----------------------------
စာဖတ်တာတော့အများကြီးပါပဲ ဒါပေမဲ့နည်းမမှန်တော့ အကျိုးရသင့်သလောက်မရကြဘူး
စာအုပ်တွေထဲမှာ မှတ်စရာတွေ အမြဲတမ်းရှိပါတယ် အဲဒီမှတ်စရာတွေကို
နုတ်ထုတ်ပြီးမှတ်တဲ့အကျင့်
လုပ်ရပါမယ် စာဖတ်သူဟာ
နုတ်စာအုပ်ကို
အမြဲဆောင်ထားသင့်ပါတယ်
နုတ်မထုတ်တော့
ဖတ်သာပြီးသွားတယ်
ဖတ်တုန်းပဲ သိပြီး
ကြာတော့ မေ့ပျောက်သွားတာပါပဲ အသုံးချချင်လို့ ပြန်ရှာရင်တောင်
မလွယ်ကူတော့ပါဘူး
ဒါ့ကြောင့်အများကြီးစာတွေဖတ်ခဲ့
ပေမဲ့လည်း မှတ်မှတ်သားသား
မရှိတော့ ပြန်ပြန်မေ့သွား
ကြတာပါပဲ
ဒါဟာ စာဖတ်ပေမဲ့ စနစ်မကျလို့ ပါ
ရေးသူဟာ ဘဝတစ်ခုလုံးရဲ့
အတွေ့ အကြုံနဲ့ 
ရေးထားတာပါ ကိုယ်က ဖတ်ယုံလေးနဲ့ ရေးသူရဲ့
အတွေ့ အကြုံတွေကို ခနလေးနဲ့ ရတာပါ
ဦးနှောက်ဖေါက်စားတယ်လို့ 
ခေါ်လို့ ရပါတယ်
သူများဘဝကိုအငှားသုံးတယ်လို့ လည်းပြောလို့ ရပါတယ်
စာဖတ်နည်းမှန်ဖို့ အတွက်
စာအုပ်တွေထဲမှာပါတဲ့ မှတ်စရာတွေကို
အပြင်မှာ ပြန်ပြီးနုတ်ထုတ်ပါ မှတ်စရာတွေအများကြီးစုထားတဲ့
နုတ်ကို ခဏခဏ ပြန်ဖတ်ပါ
ကျွန်တော်ဟာ အဲဒီနည်းစနစ်ကို ကျင့်သုံးခဲ့လို့ အခုလိုရေးနိုင်တာပါ ဗဟုသုတတွေ မှတ်ထားတဲ့
နုတ်စာအုပ်ပေါင်းများစွာကို အကြိမ် ရာနဲ့ ချီပြီးပြန်ပြန်ဖတ်ပါတယ်
ဒီလိုတွေသိဖို့ ကို နှစ်ပေါင်းနှစ်ဆယ်လောက်
စာအုပ်ပေါင်းများစွာကို နာရီပေါင်း ထောင်သောင်းချီဖတ်ရှုခဲ့ရတာပါ မိတ်ဆွေတို့ က ခဏလေးနဲ့ 
ရတာပါ တခါတလေ တအုပ်ကုန်လို့ မှတ်စရာတခုမပါတာမျိုးတွေလည်းရှိတက်ပါတယ်
မိတ်ဆွေတို့ လည်း ကွန်ုပ်၏ တန်ဘိုးရှိလှစွာသော
ဗဟုသုတများအား ပြန်လည်၍
ထုတ်နုတ်မှတ်သားစေလိုပါသည်
ဘာဖြစ်လို့ လည်းဆိုတော့
တနေ့ကျရင် ကျွန်ုပ်လိုပဲ့ သာသနာပြု
နိုင်ကြရအောင်လို့
မိတ်ဆွေတို့ 
စာဖတ်နည်း မှန်ကန်နိုင်ကြပါစေ
ကိုမြင့်ခိုင်
No comments:
Post a Comment