---------------------
ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် ဘယ်သူဋ္ဌေးကြီးက
ချမ်းသာချင်ရင် ဘယ်အချက်
တွေကျင့် ဆိုပြီး သူဋ္ဌေးကြီးတွေတဦးနဲ့ တဦး
ထုတ်ပြန်ထားတဲ့အချက်တွေ ကိုယ်စီကိုယ်စီ
အများကြီးပဲ
တချို့ သူဋ္ဌေးကြီးတွေများဆိုရင် အချက်ပေါင်း
သုံးလေးဆယ်ထိ ထုတ်ထားကြတယ်
သူတို့ ချမ်းသာ လို့  သူတို့ လမ်းစဉ်အတိုင်း
လိုက်နာကျင့်သုံးရင်ကော လူတို်င်းချမ်းသာ
နိုင်ပါ့မလား ဆိုရင် ဘယ်လို ဖြေကြမလဲ
မသိဘူး ..အာမရော ခံနိုင်ပါ့မလား။
လူတော်တော်များများကလည်း
လေးစားအတုယူ ကြတယ်
မှန်လိုက်တာ ဆိုပြီး ထောက်ခံကြတယ်
ကဲ
ဗုဒ္ဓက ၁၂ ချက်ပဲပြောခဲ့ပါတယ်
လေ့လာကြည့်ရအောင်ပါ
ကဗျာလေးနဲ့  ပေါ့
ရှာဖွေ
စုဆောင်း
မိတ်ကောင်းရှိစေ
ဝင်ငွေနှင့်မျှ ချိန်ဆသုံးပေ
လုပ်ကွက်နေရာ မှန်ကန်စွာရွေး
အချိန်အလေးပြု
ကြိုးစားမှု့ကောင်း
တကြောင်းဥပဓိ ရုပ်ရည်ရှိနှင့်
ချီးမြှင့်ပေးကမ်း
တန်းတူဆက်ဆံ
ပြန်လှန်ကောင်းကျိုး ပွားတိုးဆောင်လို့ 
နုတ်ချိုစကား
ဆယ့်နှစ်ပါးကား
စီးပွားတက်ကြောင်း နည်းလမ်းကောင်းတည်း တဲ့
ကြိုက်တဲ့လူ ကျင့်
ကျင့်တဲ့သူတိုင်း ချမ်းသာစေရမယ်
အာမခံတယ်
အနောက်ကိုချည်း အားမကိုးကြပါနဲ့ 
အရှေ့ကိုလည်း မျှော်ကြည့်ကြပါဦးလို့ 
ရေလိုက်မလွဲကြစေလိုပါ ဘူးလို့ 
သတိပေးပါရစေ။




No comments:
Post a Comment