ကျွန်တော်ယှဉ်ကြည်တော့
-----------------------
အင်္ဂလိပ်လက်ထပ်က ရွှေဘိုအရေးပိုင်မင်းဟာ
တမိသားစုလုံး ဗုဒ္ဓဘာသာကို ပြောင်းလဲသွားခဲ့တယ်
သူဘာ့ကြောင့် ပြောင်းတာလည်းဆိုတာကို
ဒီလိုပြောခဲ့ပါတယ်
ကွှန်တော်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာတိုင်းရဲ့
ဘုရားတွေကို စုစောင်းပြီး လေ့လာကြည့်ခဲ့ပါတယ်
ဗုဒ္ဓဘုရား ခရစ်ယာမ်ဘုရား မွတ်ဆလင်
ဟိန္ဒု အစရှိတဲ့ ဘုရားတွေရဲ့ ဆင်းတုတော်တွေ
ရုပ်တုတော်တွေကို လေ့လာကြည့်ပါတယ်
ဗုဒ္ဓရဲ့ဆင်းတုတော်လောက် ကြည်ညိုစရာ
ကောင်းတဲ့ စိတ်ကိုစွဲဆောင်မှု့ ရှိတဲ့ ဘုရားကို
မတွေ့ ခဲ့ပါဘူး အဲဒီ ဘာသာတွေကို ကာကွယ်
စောင့်ရှောက်တဲ့ သာသနာပြုပုဂ္ဂိုလ်တွေကို
လေ့လာကြည့်တော့လည်း ရဟန်းသံဃာတော်တွေလောက်
ကြည်ညိုဖွယ်ရာအဆင်းရှိတဲ့ သာသနာပြုပုဂ္ဂ္ဂိုလ်မျိုးကို
အခြားဘာသာတွေမှာမတွေ့ ရပါဘူး
အဲဒီဘုရားရှင်တွေရဲ့ အဆုံးအမတွေကို
လေ့လာကြည့်တော့လည်း ဗုဒ္ဓတရားတော်လောက်
ပြီးပြည့်စုံတဲ့ သွန်သင်ညွန်ပြမှု့  ပြည့်စုံမှု့ ရှိတဲ့
ဘာသာအဆုံးအမကို အခြားဘာသာတွေမှာ
မတွေ့ နိုင်ပါဘူး
ကျွန်တော်တို့ မိသားစု မြန်မာနိုင်ငံမှာ တာဝန်
ထမ်းဆောင်မှု့ ရပြီး ဗုဒ္ဓဘာသာဖြစ်ခွင့်ရှိတာဟာ
အင်မတန်မှ ကံကောင်းလှပါတယ် အသက်ထက်ဆုံး
ဗုဒ္ဓအဆုံးအမအတိုင်း နေထိုင်သွားမှာပါ
shareု

No comments:
Post a Comment