Saturday, June 11, 2016

ကိုယ့်အလှည့်ကျ မနွဲ့ ကျစတမ်း

ကိုယ့်အလှည်ကျရင်တော့ဖြင့် - - - - - - -
-----------------------------------
ဘုရားရှင်လက်ထက်တော်အခါက ၁၅ ရက်အတွင်းသေတော့မဲ့ မင်းသမီးတပါးကို
ဘုရားရှင်က ၁၅ ရက်အတွင်းသေတော့မယ်လည်းပြောလိုက်ရော
ထိတ်လန့် ပြီး တရားဘာဝနာတွေ အားထုတ်သတဲ့

သေမယ်ဆိုတာ မသိခင်ကတော့ သေဖို့ မေ့ပြီး
ကာမဂုဏ်အာရုံနဲ့ ပျော်ပါးနေလိုက်တာ
သေမယ်လည်းပြောရော ဘာမှ မလုပ်တော့ပဲ
ဒါန သီလ ဘာဝနာ နဲ့ ပဲ နေ့ စဉ်အားထုတ်ပြီး
အချိန်ကုန်ခဲ့သတဲ့
သြော်
ဒါနဲ့ ပါတ်သတ်ပြီး စဉ်းစားမိတာလေးတခုက
လူတိုင်းဟာ ကိုယ့်ကိုကိုယ် သေမယ်လို့  မထင်ပဲ
သေသွားကြတာချည်းပါပဲ ဒီနေ့ သေမဲ့သူတွေ
အများကြီးရှိသလို မနက်ဖန်သေမဲ့သူတွေလည်း
အများကြီးပါ
အဲဒီလိုသေမဲ့သူတွေ ရှိမှာဖြစ်ပေမဲ့
ဘယ်သူမှ ကြိုမသိသလို သေမဲ့သူတွေကလည်း
သေမယ်ဆိုတာ ကြိုမသိတော့
ပြုံးပျော် နေကြတုန်းပါပဲ
တကယ်တော့
လူတိုင်းဟာ ကိုယ့်ရည်ရွယ်ချက်မပြည့်ခင်
သေသွားကြတဲ့သူချည်းပါပဲ
အဲဒီသေခြင်းတရားကို သတိရှိရှိ ရင်ဆိုင်နိုင်ဖို့ 
မသေခင်မှာပဲ မရဏာအနုဿတိ လို့ ခေါ်တဲ့
သေခြင်းတရားကို အဖန်ဖန်အထပ်ထပ် ပွားထား
သင့်လှပါတယ်
အဲဒီလို နှလုံးမသွင်းပဲ
သေသွားတော့မှ
မနက်ကအကောင်းကြီးပါ
ဟာ - - - မဖြစ်နိုင်ဘူး ခုနကတောင် အကောင်းကြီးရှိသေးတယ်
ဟင် - - - ဟုတ်ရဲ့လား အခုလေးတင် ငါနဲ့ စကား
ပြောခဲ့သေးတယ် - - - စတဲ့ အာမေဋိတ်သံတွေ
နဲ့  နောင်တရမယ်ဆိုရင်


 

No comments:

Post a Comment