Saturday, June 11, 2016

ပြည့်စုံပြီလား

ပြည့်စုံပြီလား
--------------
လူတော်တော်များများဟာ ဒီဘဝမှာတော့
သူများကို မကောင်းတာမလုပ်ဘူး ဒါန သီလ
ကိုလည်း နိုင်သလောက်ပြုတယ် စီးပွားဥစ္စာ
ကိုလည်း သမ္မာအာဇီဝကျကျရှာတယ် အခုဘဝမှာ
သူများလေးစားတာ ကြည်ညိုတာခံရတယ်
ပြီးတော့ သေသွားတယ် သေတဲ့အခါမှာလည်း
နာမည်ကောင်းကျန်ခဲ့တယ်

အဲဒီလိုလူရဲ့အယူအဆဟာ
ပြည့်စုံပြီလား လူဖြစ်ကျိုး နပ်ပြီလားလို့ 
မေးစရာရှိတယ်
အဖြေက
မရှိဘူး လိုသေးတယ် လို့ ပဲ ပြောရမယ်
ဘာဖြစ်လို့ လည်းဆိုတော့
လူတိုင်းလူတိုင်းမှာ သံသရာက မသိလို့ မိုက်မဲ
ခဲ့တဲ့ မိုက်ပြစ်ကြွေးတွေဟာ အများကြီးရှိနေလို့ ပဲ
ဘုရားရှင်သာသနာနဲ့ ကြုံတွေ့ နေရလို့ သာ
ကောင်းမှု့မကောင်းမှု့
ရဲ့ကောင်းကျိုးဆိုးကျိုးသိ
ပြီးဆောင်သင့်တာဆောင်
ရှောင်သင့်တာရှောင်ကာ
ဘဝကို ဖြတ်သန်းကြ ပေမဲ့ သံသရာမှာ
ဘုရားတရားနဲ့ မတွေ့ ကြုံလို့  မသိပဲမိုက်မဲခဲ့တဲ့
မိုက်ပြစ်တွေက လူတိုင်းမှာ ငရဲကျဖို့ အကြောင်း
တွေကဒုနဲ့ ဒေး ပါ
လူ့ ဘဝမှာ ဒါန သီလ လောကါသာပြုပြီး
သေသွားသူဟာ နတ်ပြည်လောက်သာ
ရောက်ပြီး တနေ့ မှာ သံသရာမှာမသိလိုက်မိုက်မဲ
ခဲ့တဲ့ မိုက်ပြစ်ကြွေးတွေက နတ်သက်ကုန်ရင်
မဖြစ်မနေ ပြန်လည်ပေးဆပ်ရမှာပါ
အပါယ်လေးပါးက ကိုယ်ပိုင်အိမ်လို့ 
ဘုရားရှင်ဒါ့ကြောင့်ဟောခဲ့တာပေါ့
ဘဝမှန်သမျှ လက်ဖျစ်တတွတ်စာတောင်
ဘုရားရှင်မချီးမွမ်းခဲ့ပါဘူး ဒါ့ကြောင့် နတ်ဘဝ
ဗြဟ္မဘဝ ဟာလည်း သံသရာနဲ့ ယှဉ်လိုက်ရင်
ခဏလေးပါ ကမ္ဘာပေါင်း ရှစ်သောင်းလေးထောင်
အသက်ရှည်တဲ့ မဟာဗြဟ္မာကြီးရဲ့အသက်တမ်း
တောင်ခဏလေးလို့ ဘုရားဟောထားတော့
ကျန်တဲ့ လူသက် နတ်သက်ဆိုတာ မပြောနဲ့ တော့
ဒါ့ကြောင့် ဒါန သီလ ပြုပြီး လူ့ ပြည်မှာ
နာမည်ကောင်းကျန်ခဲ့တာလောက်ဟာ
မပြည့်စုံဘူးလို့ ပြောတာပါ
တကယ်ပြည့်စုံတဲ့သူဖြစ်ဖို့ က
စီးပွားဥစ္စာကိုလည်း စွမ်းနိုင်သလောက်ရှာ
ဒါန သီလကိုလည်း စွမ်းနိုင်သလောက်ပြု
ပြီးတော့
သံသရာကိုအနားသတ်ပေးဖို့ 
ဝိပဿနာကုသိုလ်ကိုလည်း
စွမ်းနိုင်သလောက်ပြုဖို့ ပါပဲ
ဒါမှ အတိတ်က ပြုလုပ်ခဲ့တဲ့ မကောင်းမှု့တွေရဲ့
မကောင်းကျိုးတွေဟာ အကျိုးပေးဖို့ အခွင့်မရရှိပဲ
ပျက်ပြယ်သွားမှာပါ
ဒီဘဝမှာတရားထူးရဖို့ အကြောင်းမပါရင်တောင်
နောင်သံသရာမှာ တရားထူးရဖို့ အခွင့်အရေးတွေ
ရ ရှိပြီး ဘဝသံသရာကို အနားသတ်နိုင်မှာပါ
ဓမ္မမိတ်ဆွေများ
ပြီးပြည့်စုံသော ပုဂ္ဂိုလ်ကြီးများ
ဖြစ်နိုင်ကြပါစေ
စေတနာများစွာဖြင့်
ဦးမြင့်ခိုင်

 

No comments:

Post a Comment