-------------------------------------------
ဂျပန်ဝန်ကြီးချုပ် တကားနား တရုတ်ပြည်ကို
ခရီးထွက်တဲ့အခါ တရုတ်အမျိုးသားခေါင်းဆောင်ကြီးမော်စီတုန်း
ပိဋကတ်သုံးပုံစာပေတွေ လေ့လာနေတော့
တကားနားက များစွာအံ့သြရသတဲ့
မော်စီတုန်းကတောင် စကားတခွန်းပြောလိုက်
သေးတယ်တဲ့ မိတ်ဆွေကြီး နိုင်ငံ့ခေါင်းဆောင်
လုပ်တဲ့အခါ ဗုဒ္ဓတရားတော်တွေကို လက်မလွှတ်
သင့်ဘူး လေ့လာသင့်တယ် တဲ့
မော်စီတုန်းကဗှုဒ္ဓတရားတော်တွေကို သူကိုယ်တိုင်
လေ့လာခဲ့ပြီး တရုတ် ပြည်သူပြည်သားတွေကို
ဘာ့ကြောင့် ဆွဲခေါ်မသွားတာလည်း စဉ်းစား
မရဘူး တရုတ်သာ အထက်တန်းစားဗုဒ္ဓဘာသာ
ဝင်နိုင်ငံဖြစ်ခဲ့ရင် ကမ္ဘာပေါ်မှာ ကျန်တဲ့ဘာသာ
တွေနဲ့ ဗုဒ္ဓဘာသာ ရင်ဘောင်တန်းနိုင်တယ်
ဦးနေဝင်း အင်ဒိုနီးရှားကို ချစ်ကြည်ရေးသွားတော့
သမ္မတက စကားတခွန်းပြောလိုက်တယ် တဲ့
မိတ်ဆွေကြီးရဲ့ နိုင်ငံကို ကျုပ်တို့  နိုင်ငံလို မဖြစ်
အောင် ဂရုစိုက်ပါတဲ့
ဟူး နေရာချင်းများ လွဲနေလေရော့သလား ဗျာ
သူ့ ခင်ဗျာ ပြည်သူတွေကို ပြောလိုက်ရင် အသတ်
ခံရမှာစိုးလို့  သိသိကြီးနဲ့  မသိချင်ယောင် ဆောင်
သွားရတယ် သူ့ စကားသာ ဦးနေဝင် နားထောင်ခဲ့
ရင် မြန်မာနိုင်ငံ ဒီနေ့ အခြေအနေမျိုး မဖြစ်ဘူး
ဟိုတလောက သေသွားတဲ့ စင်္ကာပူဝန်ကြီးချုပ်
ကြီးက တနေ့ ကို နာရီဝက် တရားထိုင်သတဲ့
တရားရှု့ မှတ်နည်းကို ဦးနေဝင်းက သင်ပေး
တာပါတဲ့
အင်းးးးး နားရှိလို့ သာ ကြားရတယ်
အမေရိကန်သမ္မတ ကလင်တန်ကတော့
ဒါတွေကိုနားလည်လို့  ဗုဒ္ဓဘာသာဝင်အဖြစ်
ပြောင်းပြီး တရားတွေကို လေ့လာကျင့်သုံးနေပြီ
အိုဘားမားကြီးလည်း အခုတော့ ဗောဓိပင် စိုက်
တာတွေ ရေသပ်ပယ်တာတွေတွေ လုပ်နေပြီ
ကလင်တန်လိုများဖြစ်သွားရင် ဘယ်လောက်
ကောင်းလိုက်မလဲ
သူသာ ဗုဒ္ဓဘာသာဝင်ဖြစ်သွားရင်
အမေရိကန်တနိုင်ငံလုံး ကံကောင်းပြီ
ဒါပေမဲ့ ဗုဒ္ဓဘာသာဝင်ဖြစ်ဖို့ က
သာမန်ဘုန်းကံနဲ့ မရဘူးဆိုတော့လည်း
မမျော်လင့်ရဲပါဘူးလေ
ဖြစ်သွားခဲ့ရင်တော့
ကမ္ဘာကြီးငြိမ်းချမ်းဖို့  ကြီးကျယ်တဲ့ သမိုင်းသစ်
တခုကို စိုက်ထူနိုင်ခဲ့တယ်လို့ 
မော်ကွန်းတင်ခံရမှာပါ
ဦးမြင့်ခိုင်
No comments:
Post a Comment