----------------------------------
မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့
ထိုင်းနိုင်ငံဟာ တိုးတက်မှု့မှာ မြန်မာနိုင်ငံထက်
အစစ အရာရာ သာလွန်ပါတယ်
ရုပ်ဝတ္တုဘက်မှာ သာလွန်ပေမဲ့လည်း တရားဓမ္မနဲ့ 
ပါတ်သတ်လာရင်တော့ မြန်မာနိုင်ငံကို ပြန်ပြီး
အားကိုးရတာကိုတွေ့ တော့
အိမ်နီးချင်းနိုင်ငံနဲ့ နယ်စပ်မှာ သာသနာပြုနေတဲ့ သီလ သမာဓိ ပညာ နဲ့ 
ပြည့်စုံတဲ့ ဆရာတော်ဘုရားကြီးကို အကြိမ်ကြိမ်
ဦးခိုက်မိပါတယ်
ထိုင်းနိုင်ငံရဲ့ နယ်စပ်မြိုဖြစ်တဲ့ မယ်ဆိုင်မြို့နဲ့ ကပ်လျှက်ဖြစ်တဲ့ တာချီလိတ်မြို့မှာ ငွေတောင်ဦး
ကမ္မဋ္ဌာန်းကျောင်း ရှိပါတယ်
အမြဲတမ်းရိပ်သာတစ်ခုဖြစ်ပြီး မြန်မာယောဂီတွေအပြင် ထိုင်းနိုင်ငံသား
ယောဂီမြောက်များစွာလည်း ရှိပါတယ်
မြန်မာလိုရော ထိုင်းလိုပါ ဘာသာ နှစ်မျိုးနဲ့ 
နေ့ စဉ်ဟောပေးနေရပါတယ်
ဆရာတော်ဘုရားကြီးဟာလည်း ထိုင်းနိုင်ငံထဲကို
မကြာခဏ ကြွပြီး တရားပြရသလို
ဆရာဖြစ်သင်တန်းတွေလည်း သွားရောက်ဖွင့်လှစ်
ပေးရပါတယ် ဒါ့အပြင် မဟာချူလာလောင်ကွန်
တက္ကသိုလ်မှာ ဒေါက်တာဘွဲ့ ယူသူများကိုလည်း
တရားပြ တရားစစ်မေးရတာတွေဟာ မြန်မာနိုင်ငံ
အတွက် များစွာ ဂုဏ်တက်စေခဲ့ပါတယ်
ကိုယ့်နိုင်ငံကနေ သူများနိုင်ငံကို သွားရောက်ပြီး
တရားပြသဖို့ ဆိုတာ တော်ယုံ သီလ သမာဓိ ပညာ နဲ့တော့ မရနိုင်ပါဘူး
နိုင်ငံချင်းယှဉ်လို့  တိုးတက်မှု့ ကွာဟပေမဲ့
တရားဓမ္မနဲ့ ပါတ်သတ်တဲ့ တိုးတက်မှု့မှာတော့
မြန်မာဆိုတာ ဘယ်နိုင်ငံနဲ့ ပဲ ယှဉ်ယှဉ်
ထိပ်ဆုံးမှာရှိနေတယ်ဆိုတာ မြန်မာပြည်သူတွေ
သိသင့်ပါတယ်
ပရိယတ္တိပိုင်းမှာ စာတက်ပေတက် ရဟန်းသံဃာ
ငါးသိန်းလောက်ရှိပါတယ် ငယ်လတ်ကြီး
စာချ စတဲ့ ရဟန်းတော်စာပေတက်မြောက်သူတွေ
လင်္ကာရ အဘိဝံသ သစအ စတဲ့ လောကုတ္တရာ
စာပေဘက်မှာ ထူးချွန်သူတွေ ဒွိပိဋက တိပိဋက စတဲ့ သုတဗုဒ္ဓအမည်ခံသူတွေ စတဲ့ ထူးချွန်ထက်မြက်တဲ့ ပုဂ္ဂိုလ်ကြီးတွေဟာ
မြန်မာနိုင်ငံကလွဲလို့  ဘယ်နိုင်ငံမှာမှ မရှိပါဘူး
ပဋိပတ္တိဘက်မှာဆိုရင်လည်း နည်းစနစ်မှန်မှန်နဲ့ 
တရားရဲ့နက်နဲတဲ့သဘောတရားတွေကိုပြနိုင်သူ
တွေဟာလည်း မြန်မာနိုင်ငံမှာ ဒုနဲ့  ဒေး ပါ
သြော်
ရုပ်ဝတ္တုပိုင်းမှာမယှဉ်နိုင်ပေမဲ့
့ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို တရားဓမ္မ နဲ့ 
ကယ်တင်နေကြတဲ့ ဆရာတော်ဘုရားကြီးများနဲ့ 
ရဟန်းသံဃာတော်အပေါင်းကို အကြိမ်ကြိမ်
ဦးခိုက်မိပါတော့ တယ်
ဦးမြင့်ခိုင်






No comments:
Post a Comment