--------------------------------------
လူတွေသေတဲ့အခါ နာရေးဖိတ်စာတွေကြည့်ပြီး
သတိသံဝေဂရမိတာ တခုရှိပါတယ်
အဲဒါက
ဦး ဘယ်သူ ဒေါ်ဘယ်သူ စတဲ့ နာမည်ရဲ့နောက်မှာ
ရှိသမျှ ဂုဏ်ပုဒ်တွေ တပ် တယ် ပြီးတော့ သေတဲ့သူနဲ့ ပါတ်သတ်သမျှလူတွေကိုလည်း
ဘယ်ကုမ္ပဏီ ဘာရာထူး ဘာကြီး ညာကြီး စတဲ့
ပိုင်ဆိုင်မှု့တွေ ရာထူးတွေ ကိုပါ ရသလောက်
ထည့်ပြီးကြော်ငြာတာပါပဲ
သေတဲ့သူကိုလည်း ဂုဏ်တက်အောင်ဆိုပြီး
ပါတ်သက်သမျှ ရာထူးအာဏာတွေ အကုန်ထည့်တယ်
ဒါတင်မကသေးဘူး
ဘယ်သူ့ နာရေးတုန်းက ကြွရောက်အားပေးတဲ့
ဗိုလ်ချုပ်ကြီး ဘာကြီး ညာကြီးဆိုတာကလည်း
ထပ်ပြီးကြံဖန်ကြော်ငြာသေးတယ်
သြော် - - - -
ဗုဒ္ဓပွင့်တော်မူခဲ့လို့  ကိုယ်ပိုင်တာ ဘာမှ
မရှိဘူးလို့ ဟောထားပြီး အလင်းရောင်ပေးခဲ့တယ်
ဘုရားရှင်လက်ထက်က လူတယောက်သေတဲ့အခါ သေသူရဲ့အလောင်းကို
သုဿာန်သွားပစ်တယ် ပြီးတော့ ညဘက်မှ
ရဟန်းတော်တွေက အသုဘ ကမ္မဋ္ဌာန်း ရှု့တယ်
သေသူကို အရင်းပြုပြီး ကျန်တဲ့သူတွေက
ဈာန် မဂ်ဖိုလ်တွေရအောင်အားထုတ်တယ်
ဘယ်သူသေသေ ဒီအတိုင်းပဲ ကျင့်သုံးတယ်
သေသူတွေဟာ ဘာကြီးပဲ ဖြစ်ဖြစ်
ဘယ်လောက်ပဲချမ်းသာချမ်းသာ
ဘာမှယူမသွားနိုင်ပါလားဆိုပြီး သတိသံဝေဂတွေ
ရကြတယ် ထိတ်လန့် ကြတယ် ကောင်းမှု့ကုသိုလ်တွေ ပိုလုပကြတယ်
ဒါပဲ ဒီထက်မပိုဘူး
အခုတော့
သေတဲ့သူက သေသွားတယ်
သေတာတောင် ဘာကြီး ညာကြီး တဲ့
မသာလာမေးတဲ့သူတွေကိုလည်း
ဘယ်သူကြီး လာလို့  ဘယ်လို ကျေးဇူးတင်ပါတယ် တဲ့
သြော် ------
တော်တော်လေးကို
တရားရဖို့ နီးစပ်ကြပါပေတယ် နော်
ဦးမြင့်ခိုင်
No comments:
Post a Comment