--------------------
fb သုံးကြတဲ့သူတော်တော်များများကို လေ့လာ
ကြည့်တော့ တခုသတိထားမိတယ်
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပါတီဝင်တွေ အချင်းချင်း
မိမိတို့ ယုံကြည်ရာ ယုံကြည်ရာကို လက်ခံကြ
မဲဆွယ်ကြ ထောက်ခံကြ နဲ့  စုံနေတာပါပဲ
ပါတီတခုရဲ့ ခေါင်းဆောင်ကို ထောက်ခံတဲ့ လူတွေ
တင်တဲ့ ပို့ စ်တခု အောက်မှာ ဆိုလည်း အဲဒီ
ခေါင်းဆောင်တွေကို ထောက်ခံတဲ့ လူအချင်းချင်း
အတိုင်အဖေါက်ညီညီနဲ့  ရေးကြ ထောက်ခံကြနဲ့ 
အဆင်ကိုပြေလို့ 
အဲဒီပါတီရဲ့ခေါင်းဆောင်ကို မထောက်ခံတဲ့ လူတွေ
တင်တဲ့ ပို့ စ်တခုရဲ့ အောက်မှာလည်း မထောက်
ခံတဲ့အကြောင်း ရေးကြ ကွန်းမန့် အမျိုးမျိုးပေးကြ
နဲ့ အတိုင်အဖေါက်ကို ညီလို့ 
ယောင်လို့ များ မိမိတို့ နဲ့ ဆန့် ကျင်ဘက်ကို
ဝင်ရောက်ပြီး မန့် မိလို့ ကတော့
အမေဂျမ်းက အဖေခေါ်ရလောက်အောင် အဆဲ
အဆိုတွေ နဲ့  တုန့် ပြန်နေကြတာ
ဘယ်လိုများ နားလည်ရမှန်းမသိတော့ဘူး
တကယ်ဆို
အယူတခုကို ခေါင်းတည်ပြီး ဆွေးနွေးကြ
မေးမြန်းကြမယ်ဆိုရင်
မိမိတို့ ပါတီရဲ့ ဘယ်နေရာမှာ ဘာမှားလို့  လည်း
ဆိုတာကို ပြန်မေး ပြန်ရှင်းပြ တဦးနဲ့ တဦး
အပြုသဘောဆောင်တဲ့ ဆွေးနွေးကြမယ်ဆိုရင်
ကိုယ့်ပါတီလည်း နာမည်ရ ကိုယ်က ရှင်းပြနိုင်ရင်
တယောက်ပဲ ပြောင်းပြောင်း
တကယ်ကို အကျိုးရှိစေမှာပါ
အခုတော့
တို့ မီး ရှို့ မီး ပါတီက ဆန့် ကျင်ဘက်ဝင်ရေး
ပြီးတော့ မသိချင်ယောင်ဆောင်ပြီးပြန်ထွက်သွား
ကျန်တဲ့သူတွေကို အဆဲ အဆိုတွေနဲ့ 
အကုသိုလ်တတ်ပြီး ကျန်ခဲ့
ဟူးး
ယောင် လို့  များ
ဆန့် ကျင်ဘက်ပါတီရဲ့ ပို့ စ်အောက်ကို
အလည်မသွားမိစေနဲ့ 
ရှင်းပြဖို့ ထက်
ဆဲဆိုဖို့ စောင့်နေတဲ့ သူတွေက
ပိုများသလိုပဲ
မစည်းလုံသရွေ့ ကတော့
ဘာမှ ရလာမှာမဟုတ်ဘူး
No comments:
Post a Comment