Saturday, June 11, 2016

ဘာလို့  ပူမှာလည်း

ဘာလို့  ပူမှာလည်း
--------------
ပူလောင်စရာတွေလို့ ထင်ပြီး
ကျခဲ့တဲ့မျက်ရည်တွေကို
နှမျောလိုက်တာ
အဲ ဒီတုံးကတော့
ကမ္ဘာပေါ်မှာ ငါ့လောက်ပူတဲ့သူ
မရှိဘူးလို့ တောင် ထင်ခဲ့တာ
အခုကျတော့လည်း
ဘယ်တုံးက ဘာ့ကြောင့်ပူတယ်ဆိုတာ
စဉ်းစားလို့ တောင် မရဘူး
ဒါဆိုရင်
ငါအခုပူတယ်ဆိုတာကရော
နောင်တချိန်ကျရင်
ဒီလိုပဲဖြစ်သွားမှာပေါ့
ဒါ့ကြောင့်
ငါက အခု
ဘာလို့ 
ပူနေရမှာလဲ ?ဲ
ဦးမြင့်ခိုင်
 

No comments:

Post a Comment