Wednesday, June 15, 2016

ဗုဒ္ဓနေ့  အခမ်းအနား

ဗုဒ္ဓနေ့  အခမ်းအနား
-----------------------
အမေရိကန်နိုင်ငံမှာ ကျင်းပတဲ့ ဗုဒ္ဓနေ့ အခမ်းအနားတဲ့
ကိုးရီးယားမှာ ကျင်းပတဲ့
ဗုဒ္ဓနေ့ အခမ်းအနား တဲ့
ဗီယက်နမ်မှာကျင်းပတဲ့
ဗုဒ္ဓနေ့ အခမ်းအနား တဲ့
ဒီလိုသာ ဗု ဒ္ဓ ဘာသာနဲ့ ပါတ်သတ်တဲ့
အကြောင်းတရားတွေ ကမ္ဘာပေါ်က နိုင်ငံတိုင်းမှာ
ကျင်းပနိုင်မယ်တိုရင်
စစ်ပွဲတွေ အလိုလိုရပ်သွားမယ်
စစ်အသုံးစရိတ်တွေဟာ အခြားနေရာအတွက်
ပြောင်းလဲသုံးစွဲကြလိမ့်မယ်
ဗုဒ္ဓတရားတော်တွေအတိုင်းသာ တကမ္ဘာလုံး ကျင့်သုံးနေထိုင်ကြမယ်ဆိုရင်
အစွန်းရောက်ဆိုတာ ဘာလဲမေးယူရလိမ့်မယ်
ရဲစခန်းတို့  ထောင်တို့ ဆိုတာလည်း
အပိုအဆောက်အဦးတွေ ဖြစ်ကုန်လိမ့်မယ်
အရင်က ဆက်သွယ်မှု့မဖွံ့ ဖြိုးလို့  ဗုဒ္ဓဘာသာဟာ
မကျယ်ပြန့် ခဲ့ပေမဲ့ အခု အင်တာနတ်ခေတ်ဖြစ်တဲ့
အတွက် ဗုဒ္ဓတရားတော်တွေကို ဖြန့် ဝေရတာ
လွယ်ကူတယ် ထိရောက်တယ်
အဲဒီတော့
ဗုဒ္ဓတရားတော်တွေ ကမ္ဘာကိုပြန့် ဖို့ 
အရေးကြီးလှတယ်
ဖတ်တဲ့သူကို စွဲဆောင်ဖို့ 
တရားတော်က တာဝန်ယူလိမ့်မယ်
တရားတော်ကို ဖြန့် ဝေဖို့ ကတော့
ဗုဒ္ဓဘာသာဝင်များက တာဝန်ယူရလိမ့်မယ်
ရဟန်းရှင်လူအပေါင်း
တက်ညီလက်ညီနဲ့ 
စည်းစည်းလုံးလုံးနဲ့ သာ
ဝိုင်းဝန်းကြိုးပမ်းကြမယ်ဆိုရင်
အစမ်းသပ်ခံနိုင်တဲ့ ဗုဒ္ဓဘာသာဟာ
တနေ့ မှာ
ထိပ်ကိုရောက်မယ်ဆိုတာ
မြေကြီးကို လက်နဲ့ ပုတ်တာမှ
လွဲလိမ့်ဦးမယ်
ဦးမြင့်ခိုင်

 

No comments:

Post a Comment