-------------------------------
လယ်တီဆရာတော်ဘုရားကြီး မဟာစည်ဆရာ
တော်ဘုရားကြီး မိုးကုတ်ဆရာတော်ဘုရားကြီး
တို့ မတိုင်ခင် အချိန်က ဝိပဿနာ တရားဆိုတာ
လူတွေ ထိတွေ့ ဖို့  အင်မတန်မှ ခတ်ခဲလှတယ်
အဲဒီဆရာတော်ဘုရားကြီးများကိုယ်တိုင် ဝိပဿနာကျင့်စဉ်တွေကို ပင်ပမ်းကြီးစွာ ရှာဖွေ
ဖေါ်ထုတ်ခဲ့ရတယ်
ဝိပဿနာတရားပြနိုင်တဲ့ဆရာတော်ဆိုတာ
မရှိသလောက်ရှားပါးတယ်
အဲဒီအချိန်က လူတွေကလည်း ကောင်းမှု့ဆိုလို့ 
ဒါနပြု ဥပုဒ်စောင့် ပုတီးစိပ်တာတွေကိုပဲ ဘုရား
တရား လုပ်တဲ့သူလို့ အခေါ်ခံကြရတယ်
ဆရာတော်ကြီးများ ပေါ်လာသည့်တိုင် လူတိုင်း
အားမထုတ်နိုင်ကြသေးဘူး တနှစ်မှ ၁၀ ရက်
စခန်းလောက်သာ ဝင်နိုင်ကြသေးတယ်
ဒါဟာ ဝိပဿနာ နဲ့  ထိတွေ့ ဖို့  ဘုန်းကံ မရှိကြ
သေးလို့ ပါပဲ
အခုနောက်ပိုင်း ဆရာတော်ကြီးများရဲ့ သာသနာ
တော်မျိုးစေ့ချ တာ မှန်ကန်တဲ့အတွက် မြန်မာပြည်သူတွေဟာ ဝိပဿနာ ဆိုတာကို
စိတ်ကြိုက်လေ့လာအားထုတ်ခွင့်တွေ ရ ရှိခဲ့ကြ
တယ်
အခု အင်တာနတ်ခေတ်ကို ရောက်လာတဲ့အခါ
မှာတော့ ဘာသာခြားများပါ ဝိပဿနာကို
ကျင့်သုံးအားထထုတ်ခွင့် ရခဲ့ကြရတယ်
ဒီလို အခွင့်အရေးကို သာမန်မထင်နဲ့ 
အင်မတန် ဘုန်းကံကြီးမှသာ ရ ရှိနိုင်တဲ့ အခွင့်
အရေးပါပဲ
ဘုန်းကြီးတဲ့သူမရှိလို့ အယူမှာတဲ့သူများနေလို့ 
ကမ္ဘာကြီး ဖြစ်ချင်တိုင်း ဖြစ်နေတာပါ
အခု ကမ္ဘမြေပေါ်ကို ရောက်လာတဲ့ ခလေးတွေဟာ သူတို့ လက်ထက်မှာ ရုပ်ဝတ္တုရော
စိတ်ပိုင်းဆိုင်ရာပါ လိုလေသေးမရှိအောင်ကို
ပြည့်စုံကြပါတယ်
ကမ္ဘာကြီး မကြာခင်
ကံကောင်းတော့မှာပါ





No comments:
Post a Comment