သူတွေက အမြဲတမ်းကြည်ညိုလေးစားကြတယ်

ဟိန္ဒုကလည်း သူတို့ ဘာသာရေးခေါင်းးဆောင်ကို အမြဲတမိး
ရိုသေလေးစားတယ်
ခရစ်ယာမ်တွေကလည်း သူတို့ ရဲ့ ဘာသာရေး
ဆရာတွေကို ရိုသေလေးစားတယ်
အစ္စာလာမ်တွေဆိုရင် ပြည်သူတွေရော
နိုင်ငံ့ခေါင်းဆောင်တွေကပါ ဘာသာရေးခေါင်းဆောင်ကို ကြောက်ရွံ့ကြတယ်
ရိုသေလေးစားကြတယ်
ဒါဟာ အရမ်းဖြစ်သင့်တဲ့ အခြေအနေပါ
မိမိတို့ ရဲ့ ဘာသာရေးခေါင်းဆောင်ကိုမှ
မိမိတို့ က မလေးစားရင် ဘယ်နိုင်ငံ ဘယ်လူမျိုးက ကိုယ့်ရဲ့ဘာသာရေးခေါင်းဆောင်ကို လေးစား
ပါ့မလဲ
ဗုဒ္ဓဘာသာနိုင်ငံတွေမှာလည်း ဘာသာရေး
ဆရာတွေအဖြစ် ရိုသေလေးစားသင့်တဲ့
ပုဂ္ဂိုလ်တွေဟာ ရဟန်း သာမဏေ တွေပဲ
ဖြစ်ပါတယ်
ဗုဒ္ဓဘာသာဝင်နိုင်ငံအချင်းချင်း မှာတောင်
မြန်မာနိုင်ငံကလွဲရင် အခြားနိုင်ငံတွေဟာ
ရဟန်းသာမဏေတွေ ကို လွန်စွာမှ လေးစား
ကြတယ် ရိုသေကြတယ် ကိုင်းရှိုင်းကြတယ်
မြန်မာနိုင်ငံဟာ ထေရဝါဒ အထွန်းကားဆုံး
နိုင်ငံဖြစ်တယ် ရဟန်းသံဃာ အများဆုံး နိုင်ငံ
ဖြစ်တယ်
ဒါပေမဲ့
အဲဒီ သာမဏေတွေ ရဟန်းသံဃာတော်တွေကို
ပြစ်ပြစ်နှစ်နှစ် ဝေဖန် ပုတ်ခတ် ဆဲဆိုနေကြတွေ့ 
ရတော့ လွန်စွာမှ ဝမ်းနည်းမိတယ်
ပုဂ္ဂလိက မုန်းတီးမှု့ရှိတာနဲ့ ပဲ
ဘုရားသားတော်တွေကို ဆဲဆိုနေကြတော့
မေးချင်ပါတယ်
ဘယ်နိုင်ငံမှာ သူတို့ ရဲ့ဘာသာရေးခေါင်းဆောင်တွေကို
အဲလိုဆဲတာတွေ့ ဘူးပါသလဲ
ပြီးတော့
ကိုယ့်နိုင်ငံရဲ့ ဘာသာရေးခေါင်းဆောင်တွေကိုမှ
ကိုယ်က မကြည်ညိုတက်ရင်
ဘယ်ဘာသာ ဘယ်လူမျိုးက ကြည်ညိုမှာလဲ လို့ 
မေးပါရစေ
နိုင်ငံကိုတင် သိက္ခာကျစေတာ မဟုတ်ပါဘူး
ဘုရားရှင်ကိုပါ သိက္ခာချသလိုဖြစ်နေပါတယ်
ဘာပဲလုပ်လုပ် ဘာပဲပြောပြော
စဉ်းစဉ်းစားစား ပြောပါလို့ 
တိုက်တွန်းပါရစေ
ဦးမြင့်ခိုင်