Saturday, June 11, 2016

စာမတတ်လို့  ဝမ်းမနည်းနဲ့ 

စာမတတ်လို့  ဝမ်းမနည်းနဲ့ 
----------------------------
တချို့ က တရားအားထုတ်တာ ဗဟုသုတ
ရှိမှ တရားရနိုင်တယ်လို့ ထင်ထားကြတယ်
မှားယွင့်းမှု့ ပါပဲ

ရဟန်းတပါးက ဘုရားရှင်ကို လျှောက်တယ်
အရှင်ဘုရား တရားထူးရဖို့ ဘယ်လောက်ထိ
ဗဟုသုတ အကြားအမြင်ရှိရင် တရားရနိုင်ပါသလဲ ဘုရားလို့ လျောက်တော့ ဘုရားရှင်က
ချစ်သား
ဒါက အနိစ္စ ဒါကဒုက္ခ ဒါက အနတ္တ လို့ ဆိုတဲ့
စကားသုံးခွန်းကြားဖူးယုံနဲ့ တရားရဖို့ လုံလောက်ပြီလို့ 
ပြန်ဖြေခဲ့ပါတယ်
ဒီစကားသုံးခွန်းကတော့ ကျွန်တော်တို့ 
နေ့ တိုင်းကြားနေကျတွေပါ ဒါ့ကြောင့် တရားထူးရဖို့ 
ပြည့်စုံနေပြီလို့ သိထားကြပါ
နောက်ပြီ စူဠပန္ဓက မထေရ်ဟာ အက္ခရာ
၄၄ လုံးကို ၄ လကျက်တာတောင် မရဘူး
ဒါနဲ့ လူထွက်ဖို့ ဘုရားရှင်ကိုလျှောက်တော့
ဘုရားရှင်က ငါဘုရားသာသနာမှာ စာမတက်လို့ 
မက်ဖိုဂ်နိဗ္ဗါန်မရဘူးဆိုတာ မဖြစ်ရဘူးဆိုပြီး
တရားပြလိုက်တာ ရဟန္တာဖြစ်သွားတယ်
ဒါ့ကြောင့်ဆရာတော်ကြီးတွေက
စာမတက်လို့ ငရဲမကျဘူး
သီလမရှိရင်တော့ ငရဲ ကျမှာပဲတဲ့
စာတက်ဖို့ ထက် သီလလုံခြုံဖို့ က ပိုအရေး
ကြီးပါတယ်လို့  ဆုံးမခဲ့ပါတယ်
ဆရာတော်ကြီးတပါးကဆိုရင် မဂ်ဖိုလ်
နိဗ္ဗါန်ရတာ ကကြီးခခွေး မတက်တဲ့လူက
ပိုများတယ်တဲ့
ဒါ့ကြောင့်မိတ်ဆွေတို့  စာမတက်တာ
ဥာဏ်ထိုင်းတာတွေဟာ တရားအတွက်
ပြဿနာမရှိပါဘူး သီလ လုံလုံခြုံခြုံနဲ့ တရားကိုသာ ကြိုးကြိုးစားစား မှတ်ကြပါ
နိဗ္ဗါန်ဆိုတာ မဝေးလှပါဘူး
ဦးမြင့်ခိုင်

No comments:

Post a Comment