------------------------------
သြော် - - fb မှာ ရဟန်းသံဃာတော်တွေကို
ဝေဖန်တိုက်ခိုက်နေကြတာတွေ့ တော့
လွန်စွာဝမ်းနည်းမိပါတယ်
ဝေဖန်မှု့ပေါင်း မြောက်မြားစွာထဲက တခုက
ဘုရားသာသနာတော်ကို ဘုရားသားတော်
တွေပဲဖျက်စီးလို့  ပျက်မှာ တဲ့
ဝမ်းနည်းစရာပါ
အခြေအမြစ်မရှိတဲ့စကားတခွန်းဟာ
အသိဥာဏ်နည်းပါမှု့နဲ့ ပေါင်းစပ်လိုက်တော့
အင်မတန်မှကို ကြောက်စရာကောင်းလှပါတယ်
ဗုဒ္ဓပြောခဲ့တဲ့
ငါဘုရားသားတော်ဆိုတာ
ရဟန်းတော်တွေကိုချည်း ပြောတာမဟုတ်ပါဘူး
ဗုဒ္ဓဘာသာဝင်တိုင်းကို ပြောတာပါ
ဗုဒ္ဓက ချစ်သားချစ်သမီးတို့ လို့  ဟောပါတယ်
ဒါ့ကြောင့် ဗုဒ္ဓရဲ့သားတော်သမီးတော်ဆိုရင်
ရဟန်း ရှင် လူ အကုန်ပါ ပါတယ်
သာသနာတည်မြဲဖို့ အတွက်
ဆရာ ဒကာ ညီညွတ်ရမယ်လို့  ဟောထားပါတယ်
အဲဒါနဲ့ ပြောင်ပြန်ကတော့ ဆရာ ဒကာ မညီညွတ်ရင် သာသနာအသက်တိုမယ်
ဒါကို ပြောတာပါ
သာသနာတော်အသက်ရှည်ဖို့ အတွက်က
ဗုဒ္ဓဘာသာဝင်တိုင်းမှာ တာဝန်ရှိပါတယ်
အဲဒါကို သဘောမပေါက်ပဲ
ရဟန်းသံဃာကို တိုက်ခိုက်ချင်တာနဲ့ 
ငါဘုရားသာသနာဟာ ငါဘုရားသားတော်တွေပဲ
ဖျက်လို့  ပျက်မယ်ဆိုပြီး အပုတ်ချတာကတော့
သဘာဝမကျပါဘူး
တကယ်တော့
အဲဒီလို ပြောတဲ့သူ ကိုယ်တိုင်ကိုက
သာသနာတော်ကို ဖျက်စီးနေတာပါပဲ
အဲဒါကို
ဗုဒ္ဓဘာသာဝင်တိုင်း
သဘောပေါက်သင့်တယ်
ဦးမြင့်ခိုင်

ဘုရားသာသနာတော်ကို ဘုရားသားတော်
တွေပဲဖျက်စီးလို့  ပျက်မှာ တဲ့
ဝမ်းနည်းစရာပါ
အခြေအမြစ်မရှိတဲ့စကားတခွန်းဟာ
အသိဥာဏ်နည်းပါမှု့နဲ့ ပေါင်းစပ်လိုက်တော့
အင်မတန်မှကို ကြောက်စရာကောင်းလှပါတယ်
ဗုဒ္ဓပြောခဲ့တဲ့
ငါဘုရားသားတော်ဆိုတာ
ရဟန်းတော်တွေကိုချည်း ပြောတာမဟုတ်ပါဘူး
ဗုဒ္ဓဘာသာဝင်တိုင်းကို ပြောတာပါ
ဗုဒ္ဓက ချစ်သားချစ်သမီးတို့ လို့  ဟောပါတယ်
ဒါ့ကြောင့် ဗုဒ္ဓရဲ့သားတော်သမီးတော်ဆိုရင်
ရဟန်း ရှင် လူ အကုန်ပါ ပါတယ်
သာသနာတည်မြဲဖို့ အတွက်
ဆရာ ဒကာ ညီညွတ်ရမယ်လို့  ဟောထားပါတယ်
အဲဒါနဲ့ ပြောင်ပြန်ကတော့ ဆရာ ဒကာ မညီညွတ်ရင် သာသနာအသက်တိုမယ်
ဒါကို ပြောတာပါ
သာသနာတော်အသက်ရှည်ဖို့ အတွက်က
ဗုဒ္ဓဘာသာဝင်တိုင်းမှာ တာဝန်ရှိပါတယ်
အဲဒါကို သဘောမပေါက်ပဲ
ရဟန်းသံဃာကို တိုက်ခိုက်ချင်တာနဲ့ 
ငါဘုရားသာသနာဟာ ငါဘုရားသားတော်တွေပဲ
ဖျက်လို့  ပျက်မယ်ဆိုပြီး အပုတ်ချတာကတော့
သဘာဝမကျပါဘူး
တကယ်တော့
အဲဒီလို ပြောတဲ့သူ ကိုယ်တိုင်ကိုက
သာသနာတော်ကို ဖျက်စီးနေတာပါပဲ
အဲဒါကို
ဗုဒ္ဓဘာသာဝင်တိုင်း
သဘောပေါက်သင့်တယ်
ဦးမြင့်ခိုင်

No comments:
Post a Comment