Saturday, June 11, 2016

မဖြစ်နိုင်စရာ မရှိဘူး

မဖြစ်နိုင်စရာ မရှိဘူး
------------------
အိုင်းစတိုင်းက ပြောခဲ့တယ်
နောင်တချိန်ကျရင် စင်္ကြာဝဠာတစ်ခုလုံးမှာ
ဗုဒ္ဓဘာသာ တစ်ခုပဲ ရှိလိမ့်မယ်တဲ့

လက္ခဏာဆရာကြီးကိုင်ရိုက သူ့ ရဲ့ ကိုင်ရိုးမိမွှား
မှတ်တမ်းစာအုပ်ထဲမှာရေးထားတာက
တနေ့ နေ့ ကျရင် ဘားမား (မြန်မာ ) နိုင်ငံက
တကမ္ဘာလုံးကို ဗုဒ္ဓဘာသာနဲ့  အုပ်ချုပ်လိမ့်မယ်တဲ့
တချိန်က ဆက်သွယ်မှု့ မဖွင့်ဖြိုးလို့ မြန်မာ
နိုင်ငံနဲ့ ဗုဒ္ဓဘာသာအကြောင်းကို ကမ္ဘာက
မသိခဲ့ပေမဲ့ အခုအချိန်မှာတော့ ကမ္ဘာကြီးကို
ရွာအဖြစ်သတ်မှတ်ပြီး တကမ္ဘာလုံး
ဗုဒ္ဓဘာသာကို ထိတွေ့ ခွင့် ရလာတဲ့အချိန်မှာတော့
မြန်မာလူမျိုးနဲ့ ဗုဒ္ဓဘာသာကို ဥပေက္ခာပြုလို့ 
မရနိုင်တော့ပါဘူး
အခုကမ္ဘာကျော်ကြီးတွေ သိပ္ပံပညာရှင်ကြီးတွေ
ဘီလျံနာကြီးတွေ ဗုဒ္ဓဘာသာအဖြစ်ပြောင်းလဲ
လာကြတာတွေ အာဖရိကတိုက်လိုမျိုးမှာတောင်
ဗုဒ္ဓဘာသာဝင်ကူးပြောင်းပွဲ မကြာခဏလုပ်နေ
ကြတာတွေဟာ သက်သေပြချက်တွေပါပဲ
ဒီနုန်းအတိုင်းသာ သွားနေရင် အိုင်းစတိုင်းတို့ 
ကိုင်ရိုတို့ ပြောခဲ့တဲ့ စကားတွေဟာ ဘာလို့ 
မဖြစ်နိုင်ရမှာလဲ လုံးဝကို အသေအချာပါပဲ
မှားယွင်းစရာကိုမရှိပါဘူး
ဦးမြင့်ခိုင်

No comments:

Post a Comment