Wednesday, June 15, 2016

သတိရှိကြပါ ဥာဏ်ရှိကြပါ ဘုရားတရားရှိကြပါ

သတိရှိကြပါ ဥာဏ်ရှိကြပါ ဘုရားတရားရှိကြပါ
---------------------------------------------------
ကမ္ဘာကြီးကို သဘာဝဘေးအန္တရယ်တွေ ကျရောက်နေပါပြီ နိုင်ငံတိုင်းမှာ မတူညီတဲ့
သဘာဝဘေးအန္တရယ်တွေ ကျရောက်နေပြီ
ဒါဟာ ကပ်ဆိုက်တဲ့သဘောပဲ
ဗုဒ္ဓတရားတော်အရတော့
အဲဒီလိုကပ်ဆိုက်တဲ့အခါမှာ
သဘာဝဘေးအန္တရယ်တွေကျမယ်
လက်နတ်ဆန်းတွေပေါ်မယ်
ရောဂါဆန်းတွေပေါ်မယ်
လူတွေတဦးနဲ့ တဦး နာကျည်းမှု့ မုန်းတီးမှု့တွေ
ပိုပြီးပြင်းထန်မယ်
မမြင်အပ်တဲ့ ပရလောကသားတွေဟာ
လူ့ လောကနဲ့ ဆက်သွယ်နှီးနှောပြီး သူတို့ 
အစာရေစာရအောင်ဖန်တီးမယ်
အဲဒီအတွက် လူတွေအသေအပျောက်များမယ်
ဘုရားရှင်လက်ထက်တော်အခါက ဝေသာလီပြည်
မှာ ဘီလူးတွေ ကြီးစိုးလို့ ဗုဒ္ဓကိုယ်တိုင် ပရိတ်
အရံအတားတွေ ပြုပြီးကယ်တင်ခဲ့ဘူးတယ်
သီဟိုဠ်မှာသူပုန်ဘေးဆိုက်ပြီး ဗုဒ္ဓသာသနာတော်
ဆုတ်ယုတ်ခါ ၁၂ နှစ်မိုးခေါင်ပြီး လူတွေ ဒုက္ခ
အကြီးအကျယ်ရောက်ခဲ့ဘူးတယ် သာသနာတော်
အဆုတ်ယုတ်ဆုံးအချိန်ဖြစ်ခဲ့ဘူးတယ်
၁၉၆၄ ခုနှစ်က လယ်တီဆရာတော်ဘုရားကြီးတို့ 
မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးတို့ ရဲ့
သီလ သမာဓိ ပညာအစွမ်းနဲ့ ကယ်တင်ပေးခဲ့
ဘူးလို့ ကပ်ကိုကျော်လွှားနိုင်ခဲ့တယ်
ပြောချင်တာက
ကပ်ကိုကျော်လွှားဖို့ က တခြားဘာသာတွေမှာ
နည်းစနစ်မရှိဘူး
လူတွေရဲ့အစုလိုက်အပြုံလိုက်အကုသိုလ်
ဖြစ်တဲ့အတွက် မေတ္တာ ဂရုဏာ ထားဖို့ လိုသလို
ပရိတ် ပဋ္ဌာန်း သရဏဂုံ ငါးပါးသီလ အစွမ်းမပါပဲ
မလွတ်မြောက်နိုင်ပါဘူး
ရေးဘေးသင့်သူတွေကို နိုင်သလောက်ကူညီ
ကယ်တင်ရမှာဖြစ်သလို ဘေးမသင့်သေးတဲ့
အရပ်ဒေသကလူတွေကလည်း ငါးပါးသီလလုံခြုံ
အောင်စောင့်ထိမ်းရမယ် ပရိတ်အရံအတား
တွေကို ပြုလုပ်ရမယ် အိမ်မှာ ပရိတ်ပဋ္ဌာန်း
ရွတ်ရမယ် မရွတ်နိုင်ရင် အခွေကိုတနေကုန်သာ
ဖွင့်ထားဖို့ ကြိုးစားရမယ်
ပရလောကသားတွေဟာ အရံအတားမရှိတဲ့
အိမ်ကိုဝင်နိုင်ထွက်နိုင်မယ် မိန်းမတွေ ခလေးတွေ နဲ့ အရက်သမားတွေကို ပူးကပ်
နှောင့်ယှက်ပြီး လူ့ လောကကို ပိုမိုအကျည်းတန်
အောင်ပြုလုပ်ကြလိမ့်မယ်
အိမ်တိုင်းမှာ အနည်းနဲ့ အများ အဆင်မပြေမှု့တွေ
ပဋိပက္ခတွေဖြစ်ပြီး လူတွေဒေါသထွက်စရာအာရုံ
တွေပိုမိုများပြားလိမ့်မယ်
(လယ်တီဒီပနီစာအုပ်ထဲမှာ လယ်တီဆရာတော်ဘုရားကြီးကပ်ကိုကယ်တင်
ကျေိာလွှားစဉ်အခန်းမှာ လေ့လာကြပါ ဘယ်လို
ကာကွယ်ရမလဲ အတုယူကြပါ )
ကပ်ကိုကျော်လွှားဖို့ နည်းစနစ်ကတော့
ဗုဒ္ဓဘာသာမှာပဲရှိပါတယ်
ဒါ့ကြောင့် သဘာဝဘေးအန္တရယ်တွေလာတဲ့အခါ
သီလလုံခြုံအောင်နေကြပါ ပရိတ်ပဋ္ဌာန်းအကူ
အညီယူကြပါ အိမ်မှာ ဘုရားတရားကို နိုင်သ
လောက်လုပ်ကြပါ
မမြင်နိုင်တဲ့ လောကဓံတွေ
တသံသရာလုံးကပြုလုပ်ခဲ့တဲ့ အကုသိုလ်တွေက
အစုလိုက်အပြုံလိုက်အကျိုးပေးနေတဲ့အချိန်မို့ 
ဓမ္မမိတ်ဆွေများ
ဥာဏ်နဲ့  သတိ ရှိနိုင်ကြပါစေ
မြန်မာနိုင်ငံရဲ့
နေရာတိုင်းမှာ
အနည်းနဲ့ အများတော့
ဒုက္ခရောက်ကြလိမ့်မယ်
သတိရှိနိုင်ကြပါစေ
share ခြင်းဖြင့် ကုသိုလ်ယူကြပါ

No comments:

Post a Comment