Thursday, June 9, 2016

မ ဘ သ တဲ့လား

မ ဘ သ တဲ့လား
-------------------
တပါးကနေ သုံးပါးအထိ
ရဟန်းလို့ ပဲ သုံနုန်းရပါတယ်
လေးပါးကနေ လေးပါးအထက်ကို
သံဃာ လို့ ခေါ်ဝေါ်သုံးစွဲရပါတယ်

ဗုဒ္ဓက
ငါဘုရားရှင်သည် တရားတော်အပေါ်၌သာ
အကြီးအမှုးထားသူဖြစ်သော်လည်း
တခါတရံ သံဃာ ၌ လည်း ရိုသေ၏ တဲ့
သံဃာတော်ဆိုတာ ဘုရားရှင်တောင်
ကြည်ညိုလေးစားရတယ် တဲ့
နောက်ပြီး
ငါဘုရားရှင်ကိုသင်္ကန်းလှူလို့ ရတဲ့အကျိုးထက်
သံဃာရည်မှန်းလှူဒါန်းခြင်းက
သာ၍ အကျိုးကြီး၏ ထို့ ကြောင့် သံဃာရည်မှန်း
လှူ ဒါန်းကြ တဲ့
ဒါဆိုရင်
ရဟန်းတော်ပေါင်း သောင်းနဲ့ ချီပြီး
ဖွဲ့ စည်းထားတဲ့ ( မ ဘ သ) ဆိုတဲ့
သံဃာ့အဖွဲ့ အစည်းကို
ဝစီကံ တွေ မနောကံ တွေနဲ့ 
ပြစ်မှားစော်ကားနေကြမယ်ဆိုရင်
ဘုရားရှင်ကို စော်ကားတဲ့ အပြစ်ထက်ကို
ကြီးကျယ်ခမ်းနားတယ် ဆိုရင်
လက်ခံနိုင်ပါ့မလား
သံဃာကိုလှူတာ ဘုရားကိုလှူတာထက်
အကျိုးပေးကြီးကျယ်တယ်ဆိုရင်
သံဃာကိုစော်ကားတာဟာလည်း
ဘုရားရှင်ကိုစော်ကားတဲ့ အပြစ်ထက်ကို
မသေးဘူးဆိုတာ ယုံလိုက်ပါ
မိမိနဲ့ သဟဇာတ မဖြစ်တဲ့ ရဟန်းကို
အပြစ်ပြောချင်တာနဲ့ ပဲ
သံဃာထုတရပ်လုံးကို
သိမ်းကြုံးစော်ကားသလို
စော်ကားကြမယ် ဆိုရင်တော့
စဉ်းစားလေ စဉ်းစားပေါ့
တကယ်တော့
ရဟန်းနဲ့  သံဃာတောင်
မခွဲခြားနိုင်တဲ့ အသိဥာဏ်လောက်နဲ့ ကတော့
ဘာမှမပြောပဲ နေတာ
အကောင်းဆုံးပါပဲ
ပညတ် နဲ့ 
ပရမတ်
မကွဲသ၍ တော့
ခံကြပေဦးတော့

 

No comments:

Post a Comment