------------
ငါ မရှိလို့ မဖြစ်ပါဘူး ဆိုတဲ့သူတွေချည်း ရှိတဲ့နေရာကို သိချင်လား
သချိ င်္ုင်းကုန်းကို သွားကြည့်
အဲဒီမှာ
အဲလိုလူတွေချည်းပဲစုနေတာ
ဗုဒ္ဓက
အတ္တာဟိ အတ္တနော နာထော
ကိုယ်ကျိုးကိုသာကြည့်တဲ့
တရားလိုချင်သူဟာ
ကိုယ့်အတွက်ပါအောင် လုပ်နိုင်မှ
တရားနဲ့ နီးစပ်မယ်
ငါမရှိလိုမဖြစ်ဘူးဆိုတဲ့အယူကို
ဆုပ်ကိုင်မထားကြနဲ့ 
အဲဒီလိုလူတွေ သေသွားလည်း
ကျန်တဲ့သူတွေက
သူ့ ဟာနဲ့ သူ ပြီးသွားကြတာချည်းပဲ
သေတဲ့သူကသာ
စိုးရိမ်စိတ်နဲ့ သေသွာတာ
ကျန်ခဲ့တဲ့သူတွေက
သတိတောင်မရတော့ဘူး
အမျှပေးဖို့ တောင် မေ့နေကြတာ
ကိုယ်ဖြစ်ကိုယ်ခံပဲ
ဝိပဿနာ မထွန်းကားတဲ့အချိန်တုန်းက
အဲဒီလို ခံသွားရတဲ့ တို့ အဘိုးတွေ အဘွားတွေ
အများကြီးပဲ
အခု ဝိပဿနာ ထွန်းကားတဲ့အချိန်
တို့ အဘိုးအဘွားတွေလို အဖြစ်မခံကြနဲ့ 
ကံကောင်းလို့  ဝိပဿနာထွန်းကားချိန်မှာ
လူုဖြစ်နေကြတာ
လွတ်အောင်ရုန်းထွက်ကြ
သံသရာ အလည်မခံကြနဲ့ 
ဦးမြင့်ခိုင်
No comments:
Post a Comment