-------------------------------
လူဦးရေများလာလို့ အကန့် အသတ်နဲ့ တောင်
မွေးနေရတာ လူ့ ဘဝရခဲတယ်ဆိုတာ ဟုတ်ရဲ့လားတဲ့
လက်ညှီုးတချောင်းထဲကိုပြပြီး တိုလား ရှည်လား
မေးရင် ဖြေလို့ မရဘူး သူ့ ကိုရှည်လားတိုလား
သိဖို့ အတွက်အခြားလက်တွေနဲ့ နှိုင်းယှဉ်ရမယ်
ဥပမာ လက်ညှိုးဟာ လက်သန်းထက်ရှည်ပြီး
လက်ခလယ်ထက်တိုတယ် အဲဒီလိုမျိုး နှိုင်းယှဉ်မှု့ 
ရှိမှပေါ်လွင်မှာ အဲီလိုပဲ လူ့ ဘဝရခဲတာကို
နှိုင်းယှဉ်ဖို့ အတွက် လူ့ ဘဝနဲ့ ပတ်သတ်ဆက်နွယ်
နေတဲ့  ၃၁ ဘုံနဲ့ နှိုင်းယှဉ်ရမယ် ဒါမှပေါ်လွင်မှာ
ဘုရားရှင်ဓမ္မစင်္ကြာ တရားဟောဟော တရားထူးရတာ
လူထဲမှာ အရှင်ကွဏ္ဌည တပါးပဲရှိတယ်
ဗြဟ္မာတွေက သန်း ၂၀ ရပြီး နတ်တွေက
မရေမတွက်နိုင်အောင်ရတယ်တဲ့ ဆိုရင်
လူ့ ဘုံကလူတွေနဲ့ နတ်ဗြဟ္မာအရေအတွက်ယှဉ်ရင်
နတ်ဗြဟ္မာကများတယ်ဆိုတာထင်ရှားတယ်
နောက်တခါ အပါယ်လေးဘုံနဲ့ ယှဉ်ကြည့်
ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကယ်မှာ မမြင်နိုင်တဲ့
သုံးခုကိုထားလိုက်ပါအုံး မြင်နေရတဲ့ တိရစ္ဆာန်ဘုံက
အရေအတွက်နဲ့ ပဲယှဉ်ကြည့်လိုက်ပါ ရေထဲမှာ
နေတဲ့ ငါးတွေ လေထဲမှာပျံနေတဲ့ငှက်တွေ
ကုန်းပေါ်မှာရှိတဲ့တွားသွားတိရစ္ဆာန်တွေဟာ
ရေတွက်လို့ တောင်မစွမ်းနိုင်ပါဘူး လူဦးရေ
သန်းပေါင်း ခုနစ်ထောင်ဆိုတာဟာ တိရစ္ဆာန်မျိုးစိတ်
တစ်ခုစာနဲ့ တောင် နှိုင်းယှဉ်လို့ မရနိုင်ပါဘုး
ဗုဒ္ဓကလည်း အပါယ်လေးဘုံအရေအတွက်ဟာ
နတ်ဘုံ ဗြဟ္မာ့ဘုံ လူ့ ဘုံ ကအရေအတွက်ထက်
အဆမတန်များတယ်လို့ ဟောထားပါရဲ့
ဒါဆိုရင် လူ့ ဘဝရခဲတယ်ဆိုတာ
အဖြေပေါ်လောက်ရောပေါ့
No comments:
Post a Comment