--------------------------------------
ဘုရားရှင်ကိုယ်တော်မြတ်ကြီးက
ငါဘုရားမရှိပေမဲ့ ငါဘုရားရှင်ထားခဲ့တဲ့
တရားတော်တွေဟာ သင်တို့  ဆရာ ပဲတဲ့
အဲဒီတရားတော်အတိုင်း လိုက်နာ ကျင့်သုံး
ကြလို့  မဂ်ဖိုလ် အရသာကို ခံစားသွား
ကြတဲ့ အရိယာသူတော်ကောင်းကြီးတွေ
အများကြီးပဲရှိခဲ့ပါတယ်
ဒါ့ကြောင့် ဘုရားရှင်နဲ့  မကြုံတွေ့ ရပေမဲ့
တရားတော်တွေ ရှိနေတဲ့အတွက်
ကျွန်တော်တို့ ဟာ မဂ်ဖိုလ် ရနိုင်တဲ့
အခွင့်အရေးကနေ ယုတ်လျှော့ မသွား
ကြပါဘူး
နောက်တခါ
ငါဘုရားရှင်သက်တော်ထင်ရှားရှိစဉ်
သက်တော်ထင်ရှားမရှိသော်လည်း
ရုပ်ပွား ဆင်းတုတော်ကို ကြည်ညို ပူဇော်
သောအခါ၌၎င်း
ထက်သန်သော သဒ္ဒါတရား တူမျှသည်
ရှိသော် အကျိုးပေးသည်လည်း အတူတူ
ပင် ဖြစ်ပေ၏ တဲ့
ကဲ ဒါဆို
မိမိအိမ်မှာ ရှိတဲ့ ဆင်းတုတော် ရုပ်ပွားတော် ကို ဆွမ်းကပ်ခြင်း
ရေချမ်း ပန်း ဆီမီး ကပ်ခြင်း အစရှိတဲ့
ကောင်းမှူ့ ကုသိုလ်တွေကို စေတနာ
ထက်သန်စွာနဲ့ ပြု လုပ်နိုင်မယ်ဆိုရင်
သက်တော်ထင်ရှားဘုရားရှင်ကို
ပူဇော်ချဉ်းကပ် လို့ ရမဲ့ အကျိုးကျေးဇူးမျိုး
ရ ရှိမယ်ဆိုတာ ထင်ရှားပါတယ်
မိမိကသာ သက်ရှိထင်ရှားဘုရားရှင်လို့ 
နှလုံးသွင်းပြီးပူဇော်ပါ
ဘုရားကျောင်းဆောင်သန့် ရှင်းရေးပြု လုပ်
ရင်တောင် ဇေတဝန် ကျောင်းတော်အမှတ်နဲ့  နှ လုံးသွင်းပြီး
ပြု လုပ်စမ်းပါ
ကျွန်တော်တို့ တတွေဟာ
သက်ရှိထင်ရှားဘုရားရှင်နဲ့  တွေ့ ကြုံ နေ
ကြတယ်ဆိုတာ မမေ့ကြပါနဲ့ 
မိမိကသာ
နှလုံးသွင်းမှန်အောင် ကြိုးစားကြပါ
တရားရဖို့ ရော
ကုသိုလ်ရဖို့ ရော က
ဘုရားရှင်လက်ထက်က အတိုင်းပါပဲ
ဓမ္မမိတ်ဆွေများ
သဘောပေါက်နိုင်ကြပါစေ
No comments:
Post a Comment