Friday, June 10, 2016

မိမိကြောင့် ဘာသာမငြိုးနွမ်းပါစေနဲ့ 

မိမိကြောင့် ဘာသာမငြိုးနွမ်းပါစေနဲ့ 
------------------------------------
fb ဆိုတာ တကမ္ဘာလုံးက သုံးနေကြတာပါ
ဘယ်နိုင်ငံက ဘယ်လူမျိုးက ဘယ်အကြောင်း
အရာပဲရေးရေး တကမ္ဘာလုံးက သိကြတယ်
ဘာသာတိုင်း လူမျိုးတိုင်းက သိကြပါတယ်
မြန်မာလူမျိုးတွေဟာ ဗုဒ္ဓဘာသာဝင်တွေပါ
အရာရာ အားငယ်နေရပေမဲ့
သိမ်ငယ်နေရပေမဲ့
ရုပ်ဝတ္တူဖွံ့ ဖြိုးမှု့ နှေးကွေးနေပေမဲ့
ဗုဒ္ဓတရားတော်တွေကြောင့်
နိုင်ငံတကာရဲ့ အလေးထားမှု့
ကြည်ညိုမှု့
အသိအမှတ်ပြု တာကို
ခံနေကြရတာပါ
ဗုဒ္ဓရဲ့တရားတော်တွေကြောင့်
ဂုဏ်တက် နေကြရတာပါ
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကြောင့်
ပြည်သူတွေ ဒေါသထွက်နေတာကို
လက်ခံပါတယ်
ဒါပေမဲ့
fb မှာ တဦးနဲ့ တဦး
တပါတီနဲ့  တပါတီ
မလိုမုန်းတီးမှု့တွေ နဲ့ 
ရုန့် ရင်းကြမ်းတမ်းစွာနဲ့ 
ဆဲဆို နေကြတာတွေ့ ရတော့
နိုင်ငံတကာက
fb သုံးသူတွေဟာ
ဗုဒ္ဓဘာသာဝင်တွေကို
ဘယ်လိုထင်မလဲ
ပြောတော့လည်း
နူးညံ့သိမ်မွေ့ တဲ့ဘာသာ
မေတ္တာတရားကြီးမားတဲ့ ဘာသာ တဲ့
တကယ်လို့ များ
ဘာသာခြားတွေ က မြန်မာနိုင်ငံက
fb သုံးသူတွေရဲ့ အခြအနေကို
လေ့လာကြည့်ပြီး
တခုခု သတ်မှတ်မယ် ဆိုရင်
ကျွန်တော်တို့ တတွေကို
ဘယ်လိုများ သတ်မှတ်လိမ့်မယ်
ထင်ပါသလဲ
ဘုရားရှင်ရဲ့
မျက်နှာတော်ကိုတောင်
ရဲရဲ တင်းတင်း မကြည့်ရဲတော့ပါဘူး
ဘာပဲဖြစ်ဖြစ်
ဘယ်လောက်ပဲ ဒေါသထွက်ထွက်
ဘုရားရှင်ကို
သိက္ခာမချကြပါနဲ့ နော်
ဗုဒ္ဓရဲ့ ဓမ္မတခုတည်းကြောင့်သာ
မြန်မာဆိုတာ
ကမ္ဘာမှာ လက်မထောင်နိုင်တာပါ
ဒီတခုသာ
ကိုယ့်ကြောင့်
တန်ဘိုးမဲ့သွားမယ်ဆိုရင်
ဓမ္မမိတ်ဆွေတို့ ရေ
မြန်မာနိုင်ငံဟာ
ဘယ်အရာနဲ့ များ
ဂုဏ်ယူစရာရှိပါတော့မလဲ
တန် ဘိုး ထား ကြ ပါ နော်
ဘုရားရှင်ကို
သိက္ခာမချကြပါနဲ့  လို့ 
တောင်းဆိုပါရစေ

 

No comments:

Post a Comment