Thursday, July 7, 2016

မိုးရွာရင် အပြင်မထွက်ရဲတော့ဘူး

မိုးရွာရင် အပြင်မထွက်ရဲတော့ဘူး
-------------------------------------
ဇာတ်တော်တွေထဲမှာ ဖတ်ဘူးတာတခုရှိတယ်
သူတော်ကောင်းရသေ့တပါးကို
တနိုင်ငံလုံးဝိုင်းပြီး စော်ကားကြလို့  ဒါးမိုး လှံမိုး
တွေရွာပြီး တိုင်းပြည်ကြီး ပျက်စီးခဲ့ဘူးတယ် တဲ့
သီလ သမာဓိ ပညာ ရှိတဲ့ သူတော်ကောင်းတွေ
ကို ပြစ်မှားစော်ကားမယ်ဆိုရင် လောကပါလနတ်တွေ ဝလာဟက နတ်တွေဟာ
မေ့လျော့ပြီး လောကကိုမစောင့်ရှောက်ကြတော့ပဲ
သူတို့ လုပ်နေကျအလုပ်ကို မလုပ်တော့ဘူးတဲ့
အဲဒီအခါမှာ မိုးတွေ လေတွေဟာ နတ်တို့ ရဲ့
စောင့်ရှောက်မှု့ မရ ရှိတော့တဲ့အတွက် လောက
ကို ဖျတ်စီးပြီး ဥတုဖေါက်ပြန်တတ်တယ် တဲ့
( သတိထားကြည့်ပါတနှစ်နဲ့ တနှစ် အပူချိန်ဟာ
အဆမတန်တိုးလာပါတယ် လူတွေစီးပွားရေး
ပိုမိုကျပ်တည်း လာကြပါတယ် )
မိုးမရွာခြင်းအကြောင်း
တွေထဲမှာ ဝလာဟာက နတ်တို့ သည် သွားမြဲ
လမ်းမှမသွားပဲ အခြားလမ်းမှ သွားကြသဖြင့်
မိုးမှန်မှန်မရွာနိုင်ခြင်း လေပြင်းတိမ်တိုက်တို့ 
ပြင်းစွာခတ်သဖြင့် မိုးမရွာနိုင်ခြင်း ရာဟု
အသူရိန်သည် ရွာလတ္တံသော မိုးရေတို့ ကို
လက်ခုပ်ဖြင့်သွန်ကာ ပင်လယ်သမုဒ္ဒရာသို့ 
သွန်သဖြင့် မိုးမရွာနိုင်ခြင်း စသည်တို့ 
ုဖြစ်ကြကုန်၏ တဲ့
ဒါတွေဟာ လူတွေ သီလ
ပျက်ပြီး ရတနာသုံးပါးကို စော်ကားတဲ့ အချိန်မျိုးတွေမှာ ဖြစ်တတ်ပါတယ်
လောကကြီးဟာ ကိုယ်ကျင့်တရားတွေ သီလ သမာဓိ ပညာ ကြီးသူတွေ ကြောင့် မပျက်စီးပဲ
ုဖြစ်တည်နေရတယ်ဆိုတာ လူတိုင်းသိရင်
ကောင်းမှာပဲလို့  တမ်းတမိပါတယ်
အခု မြန်မာနိုင်ငံမှာ အကြောင်းအမျိမျိုးကြောင့်
ရတနာ သုံးပါးကို စော်ကားတဲ့သူတွေ အရမ်းများ
ပြားနေပါပြီ
fb ကို လေ့လာကြည့်လိုက် တဦးနဲ့ တဦး
ယုံကြည်ရာလက်ခံတယ်ဆိုကြပေမဲ့
ဆဲဆိုနေကြတာတွေဟာ
ခါးအောက်ပိုင်းကကို မတတ်တော့ဘူး
သံဃာနဲ့ ရဟန်းနဲ့ မကွဲပဲ ဆဲဆိုနေကြတာတွေဟာ
ကြောက်ခမန်းလိလိပါပဲ
အရင်တုန်းက ကပ်ဆိုက်တာတို့  ဒါမိုး လှံမိုးတို့ 
ဆိုတာ ဇာတ်တော်ထဲမှာပဲ ဖတ်ဘူးတယ်
အခု တကယ်ဖြစ်တော့မယ်ထင်ပါရဲံ
မိုးရွာ ရင် အပြင်မထွက်ရဲတော့ဘူး
ဦးမြင့်ခိုင်

 

No comments:

Post a Comment