မဇ္ဈိမ အဓိဋ္ဌာန်
----------------
ဒုဌဂါမဏိမင်းကြီးက စစ်တိုက်ထွက်တဲ့အခါ
ရှေ့တန်းကို သံဃာတော်အပါး နှစ်ရာ ပင့်ဆောင်သွားတယ် တဲ့
အနော်ရထာမင်းကြီးက စစ်တိုက်တဲ့အခါ
ငါသည် သာသနာတော်ကို ပိုမိုစောင့်ရှောက်
နိုင်ပါက ငါနိုင်ပါစေ
သူသည် သာသနာတော်ကို ပိုမိုစောင့်ရှောက်
နိုင်ပါက သူနိုင်ပါစေ ဆိုပြီး တိုက်သတဲ့
အလောင်းမင်းတရားကြီးကလည်း
ငါသည်နိုင်ငံတော်နှင့်တကွ သာသနာတိုးတက်ကောင်းစားအောင် ပြုနိုင်သူဖြစ်အံ့။ တလိုင်းမင်းတို့ကို ငါက အောင်ရပါလို၏။
တလိုင်းမင်းတို့က ငါ့ထက်ပိုမိုပြီး နိုင်ငံတော်နှင့်တကွ သာသနာတိုးတက်ကောင်းစားအောင် ပြုနိုင်သည်ဖြစ်အံ့။ တလိုင်းမင်းတို့က နိုင်၍ ငါ ရှုံးပါစေသတည်း•••••
ဒီလို သစ္စာအဓိဋ္ဌာန်ပြုပြီး ရွှေကရားနဲ့ ရေစက်သွန်းသတဲ့။
မင်းတုန်းမင်းကြီးက သံဃာတော်တွေကို
အမြဲတမ်းဖူးမြှော်ချင်လို့  နန်းတော်ပတ်ပတ်
လည်မှာ ကျောင်းတိုက်ကြီးတွေ ဆောက်လုပ်
လှူဒါန်းသတဲ့။ သာသနာတော်ကို အဲလောက်ထိ ချစ်မြတ်နိုးပါတယ်။
အခု
မြန်မာနိ င်ငံသားအားလုံးဟာ အခြေအနေအရ
အကွဲကွဲအပြားပြားဖြစ်နေပေမဲ့
ဘာသာ သာသနာမပျောက်ဖို့ ကတော့
အားလုံး အလိုရှိကြပါတယ်
ကဲ အဲဒီတော့
NLD ပြောသလို
မဘသ သည် သာသနာတော်အတွက်
ဆူးငြှောင့်ခလုပ်ဖြစ်ပါက မဘသ ကျရှုံးပါစေ
NLD သည် သာသနာတော်အတွက်
ဆူးငြှောင့်ခလုတ် ဖြစ်ပါက
NLD ကျရှုံးပါစေ
ရှေ့ကို ဘယ်အဖွဲ့ အစည်းက ဘာသာသာသနာအတွက် တန်ဘိုးရှိတယ်
တန်ဘိုးမရှိဘူး ဆိုတာ
ဘယ်သူမှ ကြိုမမြင်နိုင်ဘူး
အဲဒီအဆိုပြုချက်ကိုမှ လက်မခံနိုင်ဘူးဆိုရင်
အဲဒီလူဟာ မြန်မာနိုင်ငံအတွက် ဆူးငြောင့်
ခလုပ်ပဲ
ဦးမြင့်ခိုင်

No comments:
Post a Comment