---------------------------
ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဝိနည်းစည်းကမ်းတွေပညတ်တဲ့အခါ အကြောင်း
ဖြစ်လာမှ ပညတ်ပါတယ် ဒါဟာ အခြေအနေ နဲ့ 
အချိန်အခါကိုမူတညိပြီး ပြုလုပ်မှ ရတယ်ဆိုတဲ့
သဘောကို ပေါ်လွင်စေပါတယ် ကြိုပြီး ပညတ်လိုက်ရင် သာသနာတော်မှာ ရဟန်းဆိုတာ
ရှိမယ်မထင်တော့ပါဘူး
တခါတရံမှာ လူမျိုးစုတစု နိုင်ငံတနိုင်ငံဟာ
ဖြစ်ပေါ်လာတဲ့အခြေအနေနဲ့  အချိန်အခါကို
ကြည့်ပြီး လိုတိုး ပိုလျှော့ လုပ်ရတာမျိုးတွေ ရှိပါတယ်
မဘသ ဆိုတဲ့ အဖွဲ့ အစည်းဟာ အရင်က မရှိခဲ့ပါဘူး ဘာဖြစ်လို့ လည်းဆိုတော့ မလိုအပ်သေးလို့ ပါ ဒါကို အရင်ကမရှိဘူး
အခု ပေါ်လာမှ ပဋိပက္ခတွေ ဖြစ်လာတယ်ဆိုတာ
ကတော့ တဘက်သတ် စွပ်စွဲချက်ပါပဲ
ကမ္ဘာကြီးပေါ်က နိုင်ငံတိုင်းမှာ သူ့  လူမျိုး
သူ့ ဘာသာ သူ့ အယူအဆ နဲ့  သူ့ ရဲ့ပြည်သူ
ကျေနပ်လောက်အောင် အမြဲတမ်း ပြုပြင်ပြောင်းလဲနေရပါတယ်
ဥပမာ တရုတ်ဆိုရင် ဗလီတွေပိတ်တယ်
ပြင်သစ်တို့  အမေရိကန်တို့ မှာဆိုရင် ခေါင်းမြီး
မခြုံရ ဗလီမဆောက်ရ ဥပဒေတွေထုတ်တယ်
သူတို့ ဘာ့ကြောင့် ထုတ်တာလည်းဆိုရင်
သူတို့ အခု ခံနေရလို့ ပါပဲ ဒါရှင်းပါတယ်
အရင်ကကြိုမထုတ်ဘူး အခု ဖြစ်လာတယ် ထုတ်တယ် ဒါ သဘာဝကျတယ်
ဘယ်သူ ဘာပြောမလဲ သူတို့ ပြည်သူတွေခံရလို့ 
သူတို့ ထုတ်တာပါ
အခု
ချွတ်ခြုံကျနေတဲ့ မြန်မာနိုင်ငံဟာ
နိုင်ငံတိုးတက်ဖို့ အရေးတကြီးလိုအပ်နေသလို
ဘာသာမပျောက်ဖို့ လည်း အရေးတကြီးလိုအပ်ပါတယ်
အစိုးရပိုင်းက တိုင်းပြည်တိုးတက်ဖို့ ကြိုးစားနေသလို ဘုရားသားတော်တွေကလည်း
သူ တို့  အဖေ ဘုရားရှင်ထားခဲ့တဲ့ သာသနာ
တော်အတွက် ဝင်ရောက်စွတ်ဖက်တယ်ဆိုတာ
သဘာဝကျပါတယ်
ဘာသာခြားတွေရဲ့ ငွေနဲ့ ပေါက်ပြီး လုပ်ချင်တိုင်း
လုပ်နေတာတွေကို ရပ်တန့် စေတယ်
ယဉ်ကျေးလိမ္မာတွေ ဓမ္မစကူးတွေ အများကြီး
ပေါ်ပေါက်လာတယ် မတတ်နိုင်တဲ့ ခလေးငယ်
တွေကို တာဝန်ယူ ကူညီဖြေရှင်းပေးတယ်
တိုင်းပြည်နဲ့ လူမျိုးအတွက်
ဘာတွေများ ဆုတ်ယုတ် မှု့ဖြစ်ပေါ်စေလို့ လဲ
နိုင်ငံရေးမှာကိုပဲ အရင်က မရှိခဲ့တဲ့ အဖွဲ့ အစည်းတွေ နေရာတွေ အခု အသစ်ပြန်ပြီး
ဖွဲ့ စည်းထားသေးတာပဲ ဘာသာရေးဘက်က
အဖွဲ့ အစည်းတွေမှာလည်း မဟန ဆိုတဲ့
အဖွဲ့ နဲ့ မလုံလောက်တော့ဘူး ဒါ့ကြောင့် မဘသ
ဆိုပြီး ပေါ်လာရတယ် ဒါဟာ သဘာဝကျသလို
ဖြစ်လည်းဖြစ်သင့်ပါတယ်
အင်းစိန်ရွာမ ဆရာတော်ဘုရားကြီးတို့  သီတဂူဆရာ
တော်ဘုရားကြီးတို့ ကိုယ်တိုင် ပါဝင်တဲ့ အဖွဲ့ အစည်းကို မလိုအပ်ဘူးလို့ ပြောတာကတော့
တခုခု လွဲနေသလိုပါပဲ
ဘာသာခြားတွေက ဓနအင်အား လူအင်အား
မီဒီယာ အင်အားနဲ့  ကြီးစိုးနေတာပါ
နောက်ပြီး
သာသနာတော်ဟာ အခု ကြောက်သရာကောင်း
လောက်အောင် ဆုတ်ယုတ်နေတယ် တနှစ်ကို
သံဃာခုနှစ်သောင်းလောက်လျှော့နေတယ်
မဘသ အစည်းအဝေးကျင်းပတာ့ ရန်ကုန်တိုင်း
ဝန်ကြီးချုပ်က တခြားဘာဘာက အလည်ဖိတ်လို့ 
သွားနေတယ် တဲ့ ဒါဟာ မဘသ ကို မထောက်ခံလို့ 
ထားပါတော့
အခု ရဟန်းသံဃာတော်တွေ အတွက် ပရိယတ္တိ
သာသနာ့ကျောင်းတိုက်တွေအတွက် အလွန်ပင်ပမ်းဆင်းရဲနေပြီ လူတွေထွက်ကုန်ပြီ
ဒါပေမဲ့ အခုထိ ဘာလေးတော့ ကူညီထောက်ပံ့တယ်ဆိုတဲ့ သတင်းမကြားရဘူးး
ရက်တစ်ရာစီမံကိန်းမှာ သာသနာအတွက် တစ်ရက်တောင် မပါတာကတော့ ဝမ်းနည်းစရာပါ
တခြားနိုင်ငံတွေမှာ သူ့ ပြည်သူတွေနဲ့  ဘာသာခြားတွေ ပဋိပက္ခုဖြစ်ရင် ပြည်သူတွေ
ကျေနပ်လောက်အောင်ပဲ လုပ်ပေးပြီး ဘာသာခြား
တွေကို မျက်နှာသာမပေးပါဘူး ဒါမှ ပြည်သူတွေ
ကျေနပ်မှာပါ
ထားပါတော့
ုမြန်မာပြည်သူတွေရော တိုင်းရင်းသားတွေပါ
စည်းလုံးဖို့  ကြိုးစားတယ် ဆိုတာကိုတော့
လက်ခံပါတယ် ဒါပေမဲ့ ညှိတယ်ဆိုတာ အနီးစပ်ဆုံးဖြစ်မှ ညှိလို့ ရတာပါ ဆန့် ကျင်ဘက်
လုံးလုံးဖြစ်နေတာကို မရမက လိုက်ညှိနေရင်တော့ ပိုပြီး ဝေးကွာတက်ပါတယ်
တာဝန်ရှိသူတယောက်ဖြစ်နေပြီး သမိုင်းကို လေ့လာဖို့ လည်းလိုပါတယ်
ဆူးလေနားက ဗလီနဲ့  ချက်စ်ကျောင်းတွေဟာ
ဘယ်အဆောက်အဦးက အရင်လည်းဆိုတာ
လေ့လာပါဦး အိမ်ရှင်နဲ့  ဧည့်သည် နဲနဲတော့
ကွာပါရစေ
အရင်က ဘယ်လိုပဲ ဖြစ်ခဲ့ဖြစ်ခဲ့ အခုဖြစ်နေတာ
တွေကို ဦးစားပေးရမယ်လို့  လက်ခံထားရင်
အခု မဘသ နဲ့ မဆိုင် တဲ့ သာသနာနွယ်ဝင်
ရဟန်းသံဃာတော်များ လူထွက်တာတွေ
ပရိယတ္တိကျောင်းတွေ ဆင်းရဲနေတာတွေကို
ကူညီ ထောက်ပံ့ပါ
ဘာသာခြားဒုက္ခသည်တွေကိုကျတော့
အရေးတကြီးကူညီပြီး
သာသနာအတွက် အရေးမကြီးဘူးဆိုရင်တော့
မကြာခင် သာသနာကွယ်ပါလိမ့်မယ်
ဘာသာခြားတွေနဲ့ လည်း ညှိပါ
ရဟန်းသံဃာတော်တွေ နဲ့ လည်
ပြေလည်အောင်ကြိုးစားပါ
ပြည်ပက ဒုက္ခသည်တွေကိုလည်း ကူညီပါ
ရဟန်းသံဃာတော်တွေရဲ့ ဒုက္ခကိုလည်း ဖေးမပါ
ပြည်ပက အဖွဲ့ အစည်းတွေနဲ့ လည်း
နားလည်မှု့ရအောင်ယူပါ
ပြည်တွင်းက ပြည်သူတွေရဲ့ ဆန္ဒကိုလည်း
နားလည်အောင်ကြိုးစားပါ
ဘာသာခြားတွေရဲ့ ဘာသာလွပ်လပ်ခွင့်ကိုလည်း
တန်ဘိုးထားပါ
အမျိုးဘာသာ သာသနာ ကိုလည်း
စောင့်ရှောက်ပါ
တိုင်းပြည်ကတော့
တိုးတက်ပါတယ်
ဘာသာသာသနာက
ဆုတ်ယုတ်မယ်ဆိုရင်တော့
နောင်မွေးလာမဲ့ ခလေးတွေ နဲ့ 
၃၁ ဘုံသားတွေ အကုန်လုံး
အပါယ်မှာ သွားစုပါလိမ့်မယ်
သမိုင်းတရားခံ မဖြစ်အောင်
ကြိုးစားနိုင်ပါစေ
စစ်အစိုးရဖိနှိပ်တုန်းက ခံရတဲ့ပြည်သူတွေ
ဒေါသထွက်သလိုမျိုး
ဘာသာ သာသနာတော်အတွက်
ဒေါသတွေ ငယ်ထိပ်ရောက်နေသူတွေ
အများကြီး ရှိနေတာကို သတိထားပါ
အပြေအဆို ဆင်ခြင်သင့်ပါတယ်
ဦးမြင့်ခိုင်

No comments:
Post a Comment