------------------------
တောထဲကဇရပ်တခုမှာ လူတစ်ရောက် ဘုရင်တပါးနဲ့ 
ပစ္စေကဗုဒ္ဓါ တိုရှိနေကြတဲ့အချိန်မှာ စာစရာမရှိကြလို့  လူက သူ့ မှာပါလာတဲ့
ထမင်းထုပ်ကို ဘုရင်ကို ပေးလိုက်တယ်ဘ
ဘုရင်ကလည်း သူမစားပဲ ပစ္စေကဗုဒ္ဓါကို လှုလိုက်တယ်
ပစ္စေကဗုဒ္ဓါက ဆွမ်းကို တပါးတည်း ဘုန်းပေးနေတယ်
အဲဒါကို လူက စဉ်းစားတယ်
အင်း ဒီပုဂ္ဂိုလ်ဟာ သူ့ ကိုကျွေးတဲ့ဘုရင်ကို
နဲနဲတောင် ပြန်မကျွေးဘူး တကယ်ဆို ပြန်ပြီးတော့
ဖိတ်ခေါ်ကျွေးမွေးသင့်တယ် အဲဒီလိုစဉ်းစားတာကို
ပစ္စေကဗုဒ္ဓါက သိတယ် ဆွမ်းဘုန်းပေးပြီးတော့မှ
မိန့် တော်မူတယ်
ူသူများကျွေးတဲ့ အရာကို စားသောက်တဲ့အခါ
ပြန်ပြီး စားပါဦးလားလို့  ဖိတ်ခေါ်တာဟာ
သဒ္ဓါတရားကို ကြီးကြီးကျယ်ကျယ် ဖျက်ဆီးမှု့ ပါတဲ့ သူများတကာစားဖို့ ဖိတ်ခေါ်ရင် သုံးခါအထိပဲ
ငြင်းပယ်ပါတဲ့ လေးခါမြောက်ခေါ်လို့ မှ မစားရင်
မစားတဲ့သူမှာအပြစ်ရှိပါတယ်တဲ့
ဒါ့ကြောင့် လေးခါမြောက်ခေါ်ရင် ဆာဆာ မဆာဆာ
နည်းနည်းဖြစ်ဖြစ်တော့စားရပါမယ်
ခေါ်တဲ့သူကလည်း အခြေအနေကိုကြည့်ပြီး
လေးခါမြောက်မခေါ်ဖို့ အရေးကြီးပါတယ်
ဘုရားရှင်ကိုယ်တော်မြတ်ကြီးကလည်း
ဘာပဲပြောပြော ဘာပဲလုပ်လုပ် သုံးကြိမ်
သုံးခါပဲ ခွင့်ပြုခဲ့ပါတယ် ညီတော်အာနန္ဒာ
လျောက်လို့  သုံးခါကျော်ပြီး လေးခါမြောက်ကျရင်
အာနန္ဒာ ငါဘုရားရှင်ကို မယုံလို့ လားလို့ 
မိန့် တော်မူတက်ပါတယ်
တကယ်တော့ မြန်မာတွေရဲ့ အားနာတက်တဲ့
ဓလေ့ကဆင်းသက်လာတဲ့ အိမ်ရှင်ကို တခါတည်း
ဝင်စားလိုက်ပါလား ဆိုတာ သဒ္ဓါတရားစော်ကားမှု့ 
ဖြစ်တဲ့အတွက် ဆင်ခြင်သင့်ပါတယ်
ဒါ့ကြောင့်
သူများကျွေးရင် သုံးခါပဲငြင်းပါ
သူများကိုခေါ်ရင် သုံးခါပဲခေါ်ပါ
အိမ်ရှင် (ကျွေးတဲ့သူ) ကို တခါတည်းစားပါလား
ရော့ မင်ရောစားအုံးလေ တို့ ကို
မပြုလုပ်နိုင်အောင် ဆင်ခြင်ကြပါ
No comments:
Post a Comment