တရားထိုင်လိုသော် အပိုင်း ( ၁ )
-----------------------------------------
နိဗ္ဗါန်ကို မျက်မှောက်ပြုလိုသူများအတွက်
တရားထိုင်တဲ့နေရမှာ လမ်းနှစ်သွယ်ရှိပါ
တယ်
၁ သမထယာနိကပုဂ္ဂို လ်
ကမ္မဋ္ဌာန်း ၄၀ ကို ကျင့်ပြီးသမာဓိတည်
မှ ဝိပဿ နာကို ကူရတာပါ
(ကမ္မဋ္ဌာန်း ၄၀ ကိုပို့ စ်တင်ပေးပါ့မည်)
၂ ဝိပဿ နာ ယာနိကပုဂ္ဂို လ်
ဝိပဿ နာကို တိုက်ရိုက်ရှူ့ ရတာပါ
ဝိပဿ နာကို ရှူ တယ်ဆိုတာ သတိပဋ္ဌာန်
လေးပါးအနက် တပါးပါးကို စွဲစွဲမြဲမြဲ ရှူ့ ရ
တာပါ
၁ ကာယာအနု ပဿ နာသတိပဋ္ဌာန်
၂ ဝေဒနာအနု ပဿ နာသတိပဋ္ဌာန်
၃ စိတ္တာအနုပဿ နာသတိပဋ္ဌာန်
၎ ဓမ္မာအနု ပဿ နာ သတိပဋ္ဌာန်
ဆိုပြီး လေးမျိုးရှိပါတယ်
အဓိက ကတော့ ဘယ်နည်းနဲ့ ပဲရှူ့  ရှူ့ 
တခုခုကိုစွဲစွဲမြဲမြဲ လုပ်ဖို့ ပါပဲ
ကာယာနုပဿ နာဆိုတာ
ခန္ဓာကိုယ်မှာမပြတ်ဖြစ်ပေါ်နေတဲ့
မဟာစည်နည်းဆိုဖေါင်းပိန် မိုးကုတ်နည်း
ဆို ဝင်လေထွက်လေ အစရှိသည်ကို
သတိမပြတ်ရှူ့ မှတ်ရတာပါပဲ
ဝေဒနာနုပဿ နာဆိုတာ ခံစားမှူ့ သဘော ပူ အေး ချမ်းသာ ဆင်းရဲ အစရှိတဲ့
ခံစားမှူ့ မှန်သမျှကို ရှူ့ ရတာပါ
စိတ္တာနုပဿ နာဆိုတာ စိတ်မှာဖြစ်ပေါ်
နေတဲ့ စားချင်စိတ် ဝတ်ချင်စိတ် ဝမ်းသာ
စိတ် ဝမ်းနည်းစိတ် အစရှိတဲ့ စိတ်မှာ
ဖြစ်ပေါ်နေတာတွေကို သတိနဲ့ စောင့်ပြီး
ရှူ့ ရတာပါ
အဲဒီသတိပဋ္ဌာန်သုံးပါးရှူ့ လို့ 
တွေ့ သိလာရတဲ့ မမြဲခြင်းသဘောတွေ
ဆင်းရဲခြင်းသဘောတွေ အစိုးမရခြင်း
သဘောတွေကို ဥာဏ်နဲ့ တွေသိပြီး
ရှူ့ မြင်တာကို ဓမ္မာအနု ပဿ နာ ရှူ့ တယ်
လို့ ခေါ်ပါတယ်
ခန္တာကိုယ်ကြီးရဲ့ မမြဲတဲ့သဘော
ဆင်းရဲတဲ့သဘော
အစိုးမရတဲ့သဘောတွေကို ရှူ့ တာဟာ
ဓမ္မာအနု ပဿ ရှူ့ တာပါပဲ
သတိပဋ္ဌာန်လေးပါးမှာ ထင်ရှားရာ ရှူ့ ရ
မယ်လို့ ဆိုထားတဲ့အတွက် အမြဲမပြတ်
ထင်ရှားဖြစ်ပေါ်နေတဲ့ ဖေါင်းခြင်းပိန်ခြင်း
ဝင်လေဝင်ခြင်း ထွက်လေထွက်ခြင်းကို
ပင်တိုင်ကမ္မဋ္ဌာန်းအဖြစ်ယူထားတာပါ ပဲ
တကယ်တော့ ဖေါင်းပိန်တို့  ဝင်လေထွက်
လေတို့ ဆိုတာ တရားမဟုတ်ပါဘူး
ုပြန့် လွင်တက်တဲ့စိတ်ကို ထိမ်းချု ပ်ဖို့ 
မှတ်ရတဲ့ ပင်တိုင်ကမ္မဋ္ဌာန်းလို့ ခေါ်ပါတယ်
မိမိတို့ နီးစပ်ရာ မိုးကုတ် မဟာစည် လယ်တီ စတဲ့ ကိုယ်တွေ့ ထိတဲ့ ပင်တိုင်
ကမ္မဋ္ဌာန်းတခုခုကို စွဲစွဲမြဲမြဲ လုပ်ဖို့ က
အရေးကြီးလှပါတယ်
အဓိက ကတော့ ကိုယ်ကြိုက်တဲ့ကမ္မဋ္ဌာန်း
တခုခုကိုစွဲစွဲမြဲမြဲ လုပ်ဖို့ ပါပဲ
ဟိုနည်းကောင်းတယ် ဒီနည်းကောင်း
တယ်ဆိုပြီး မငြင်းမိဖို့ အရေးကြီးလှပါတယ်
အပိုင်း ၂ ဆက်ဖတ်ပါ
တရားထိုင်လိုသော် အပိုင်း ( ၂ )
----------------------------------------
တရားထိုင်သူများ အထူးသတိထားဖို့ က
မိမိရွေးခြယ်တဲ့ကမ္မဋ္ဌာန်းကို စွဲစွဲမြဲမြဲ လုပ်
ဖို့ ပါပဲ ဘုရားရှင်လက်ထက်က ဘုရားရှင်
နဲ့ ကျွတ်တမ်းဝင်သူတွေရှိသလို ရှင်သာရိ
ပုတြာ ရှင်မဟာမောဂ္ဂလန် စတဲ့ သူ့ ဆိုင်
ရာဆိုင်ရာ သာဝကတွေနဲ့ လည်း ကျွတ်
တမ်းဝင်သူတွေရှိပါတယ်
ခုခောတ်မှာလည်း မိုးကုတ်နည်းနဲ့  ထိတွေ့ သူရှိသလို မဟာစည် လယ်တီ
စွန်းလွန်း စတဲ့ သူ့ ဆိုင်ရာဆိုင်ရာ ဆရာ
တော်ကြီးတွေရဲ့နည်းနဲ့ အားထုတ်နေကြ
သူတွေလည်း အများကြီးပါ ဒါ့ကြောင့်
ကမ္မဋ္ဌာန်းကို ရွေးခြယ်စရာမလိုပါဘူး
တခုခုကို ထိထိမိမိ ရွေးခြယ်ပြီးကျင့်သုံးဖို့ 
ပဲလိုပါတယ် ရေလိုချင်ရင် တနေရာတည်း
ဇောက်ချတူးမှ ရမှာပါ ဟိုနေရာတူးလိုက်
ဒီနေရာတူးလိုက်ဆိုရင်တော့ မရနိုင်ပါဘူး
နောက်ပြီး မိမိတို့ နှစ်သက်တဲ့ကမ္မဋ္ဌာန်း
ကျင့်သုံးတဲ့အခါ တဦးနဲ့ တဦး တရားမြင်
ပုံရင်းလည်းမတူနိုင်ပါဘူး သတိပဋ္ဌာန်
ကွာခြားတဲ့အတွက် တွေ့ မြင်ပုံလည်း
ကွာခြားပါလိမ့်မယ်
ဒါပေမဲ့ ရွေတိဂုံဘုရားပေါ်တက်တဲ့ ဥပမာ
လိုပါပဲ တက်တဲ့မုဂ် မတူလို့ ဘေးက
မြင်ကွင်းတွေကွဲပေမဲ့ ဘုရားပေါ် ရောက်
သွားရင်တော့ မြင်ကွင်းက အတူတူပဲ
ဖြစ်သွားမှာပါ
ကာယပဲရှူ့ ရှူ့  ဝေဒပဲရှူ့ ရှူ့ 
စိတ္တာပဲ ရှူ့ ရှူ့  အားလုံးဟာ
ဓမ္မာအနု ပဿ နာမှာပဲ
ပေါင်းစုံသွားပါလိမ့်မယ်
ဒါ့ကြောင့် သူ့ နည်းကောင်းတယ်
ငါ့နည်းမှန်တယ် မငြင်းဖို့ နဲ့ 
တခုခုကိုစွဲစွဲမြဲမြဲ လုပ်ဖို့  အရေးကြီးလှပါတယ်
တခုခုကိုစွဲစွဲမြဲမြဲ လုပ်မှပဲ တည်ကြည်မှူ့ 
ဆိုတဲ့ သမာဓိတည်မယ် သမာဓိတည်မှပဲ
ပညာဆိုတာ ရုပ်နာမ်ရဲ့ အမှန်သဘောကို
ဥာဏ်နဲ့ ပိုင်းခြားပြီးသိမှာပါ သမာဓိမတည်
ပဲ ပညာ မဖြစ်ပါဘူး
ဒါ့ကြောင့် တခုခုကိုစွဲစွဲမြဲမြဲ လုပ်ဖို့ 
အရေးကြီးတာပါ
အပိုင်း ၃ ဆက်ဖတ်ပါ
တရားထိုင်လိုသော် အပိုင်း ( ၃ )
-----------------------------------------
တရားထိုင်တဲ့အခါ မိမိရှူ့ မှတ်နေတဲ့
ကမ္မဋ္ဌာန်းအပေါ်မှာ ရှူ့ မှတ်စိတ်မြဲဖို့ က
အဓိက လိုရင်းပါ မှတ် စိတ်မြဲပါမှ ရုပ်နာမ်
ရဲ့ ပင်ကိုသဘောအမှန်ကို သိတဲ့ ပညာ
ဥာဏ်ဖြစ်ပေါ်မှာပါ
ဝိပဿ နာရှူ့ တယ်ဆိုတာ သမာဓိမတည်
ခင်မှာ ပညတ်ကိုပဲအရင်ရှူ့ ရတာပါပဲ
ပညတ်ကိုရှူ့ ပါများလာမှ ပရမတ်ကိုမြင်မှာ
ပါ ဖေါင်းပိန် ဝင်လေ ထွက်လေတို့ ဟာ
ပညတ်တွေပါ ဒါ့ကြောင့် ဘာကိုပဲရှူ့ ရှူ့ 
အရေးမကြီးပါဘူး အရှူ့ ခံအာရုံ မျှသာ
ဖြစ်တဲ့အတွက် ဘာမှမထူးပါဘူး မှတ်စိတ်
မြဲအောင် ရှေ့ အမှတ် နောက်အမှတ်
ဆက်အောင်ရှူ့ ဖို့ သာ အဓိကပါ
သင်္ခါရမှန်သမျှ ဒုက္ခသစ္စာချည်းဖြစ်တဲ့
အတွက် ဝိပဿ နာရှူ့ ကောင်းပါတယ်
သတိပဋ္ဌာန်လေးပါးမှာ ဘာပဲရှူ့ရှူ့
ရှူ့ လို့ ရပေမဲ့ ထင်ရှားရာအာရုံကို ရှူ့ မှ
သမာဓိရလွယ်တယ်လို့ ဆိုထားတဲ့
အတွက် ကမ္မဋ္ဌာန်းဆရာတော်အများစု
ဟာ ထင်ရှားတဲ့ ရုပ်ကနေ စရှူ့ဖို့  ညွန်ကြား
ကြပါတယ် ရုပ်တောင်မှ မဟာဘုတ်ရုပ်
ဥပါဒရုပ်ဆိုပြီး နှစ်မျိုးရှိပေမဲ့ ထင်ရှားတဲ့
မဟာဘုတ်ရုပ်ကို ရှူ့ ရင် ပိုပြီး သမာဓိရ
လွယ်တဲ့အတွက် ရုပ်ကိုပဲ အဓိကရှူ့ ဖို့ 
ညွန်ကြားကြပါတယ် ကျမ်းဂန်အများစုက
လည်း ရုပ်ကိုပဲ စရှူ့ ဖို့  ညွန်ကြားတာပါ
ဒါ့ကြောင့်ခန္ဓာကိုယ်ကြီးမှာ ထင်ထင်ရှား
ရှားဖြစ်ပေါ်နေတဲ့ ဖေါင်းခြင်း ပိန်ခြင်း ကို
ပင်တိုင်ကမ္မဋ္ဌာန်းယူရှူ့ မှတ်ခါ အခြားသော
ခန္ဓာကိုယ်မှာဖြစ်ပေါ်တဲ့ ကွေးခြင်းဆန့် ခြင်း ထိုင်ခြင်း လမ်းလျှောက်ခြင်း စတဲ့
အမူအယာတိုင်းကို သတိမလွတ်ပဲ ရှူ့ မှတ်
ဖို့ မဟာစည်ဆရာတော်ဘုရားကြီးက
ညွန်ကြားခဲ့တာပါ
(မဟာစည်ရှူ့ မှတ်နည်းကို အရင်ပြောပြီးမှ
မိုးကုတ် လယ်တီ ရှူ့ မှတ်နည်းများကို
ပြောပါမည် )
အပိုင်း ၄ ဆက်ဖတ်ပါရန်
တရားထိုင်လိုသော် အပိုင်း (၄ )
------------------------------------------
တရားထိုင်လိုသူဟာ သီလစင်ကြယ်ဖို့ အရေးကြီးလှပါတယ် လူဆိုလည်း အနည်းဆုံးငါးပါးသီလစင်ကြယ်ဖို့  လိုအပ်
ပါတယ် ရဟန်းတော်များက ပိုပြီးအရေး
ကြီးပါတယ် လူတွေက သီလမစင်ကြယ်
ရင်တောင် မဂ်ဖိုလ် နိဗ္ဗါန်ကို ရတက်ပါသေးတယ် ရဟန်းတော်များရဲ့
သီလမစင်ကြယ်မှူ့ က မဂ်ဖိုလ်ကို အန္တရယ်ပေးပါတယ် ရဟန်းတော်များက
အာပတ်စင်ကြယ်နေမှသာလျှင် တရား
တွေ့ နိုင်မှာပါ
သီလ သမာဓိ ပညာ ဖြစ်တဲံ့အတွက်
သီလစင်ကြယ်မှ သမာဓိတည်မယ်
သမာဓိတည်မှ ပညာဥာဏ်ဖြစ်မှာ ဖြစ်တဲ့
အတွက် လူဖြစ်စေ ရဟန်းဖြစ်စေ သီလ
စင်ကြယ်ဖို့ က အရေးကြီးလှပါတယ်
ဒါ့ကြောင့် ငါးပါးသီလဆောက်တည်ပါ
ပြီးရင် ပရိကံပြုပါ ပရိကန်ဆိုတာ မိမိရဲ့
ခန္ဓာကိုယ်ကို ဘုရားရှင်ဆီအပ်နှံခြင်း
သူတော်ကောင်းများအားပြစ်မှားထားခြင်း
များရှိခဲ့ဘူးပါက ကျေအေးဖို့ တောင်းပန်
ကန်တော့ခြင်းအစရှိသည်တို့ ကို ပြု လုပ်
တာပါပဲ ဘာ့ကြောင့်လုပ်ရသလည်းဆို
တော့ ခင်ပွန်းကြီး ၁၀ ပါးကိုပြစ်မှာမိရင်
တရားမရနိုင်တဲ့အတွက်ကတကြောင်း
ပြီးတော့ ကိုယ်က ပါရမီပြည့်လို့  တရားထူးရနိုင်မယ်ဆိုရင် မာန်နတ်က
လာနှောင့်ယှက်တက်ပါတယ် မဂ်ဥာဏ်
ကူးခါနီးလေ နှောင့်ယှက်မှူ့ ပြင်းထန်လေ
ပါပဲ ဒါ့ကြောင့် အဲဒီ အဖျက်အဆီးတွေက
ကင်းဝေးဖို့ အတွက် ပရိကန်ပြုခြင်း အစ
ရှိသည်တို့ ကို ပြုလုပ်ရတာပါ ပဲ
ဝိပဿ နာတရားအားထုတ်လို့ ဥာဏ်စဉ်
တွေမြင့်လာတာနဲ့ အမျှ မာန်နတ်က သူ့ 
တပည့်တွေကို ဖျက်ခိုင်းတယ် လိုအပ်ရင်
သူကိုယ်တိုင်ဖျက်စီးပါတယ် ဒါ့ကြောင့်ပါ
(ပရိကန်ပြု ပုံကို ပို့ စ်တင်ပေးပါမည် )
အရင်ဆုံး သီလယူပါ ပရိကန်ပြုပါ ဘုရား
ရှင်၏ ဂုဏ်တော်များကို ပွားပါ မေတ္တာပို့ ပါ
မိမိကိုယ်ကို ယခုချက်ချင်းသေနိုင်ပုံ အစ
ရှိသည်တို့ ကို နှလုံးသွင်းပါ
ပြီးလျှင် ခန္ဓာကိုယ် ကို တင်ပလ္လင်ခွေထိုင်
၍ ခါးကို ဖြောင့်စွာထားပြီး မိမိဝမ်းဗိုက်ကို
စိတ်စိုက်၍ ဝိပဿ နာကို စတင်ရှူ့ မှတ်ပါ
တင်ပလ္လင်ခွေထိုင်တဲ့ က္ကုရိယာပုဒ်ဟာ
ထိုင်ကမ္မဋ္ဌာန်းကိုကြာရှည်စွာ ထိုင်နိုင်
သည့်အတွက် သမာဓိရလွယ်လို့ ပါပဲ
ခါးကို ဖြောင့်စွာထားခိုင်းတာကတော့
ကျောရိုးဆစ် ၁၈ ခုဟာ ခါးကို မတ်မတ်
ထားထိုင်မှ အချင်းချင်း အံဝင်ခွင်ကျဖြစ်ပြီး
သက်တောင်သက်သာရှိကာ ကြာရှည်
ထိုင်နိုင်ပါတယ် ခါးကကိုင်းနေရင် အရိုး
အဆစ်တွေဟာ အံဝင်ခွင်ကျ မရှိတဲ့
အတွက် သွေးလည်ပတ်မှူ့ မမှန်မကန်
ဖြစ်ခါ ခဏလေးနှင့် ထုံကျင်ကိုက်ခဲခြင်း
သွေးလေးလာပြီး ငိုင်မျဉ်း ခြင်း(ထိနမိဒ္ဓ )
တို့  ဖြစ်ပေါ်လာတက်ပြီး သမာဓိမရဖြစ်
တက်ပါတယ် ဒါ့ကြောင့် ခါးကို ဖြောင့်စွာ
ထားဖို့ လည်း လိုအပ်ပါတယ်
အပိုင်း ၅ ဆက်ဖတ်ပါု
တရားထိုင်လိုသော် အပိုင်း ( ၅ )
------------------------------------------
တရားစထိုင်ပြီးဆိုနဲ့ ယောဂီဟာ မိမိရဲ့
ဝမ်းဗိုက်ကို စိတ်စိုက်ပြီး ကြည့်ဖို့ ပါပဲ
အသက်ရှူ သွင်းလို့  ဝမ်းဗိုက်ဖေါင်းလာ
တာကို ဖေါင်းတယ်လို့ မှတ်ရမှာပါ
လေပြန်ထုတ်လိုက်လို့  ဝမ်းဗိုက်ပိန်ကျ
သွားတာကို ပိန်တယ်လို့ သိနေယုံပါပဲ
ပါးစပ်ကအသံထွက်ဖို့ မလိုပါဘူး မိမိစိတ်
က သိနေရင်ရပါပြီ အဲဒီလိုဝမ်းဗိုက်မြင့်
တက်လာတာကိုဖေါင်းတယ် ပိန်ကျသွား
တာကို ပိန်တယ်လို့  မှတ်နေတာကိုက
ဝိပဿ နာ ရှူ့ မှတ်နေတာပါပဲ
အဲဒီလိုထိုင်တဲ့အခါ စပြီးထိုင်ခါစယောဂီ
ဟာ မှတ်လို့မရဖြစ်တာမျိုး ဖေါင်းရုပ်
ပိန်ရုပ်ကို မမြင်တာမျိုးတွေ ဖြစ်တက်
ပါတယ် ဒါဟာ စိတ်ပျက်စရာမဟုတ်ပါဘူး
ယောဂီတော်တော်များများ ဖြစ်တက်တဲ့
သဘောပါ မိမိက စထိုင်ခါစမို့  သမာဓိ
အားမရှိသေးလို့ ဖြစ်တက်တာပါ
ဒီနေရာမှာ ကမ္မဋ္ဌာန်းအာရုံ ကို ယူလို့ မရ
သေးတဲ့ယောဂီများအတွက် ဂဏန်းသင်္ချာ
နည်း (ဂနဏနည်း) ကို သုံးသင့်တယ်လို့ 
ကျမ်းဂန်တွေမှာညွန်ပြထားပါတယ်
တစ်နှစ်သုံးလေး ဆိုပြီး မှတ်တဲ့နည်းပါ
ဖေါင်းတယ်ပိန်တယ် ဆိုတာကို မမှတ်
တော့ပဲ ဖေါင်းလာရင် တစ် ပိန်သွားရင်နှစ်
နောက်တခါဖေါင်းလာရင်သုံး ပိန်သွားရင်
လေး အစရှိသဖြင့် ဖေါင်းပိန်နေရာမှာ
တစ်နှစ်သုံးလေးနဲ့ အစားထိုးမှတ်ဖို့ ပါပဲ
အဲဒီလို မှတ်တဲ့နေရာမှာတော့ တစ်ဆယ်
အထိကျော်ပြီမရေသင့်ပါဘူးလို့  ဝိသုဒ္ဓိမဂ်
အဋ္ဌကထာ ဆရာကမိန့် ထားပါတယ်
တစ်ဆယ်မရောက်ခင် တစ်ကပြန်စရေနေ
ရင်လည်း ခဏခဏရေနေရမှာမို့  သမာဓိ
ရဖို့ မလွယ်သလို တစ်ဆယ်ကျော်သွားလို့ 
ရှိရင်လည်း ဂဏန်းရေတွက်ရတာများလာ
ပြီးအာရုံပြန့် လွင်ခါ သမာဓိမရဖြစ်တက်
ပါတယ်တဲ့ ဒါ့ကြောင့် တစ်ကနေတစ်ဆယ်
အထိ ရေပြီးမှတ်တာ ပိုမိုအဆင်ပြေပါ
တယ်လို့  ဆိုထားပါတယ်
ဒါ့ကြောင့် ဖေါင်းရုပ် ပိန်ရုပ်ကို အာရုံယူပြီး
မမှတ်နိုင်သေးတဲ့ ယောဂီများအတွက်
ဂဏန်းသင်္ချာနည်းနဲ့ စမှတ်သင့်ပါတယ်
စထိုင်ခါစယောဂီဟာ တရားတနာရီထိုင်
မယ်ဆိုရင် ၁၅ မိနစ်လောက်ကို ဂဏန်း
သင်္ချာနည်းနဲ့ မှတ်ပြီးမှ မိမိတို့ ရဲ့ မူလ
ကမ္မဋ္ဌာန်းဖြစ်တဲ့ ဖေါင်းပိန် ကိုပြန်လည်
မှတ်ရပါမယ် ဂဏန်းသင်္ချာနည်းဟာ
ပြန့် လွင့်နေတဲ့စိတ်ကို ထိမ်းချု ပ်ရာမှာ
များစွာအထောက်အကူ ပြုတယ်လို့ 
ဆိုပါတယ်
အပိုင်း ၆ ဆက်ဖတ်ပါ
တရားထိုင်လိုသော် အပိုင်း ( ၆ )
-------------------------------------------
တရားစမှတ်ပြီဆိုတာနဲ့  မိမိရဲ့စိတ်ဟာ
မူလကမ္မဋ္ဌာန်းကို မှတ်နေရာကနေ အပြင်
ထွက်တဲ့စိတ် စဖြစ်လာမှာပါ စဉ်းစားတာ
စိတ်ကူးတာ ကြံစည်တာ စတဲ့ စိတ်တွေ
ဟာ ဖြစ်ပေါ်လာမှာပါပဲ အဲဒီလို စိတ်တွေ
အပြင်အကြောင်းအရာတွေဆီရောက်တာ
ဟာ ဝိပဿ နာ နဲ့ ဝေးကွာသွားတာပါပဲ
ဒါ့ကြောင့် မိမိစဉ်းစားတဲ့အကြောင်းအရာ
ကိုပါ လိုက်မှတ်ရမှာပါ စဉ်းစားပြီးတာနဲ့ 
သိရမှာက စဉ်းစားတယ်လို့ သိလိုက်ပါ
တွေးတာ ကြံစည်တာ အစရှိတဲ့ စိတ်မှန်
သမျှကို လိုက်ပြီးရှူ့ မှတ်ပေးရပါမယ်
တခါတခါမှာ အချိန်အကြာကြီးစဉ်းစား
ပြီးမှ ဖျက်ကနဲ သတိပြန်ကပ်တာမျိုးတွေ
လည်းရှိတက်ပါတယ် ဘယ်လိုအကြောင်း
အရာကို ဘယ်လောက်ပဲစဉ်းစားစဉ်းစား
သတိယပြီဆိုတာနဲ့  အဲဒီစိတ်ကို ရှူ့ မှတ်
ဖို့ ပါပဲ
သမထက စဉ်းစားမိပေမဲ့ ပြန်သတိယရင်
အဲဒီစိတ်ကို မှတ်စရာမလိုပဲ ကသိုဏ်းဝန်း
ကိုသာ ဆက်ကြည့်ဆက်မှတ်ရတာပါ
ဝိပဿ နာကတော့ စဉ်းစားတဲ့စိတ် ကြံစည်တဲ့စိတ် တွေးတောတဲ့စိတ် ဝမ်းသာစိတ် ဝမ်းနည်းစိတ် အစရှိတဲ့
မိမိစိတ်မှာဖြစ်ပေါ်လာတဲ့ စိတ်မှန်သမျှကို
အကုန်လိုက်မှတ်ရပါတယ် ရုပ်နဲ့  နာမ်
အကြောင်းကို လေ့လာနေတာဖြစ်တဲ့
အတွက် ဖေါက်ပြန်တဲ့ ရုပ်သဘောနဲ့ 
ကြံစည် တွေးတော စဉ်းစား ဝမ်းသာ
ဝမ်းနည်း အစရှိတဲ့ နာမ်ရဲ့ဖြစ်တက်တဲ့
သဘောတွေကို အကုန်လိုက်မှတ်ရပါတယ်
ဝိပဿ နာဆိုတာ အဖန်တလဲလဲ ရှူ့ ခြင်း
လို့ ဆိုတာပါပဲ ဒါ့ကြောင့် ခန္ဓာကိုယ်မှာ
ဖြစ်တဲ့ အရာမှန်သမျှ ရော စိတ်မှာဖြစ်ပေါ်
တက်တဲ့အရာမှနသမျှကို သတိနဲ့ ကပ်ပြီး
ရှူ့ ဖို့ အရေးကြီးလှပါတယ်
ရှူ့ မှတ်စိတ်ဟာ မြဲလာတာနဲ့ အမျှ မိမိရဲ့
စိတ်ဟာ ခန္ဓာကိုယ်ပေါ်မှာပဲ ငြိမ်ဝပ်သွား
ပါလိမ့်မယ် အဲဒါကို သမာဓိ တည်တယ်
ဆိုပြီး သတ်မှတ်ထားပါတယ်
သမာဓိတည်လာတာနဲ့ အမျှ ပညာဥာဏ်
ဟာ သိသင့်သိထိုက်တဲ့ ရုပ်နာမ်အကြောင်းကို သူ့ ဖာသူ ဆုံးဖြတ်
သွားပါလိမ့်မယ်
အဓိက ကတော့် မိမိရဲ့မှတ်စိတ်ဟာ
ရှေ့အမှတ်နဲ့ နောက်အမှတ်ဆက်နေဖို့ ပါပဲ
ကြားထဲမှာ မှတ်စိတ်မဟုတ်တဲ့ အခြားစိတ်မဝင်ဘူးဆိုရင် သမာဓိ တည်
လာပါပြီ
အဲဒီလိုမှတ်နေချိန်မှာ ကြာလာတာနဲ့ အမျှ
ထုံကျင်ကိုက်ခဲတာ ယားယံတာ နာကျင်
တာတွေဟာ ပေါ်လာမှာပါ
အဲဒီလိုနာကျင်ခံစားခတ်တဲ့ ခံစားမှူ့ တွေ
ပေါ်လာတဲ့အခါမှာ ယောဂီဟာ မူလကမ္မ
ဋ္ဌာန်းဖြစ်တဲ့ ဖေါင်းပိန်ကို စိတ်က မစူးစိုက်
နိုင်တော့ပဲ မိမိ နာကျင်တဲ့အပေါ်မှာပဲ
စိတ်ကရောက်နေတော့တာပါပဲ
ဒါဟာ ပြဿ နာ မဟုတ်ပါဘူး
သတိပဋ္ဌာန်ဆိုတာ ပေါ်တာ ထင်ရှားတာ
ရှူ့ ရမယ်လို့ ဆိုထားတဲ့အတွက် မိမိစိတ်က
ခံစားနေရတဲ့နေရာကိုစူးစိုက်ပြီး နာရင်
လည်းနာတယ် ကျင်ရင်လည်း ကျင်တယ်
ကိုက်ချင်လည်း ကိုက်တယ်လို့  ပြောင်း
မှတ်ပေးဖို့ ပါပဲ ဖေါင်းပိန်ပဲဖြစ်ဖြစ် နာတာ
ကျင်တာပဲုဖြစ်ဖြစ် ယားယံတာပဲဖြစ်ဖြစ်
အရှူ့ ခံအာရုံမျှသာဖြစ်တဲ့အတွက် ဘာမှ
မထူးပါဘူး မှတ်စိတ်မလွတ်ဖို့ သာ အဓိက
ဖြစ်တဲ့အတွက် မိမိမှတ်နေတဲ့အရာပေါ်မှာ
စူးစိုက်းပြီးမှတ်နေဖို့ ပါပဲ
အဲဒီလိုမှတ်တဲ့အခါမှာ အရေးကြီးတာက
ပျောက်ချင်တဲ့စိတ်မပါဖို့ အရေးကြီးပါတယ်
ပျောက်ချင်စိတ်ပါလာရင် လောဘ ဖြစ်တဲ့
အတွက် ဝိပဿ နာ မဟုတ်တော့ပါဘူး
ပျောက်ချင်စိတ်ဟာ မပျောက်ရင် ဒေါသ
ထက်ဖြစ်မယ် ဒါဆိုရင် ဝိပဿ နာ လမ်း
ကြောင်းက လွဲသွားပါပြီ
ယောဂီဟာ ခန္ဓာမှာဖြစ်နေတာ စိတ်မှာ
ဖြစ်နေတာကို အေးအေးဆေးဆေး
စောင့်ကြည့်တဲ့အလုပ်ပဲရှိပါတယ်
ပျောက်တာ မပျောက်တာက ခန္ဓာကိုယ်ရဲ့
အလုပ် မှတ်ဖို့ က ငါ့အလုပ်ပဲလို့ သာ နှလုံး
သွင်းပြီး မိမိခံစားနေရတဲ့ ခံစားမှူ့ ကို
စူးစိုက်ပြီးတော့သာ မှတ်သားပါ
အပိုင်း ၇ ဆက်ဖတ်ပါရန်
တရားထိုင်လိုသော် အပိုင်း ( ၇ )
-----------------------------------------
ယောဂီဟာ တရားထိုင်လာတာနဲ့ အမျှ
ခံစားမှူ့ တွေဟာ မခံမရပ်နိုင်အောင်
နာကျင်လာပါလိမ့်မယ် အဲဒီလိုမခံမရပ်
နိုင်အောင်ဖြစ်လာပြီဆိုရင် မိမိသမာဓိ
ရှိသလောက်စူးစိုက်ပြီးမှတ်နိုင်သူဟာ
ခံစားမှူ့ ရော့ကျ သွားတာ ရှိသလို သမာဓိ
အားမကောင်းလို့ က္ကုရိယာပုဒ် ပြင်မှရ
တော့မယ်ဆိုသူတွေလည်း ရှိတက်ပါတယ်
ခံစားမှူ့ လျော့ကျသွားသူတွေဟာ သက်သာလာတာနဲ့ အမျှ မိမိရဲ့ မူလကမ္မ
ဋ္ဌာန်းဖြစ်တဲ့ဖေါင်းပိန်ကိုပဲ ဆက်လက်ပြီး
ရှူ့ မှတ်ရမှာ ဖြစ်ပါတယ်
ခံစားမှူ့ ပြင်းထန်လာလို့ ဆက်လက်မမှတ်
နိုင်သူတွေဟာ ပြင်ပေး ပြောင်းပေးရမှာပါ
ပြင်တာပြောင်းတာဟာ ပြဿ နာမဟုတ်ပါ
ဘူး ဒါပေမဲ့ အမှတ်နဲ့ ပြောင်းဖို့ တော့ အရေးကြီးလှပါတယ် မိမိပြောင်းတော့
မယ်ဆိုတာနဲ့  ကိုယ်အမူအယာကြီးကို
ဖြည်းဖြည်းခြင်းပြောင်းပေးပြီး ပြောင်းနေတဲ့ ပုံသဏ္ဌာန်အတိုင်း မိမိက
သတိမလွတ်ပဲရှူ့ မှတ်ရမှာပါ
အရင်ဆုံးပြောင်းချင်တဲ့စိတ်ဖြစ်ပေါ်လာ
တာကို သိနေရပါမယ် ဒါ့ကြောင့် ပြောင်း
ချင်တယ် ပြောင်းချင်တယ်ဆိုတာကို
အရင်မှတ်ပါ ပြီးတော့မှ ခန္ဓာကိုယ်ကို
ဖြည်းညှင်းစွားပြောင်းပြီး ပြောင်းတဲ့အမူ
အယာကိုမြင်အောင်မပြတ်မှတ်ပါ
အဓိကက ခန္ဓာကိုယ်မှာ မှတ်စိတ်ကပ်ထားဖို့ ပါပဲ ပြောင်းချင်တယ်
ဆိုတာမဖြစ်ပေါ်ပဲပြောင်းလို့ မရပါဘူး
ဒါပေမဲ့ သမာဓိအားနည်းနေသေးတယ်
ဆိုရင်တော့လည်း အဲဒီပြောင်းချင်တဲ့စိတ်
ကို ရှူ့ မှတ်ဖို့ ခတ်ပါလိမ့်မယ်
အဲဒီလို က္ကုရိယာပုဒ်ပြောင်းပြီးတာနဲ့ 
ယောဂီဟာ မူလကမ္မဋ္ဌာန်း ဖေါင်းပိန်ကိုပဲ
ဆက်လက်ပြီးမှတ်သွားရမှာပါ
နောက်တချက်က
က္ကုရိယာပုဒ် လေးပါးဖြစ်တဲ့ လျောင်း ထိုင်
ရပ် သွား အကုန်မှတ်ဖို့ အရေးကြီးပါတယ်
ယောဂီဟာ တရားဖြုတ်လို့ ပဲဖြစ်ဖြစ်
လမ်းလျှောက်တဲ့အခါပဲဖြစ်ဖြစ် ရပ်နေတဲ့
အခါပဲဖြစ်ဖြစ် လျှောင်းနေတဲ့အခါပဲဖြစ်ဖြစ်
အကုန်ရှူ့ မှတ်ဖို့ အရေးကြီးလှပါတယ်
တရားအားထုတ်တဲ့အခါ သူအို သူနာ ကဲ့သို့ ကျင့်ရမယ်လို့ ဆိုထားတဲ့အတွက်
မိမိရဲ့နေမှူ့ ထိုင်မှူ့ ဟာ ဖြည်းညှင်းစွာ
ပြုမူရပါမယ် ဒါမှလည်း မှတ်စိတ်က အနုစိတ်လိုက်မှတ်နိုင်မှာပါ ကိုယ်လက်လှူပ်ရှားမှူ့ မြန်နေရင် စိတ်က မှီအောင်မမှတ်
နိုင်ပါဘူး ဒါ့ကြောင့် ခန္ဓာကိုယ်ရဲ့ ပြောင်း
ရွေးမှူ့ တိုင်းကို သတိကပ်ထားပြီး အနုစိတ်မှတ်နိုင်ရပါမယ်
လမ်းလျှောက် (စင်္ကြန်လျှောက် ) တဲ့အခါမှာလည်း ဘယ်ခြေထောက်က
လှမ်းရင် ဘယ်လှမ်းတယ်လို့ မှတ်ပြီး
ညာခြေထောက်က လှမ်းရင် ညာလှမ်း
တယ်လို့ အမှတ်ပါဖို့ အရေးကြီးပါတယ်
ရပ်နေတဲ့အခါမှာလည်း ရပ်နေတယ်
ရပ်နေတယ်လို့ မှတ်ရပါမယ် ခြေထောက်
လှည့်ရင်လည်း လှည့်တယ် အစရှိသဖြင့်
အကုန်မှတ်ဖို့ ပါပဲ သမာဓိအားကောင်း
လာရင်တော့ ရပ်ချင်တဲ့စိတ် သွားချင်တဲ့
စိတ်တွေကိုပါ အရင်မှတ်ရပါမယ်
သမာဓိ မရခင်မှာတော့ ဘယ်လှမ်းတယ်
ညာလှမ်းတယ် ဆိုပြီး ကျဲကျဲပဲမှတ်ပါ
တကယ်ပဲသမာဓိရလာပြီဆိုရင်တော့
လှမ်းချင်တဲ့စိတ် ပြီးတောကြွချင်တဲ့စိတ်
လှမ်းနေတဲ့အချိန်မှာ လှမ်းတယ်မှတ်
ပြီးတော့ ခြေထောက်ကို ချချင်တဲ့စိတ်
ပြီးတော့မှ ချ စတဲ့  ခြေတလှမ်းကို ခြောက်ချက်မှတ်ပြီး လျှောက်ရပါတယ်
သမာဓိမတည်ခင်တော့ ဘယ်လှမ်းတယ်
ညာလှမ်းတယ် ပဲကျဲ ကျဲ မှတ်ပါ
နောက်တခါ ကိုယ့်နေရာပြန်ရောက်လို့ 
အကျီ င်္ချွတ်တာ လုံချည်လဲတာ ရေချိုးတာ
ရေခွက်ကိုင်တာ ကျင်ကြီးစွန့် တာ
ကျင်ငယ်စွန့် တာ စတဲ့ မိမိရဲ့ အမူအယာ
ပြောင်းလဲတိုင်း မှတ်စိတ်ကပ်ပါနေအောင်
ရှေ့ အမှတ်နောက်အမှတ် တရစပ် ဆက်
နေအောင် မှတ်ရပါမယ်
ထမင်းစားတဲ့အခါလည်း ထမင်းပန်ကန်
ကိုလက်နဲ့ ထိတာ ထမင်းနယ်တာ
ဟင်းပန်ကန်ဆီကို လက်သွားတာ ခပ်တာ
ပြန်လာတာ ထမင်းလုပ်သယ်တာ ခွံ့ တာ
ဝါးတာ မြို တာ စတဲံ မိမိ ခန္ဓာကိုယ်ရဲ့ လုပ်
ဆောင်မှူ့ တိုင်းကို မပြတ်ကြည့် မပြတ်မှတ်နေ ဖို့ ပါပဲ
အဲဒါ ဝိပဿ နာ ရှူ့ နေတာပါပဲ
နံက်နံက်အိပ်ယာထကစလို့  ညအိပ်ယာ
ဝင်ချိန်ထိ မိမိရဲ့စိတ်ကို အပြင်အကြောင်း
အရာတွေဆီကိုမရောက်စေပဲ မိမိရဲ့
ခန္ဓာကိုယ်အပေါ်နဲ့  စိတ်မှာ ဖြစ်နေတဲ့
ခံစားမှူ့ အပေါ် တိုင်းကို သတိနဲ့ မပြတ်
စောင့်ကြည့်နေတာကို ဝိပဿ နာရှူ့ တယ်
လို့ ခေါ်တာပါပဲ
ကမ္ဘာမှာ အလွယ်ဆုံးနဲ့  အကျိုးအကြီးဆုံး
အလုပ်ပါ
အပိုင်း ၈ ဆက်ဖတ်ပါရန်

တရားထိုင်လိုသော် အပိုင်း (၈ )
-----------------------------------------
ဝိပဿ နာအားထုတ်တဲ့ပုဂ္ဂိုလ်ဟာ
မိမိမှတ်နေတဲ့ မူလကမ္မဋ္ဌာန်းကို သတိ
မလွတ်အောင်မှတ်နိုင်တဲ့အခါ သမာဓိ
တည်လာပါတယ် အဲဒီအခါမှာ မူလကမ္မ
ဋ္ဌာန်းဖေါင်းပိန်ဟာ ပညတ်ပဲ နာမည်အခေါ်အဝေါ်ပဲ တကယ်တမ်းကျ
တော့ မြင့်တက်လာတဲ့ သဘောလေးနဲ့ 
နိမ့်ကျသွားတဲ့သဘောလေးပဲရှိတယ်
မိမိစိတ်မှာ ဖြစ်ပေါ်နေတဲ့ စိတ်မှန်သမျှ
ဟာလည်း သဘောတရားသက်သက်ပဲ
စားချင်စိတ်တို့  သွားချင်စိတ်တို့  လှပချင်
စိတ်တို့ ဆိုတာဟာ မိမိရဲ့ဖြစ်ချင်တဲ့လော
ဘနဲ့ ပေါင်းစပ်လို့ သာုဖြစ်ပေါ်လာတာ
ဝမ်းသာစိတ် ဝမ်းနည်းစိတ်တွေဟာလည်း
အကြောင်းမရှိပဲ ဖြစ်မလာဘူး
အကြောင်းရှိလို့ ဖြစ်လာတဲ့ အကျိုးတရား
တွေပဲ စသဖြင့် ရုပ်နဲ့ နာမ်အပေါ်မှာ
သမာဓိကြောင့် စူးစမ်းဆင်ခြင်တဲ့ စိတ်တွေ ဖြစ်ပေါ်လာတက်တယ်
မလွတ်အောင်မှတ်နိုင်တဲ့အခါ သမာဓိ
တည်လာပါတယ် အဲဒီအခါမှာ မူလကမ္မ
ဋ္ဌာန်းဖေါင်းပိန်ဟာ ပညတ်ပဲ နာမည်အခေါ်အဝေါ်ပဲ တကယ်တမ်းကျ
တော့ မြင့်တက်လာတဲ့ သဘောလေးနဲ့ 
နိမ့်ကျသွားတဲ့သဘောလေးပဲရှိတယ်
မိမိစိတ်မှာ ဖြစ်ပေါ်နေတဲ့ စိတ်မှန်သမျှ
ဟာလည်း သဘောတရားသက်သက်ပဲ
စားချင်စိတ်တို့  သွားချင်စိတ်တို့  လှပချင်
စိတ်တို့ ဆိုတာဟာ မိမိရဲ့ဖြစ်ချင်တဲ့လော
ဘနဲ့ ပေါင်းစပ်လို့ သာုဖြစ်ပေါ်လာတာ
ဝမ်းသာစိတ် ဝမ်းနည်းစိတ်တွေဟာလည်း
အကြောင်းမရှိပဲ ဖြစ်မလာဘူး
အကြောင်းရှိလို့ ဖြစ်လာတဲ့ အကျိုးတရား
တွေပဲ စသဖြင့် ရုပ်နဲ့ နာမ်အပေါ်မှာ
သမာဓိကြောင့် စူးစမ်းဆင်ခြင်တဲ့ စိတ်တွေ ဖြစ်ပေါ်လာတက်တယ်
အဲဒီလို မြင်ဖို့ အတွက် ရုပ်ရဲ့ သဘောက
ဘာလဲ နာမ်ရဲ့ သဘောက ဘာလဲ ဆိုတာ
ကျု မှန်မှန်ကန်ကန်သိဖို့  အရေးကြီးလှတယ်
ပညတ်ခွါပြီး ပရမတ်ကိုရှူ့ ရတော့မှာဖြစ်
တဲ့အတွက် တကယ့်ဝိပဿ နာ နယ်ပယ်
ကိုရောက်လာပြီ ရုပ်နဲ့ နာမ်ရဲ့ သဘောတရားကို မှန်မှန်ကန်ကန် မမြင်
နိုင်ပဲ ပရမတ်ကို ရှူ့ လို့ မရပါဘူး
ရုပ်ရုပ်လို့ ရှူ့ နေတာက ပညတ်ကို
ရှူ့ နေတာပါ ရုပ်ရဲ့တရားကိုယ်က ဖေါက်
ပြန်မှူ့  ဒါဆိုရင် ရုပ်လို့ မရှူ့ ပဲ ဖေါက်ပြန်မှူ့ 
သဘောသက်သက်ကို အမည်မတပ်ပဲ
ရှူ့ နိုင်မှ ဝိပဿ နာ
ဝိပဿ နာဆိုတာ ပုံသဏ္ဌာန် ပညတ်
နမိတ် သုံးခုကင်းရတယ်ဆိုတော့ ရုပ်ဆိုတဲ့ ပညတ်ပါနေရင် ဝိပဿ နာမဟုတ်သေးဘူး အဲဒါပညတ်ကို
ရှူ့ နေတာပဲရှိသေးတယ်
ရုပ်ဆိုတာက မိမိနားလည်လွယ်တဲ့ပညတ်
ဖေါက်ပြန်မှူ့ က ပရမတ်
ဒါ့ကြောင့် ရုပ်လို့ မဆိုခင် ဖေါက်ပြန်မှူ့ 
သဘောသက်သက်ကို အရင်သိလိမ့်မယ်
အဲဒီအသိမှာတင် ရပ်ပြီး ရုပ်ဆိုတဲ့ ပညတ်
အခေါ်အဝေါ်ဘက်ကို ကူးမသွားစေနဲ့ 
နောက်တခါ နာမ်ရဲ့သဘောက ဘာလဲ
သိမှူ့ သက်သက်သဘောပဲ
အဲဒီလိုသိဖို့  စေတသိတ်တွေက လှုံ့ ဆော်
ပေးတာ အဲဒီသိမှူ့ သက်သက်သဘော
ကို အမည်နာမတွေတပ်ပေးလိုက်လို့ 
ဘာစိတ် ဘာစိတ် ဆိုပြီး အမည်ထွက်လာ
တာ အဲဒီလို သိတယ် သိတယ် လို့  မှတ်
နေတာကိုက နာမ ပညတ်ပါနေတယ်
ဒါ့ကြောင့် နာမပညတ် ကိုလည်း ထပ်ပြီး
ခွါရဦးမယ်
ဒါဆိုရင် သိတယ် သိတယ် ဆိုတဲ့
နာမပညတ်မပါပဲ ဖြစ်လာသမျှ သော
စိတ်တွေကို သိတက်တဲ့သဘောတရား
လေးပဲလို့ ဆိုပြီး အလိုက်သင့်ရှူ့ မယ်ဆိုရင်
နာမပညတ်မပါတဲ့ ဝိပဿ နာ ရှူ့ ခြင်းပါပဲ
ဒါ့ကြောင့် ရုပ်နဲ့ နာမ်လို့ မရှူ့ ပဲ
ဖေါက်ပြန်မှူ့ သဘောလေးနဲ့ 
သိတက်မှူ့ သဘောလေးကို ရှူ့  နိုင်ဖို့ 
အတွက် အရေးကြီးလှတယ်
အဲဒီလိုမရှူ့ နိုင်သေးပဲ
ရုပ် ရုပ် နာမ် နာမ်
နာတယ် အောင့်တယ် ကိုက်တယ်
ယားတယ် ဆိုတဲ့ ပညတ်အခေါ်အဝေါ်
တွေပါနေဦးမယ်ဆိုရင်တော့
တကယ့်ဝိပဿ နာနယ်ပယ်ကို
မရောက်သေးဘူး အဲဒါ ပညတ်နယ်
မှာပဲ ရှိသေးတယ်
ဒါ့ကြောင့် သမာဓိအားကောင်းကောင်းနဲ့ 
ပညတ်နယ်ကို ကျော်လွန်ပြီး ပရမတ်နယ်
ကိုအရောက်သွားဖို့  အရေးကြီးလှပါတယ်
အပိုင်း ၉ ဆက်ဖတ်ပါရနှ်

တရားထိုင်လိုသော် အပိုင်း ( ၉ )
------------------------------------------
ဝိပဿ နာတရားအားထုတ်တဲ့သူဟာ
ဝေဒနာရဲ့သဘောကိုလည်း သိဖို့ အထူး
လိုအပ်ပါတယ် တချို့ က ထုံတာ ကျင်တာ
ကိုက်တာ ခဲတာကို ဝေဒနာလို့ ထင်တက်
ကြပါတယ် ဝေဒနာဆိုတာ အဲဒါကို ခေါ်တာမဟုတ်ပါဘူး ဝေဒနာဆိုတာ
ခံစားမှူ့ သဘောသက်သက်ပါပဲ
ဝေဒနာ သုံးမျိုးရှိပါတယ်
ဘာလဲ နာမ်ရဲ့ သဘောက ဘာလဲ ဆိုတာ
ကျု မှန်မှန်ကန်ကန်သိဖို့  အရေးကြီးလှတယ်
ပညတ်ခွါပြီး ပရမတ်ကိုရှူ့ ရတော့မှာဖြစ်
တဲ့အတွက် တကယ့်ဝိပဿ နာ နယ်ပယ်
ကိုရောက်လာပြီ ရုပ်နဲ့ နာမ်ရဲ့ သဘောတရားကို မှန်မှန်ကန်ကန် မမြင်
နိုင်ပဲ ပရမတ်ကို ရှူ့ လို့ မရပါဘူး
ရုပ်ရုပ်လို့ ရှူ့ နေတာက ပညတ်ကို
ရှူ့ နေတာပါ ရုပ်ရဲ့တရားကိုယ်က ဖေါက်
ပြန်မှူ့  ဒါဆိုရင် ရုပ်လို့ မရှူ့ ပဲ ဖေါက်ပြန်မှူ့ 
သဘောသက်သက်ကို အမည်မတပ်ပဲ
ရှူ့ နိုင်မှ ဝိပဿ နာ
ဝိပဿ နာဆိုတာ ပုံသဏ္ဌာန် ပညတ်
နမိတ် သုံးခုကင်းရတယ်ဆိုတော့ ရုပ်ဆိုတဲ့ ပညတ်ပါနေရင် ဝိပဿ နာမဟုတ်သေးဘူး အဲဒါပညတ်ကို
ရှူ့ နေတာပဲရှိသေးတယ်
ရုပ်ဆိုတာက မိမိနားလည်လွယ်တဲ့ပညတ်
ဖေါက်ပြန်မှူ့ က ပရမတ်
ဒါ့ကြောင့် ရုပ်လို့ မဆိုခင် ဖေါက်ပြန်မှူ့ 
သဘောသက်သက်ကို အရင်သိလိမ့်မယ်
အဲဒီအသိမှာတင် ရပ်ပြီး ရုပ်ဆိုတဲ့ ပညတ်
အခေါ်အဝေါ်ဘက်ကို ကူးမသွားစေနဲ့ 
နောက်တခါ နာမ်ရဲ့သဘောက ဘာလဲ
သိမှူ့ သက်သက်သဘောပဲ
အဲဒီလိုသိဖို့  စေတသိတ်တွေက လှုံ့ ဆော်
ပေးတာ အဲဒီသိမှူ့ သက်သက်သဘော
ကို အမည်နာမတွေတပ်ပေးလိုက်လို့ 
ဘာစိတ် ဘာစိတ် ဆိုပြီး အမည်ထွက်လာ
တာ အဲဒီလို သိတယ် သိတယ် လို့  မှတ်
နေတာကိုက နာမ ပညတ်ပါနေတယ်
ဒါ့ကြောင့် နာမပညတ် ကိုလည်း ထပ်ပြီး
ခွါရဦးမယ်
ဒါဆိုရင် သိတယ် သိတယ် ဆိုတဲ့
နာမပညတ်မပါပဲ ဖြစ်လာသမျှ သော
စိတ်တွေကို သိတက်တဲ့သဘောတရား
လေးပဲလို့ ဆိုပြီး အလိုက်သင့်ရှူ့ မယ်ဆိုရင်
နာမပညတ်မပါတဲ့ ဝိပဿ နာ ရှူ့ ခြင်းပါပဲ
ဒါ့ကြောင့် ရုပ်နဲ့ နာမ်လို့ မရှူ့ ပဲ
ဖေါက်ပြန်မှူ့ သဘောလေးနဲ့ 
သိတက်မှူ့ သဘောလေးကို ရှူ့  နိုင်ဖို့ 
အတွက် အရေးကြီးလှတယ်
အဲဒီလိုမရှူ့ နိုင်သေးပဲ
ရုပ် ရုပ် နာမ် နာမ်
နာတယ် အောင့်တယ် ကိုက်တယ်
ယားတယ် ဆိုတဲ့ ပညတ်အခေါ်အဝေါ်
တွေပါနေဦးမယ်ဆိုရင်တော့
တကယ့်ဝိပဿ နာနယ်ပယ်ကို
မရောက်သေးဘူး အဲဒါ ပညတ်နယ်
မှာပဲ ရှိသေးတယ်
ဒါ့ကြောင့် သမာဓိအားကောင်းကောင်းနဲ့ 
ပညတ်နယ်ကို ကျော်လွန်ပြီး ပရမတ်နယ်
ကိုအရောက်သွားဖို့  အရေးကြီးလှပါတယ်
အပိုင်း ၉ ဆက်ဖတ်ပါရနှ်

တရားထိုင်လိုသော် အပိုင်း ( ၉ )
------------------------------------------
ဝိပဿ နာတရားအားထုတ်တဲ့သူဟာ
ဝေဒနာရဲ့သဘောကိုလည်း သိဖို့ အထူး
လိုအပ်ပါတယ် တချို့ က ထုံတာ ကျင်တာ
ကိုက်တာ ခဲတာကို ဝေဒနာလို့ ထင်တက်
ကြပါတယ် ဝေဒနာဆိုတာ အဲဒါကို ခေါ်တာမဟုတ်ပါဘူး ဝေဒနာဆိုတာ
ခံစားမှူ့ သဘောသက်သက်ပါပဲ
ဝေဒနာ သုံးမျိုးရှိပါတယ်
ဒုက္ခဝေဒနာ
သုခဝေဒနာ
ဥပေက္ခာဝေဒနာ ဆိုပြီး သုံးမျိုးရှိပါတယ်
ထုံတာ ကျင်တာ ကိုက်တာ ဝမ်းနည်းတာ
အဲဒါတွေက ဒုက္ခဝေဒနာပါ
တရားထိုင်လို့ ကောင်းတာ ဝမ်းသာတာ
ပျော်ရွှင်တာ အဲဒါတွေက သုခဝေဒနာ ပါ
ဘာမှမခံစားပဲနေတာက
ဥပေက္ခာဝေဒနာ ပါ
လူတိုင်းဟာ အဲဒီဝေဒနာသုံးမျိုးအနက်
တမျိုးမျိုးကို ခံစားနေရတာပါပဲ
အဲဒီတော့ ထုံတာ ကျင်တာ ကိုက်တာ
ခဲတာ ကို နာတယ် ကိုက်တယ် ဆိုတာဟာ
ရုပ်ရဲ့ဖေါက်ပြန်မှူ့ ပါ ရောဂါ ပါ
ဝေဒနာရှူ့ ကိုရှူ့ တယ်ဆိုတာ နာကျင်တာ
ကိုက်ခဲတာကြီးကို ဦးတည်ပြီးရှူ့ တာမဟုတ်ပါဘူး ရုပ်မှာဖြစ်တဲ့ခံစားမှူ့ 
စိတ်မှာဖြစ်တဲ့ ခံစားမှူ့  အစရှိတဲ့ ခံစားမှူ့ 
မျိုးစုံကို ရှူ့ ရတာကို ဝေဒနာအနုပဿ နာ
ရှူ့ တယ်လို့ ခေါ်တာပါ
တကယ်တော့ ယောဂီဟာ ကာယာအနု
ပဿ နာကို ဦးတည်ပြီးရှူ့ နေပေမဲ့
တကယ်တမ်းကျတော့ လေးမျိုးလုံးကို
ရှူ့ နေသလိုပါပဲ
ဖေါင်းပိန်ဟာ ကာယာနုအနုပဿ နာ
သိတက်တဲ့သဘောတရားကိုရှူ့ တာက
စိတ္တာအနုပဿ နာ
ယားယံ ထုံကျင်ကိုက်ခဲ ဝမ်းသာ ဝမ်းနည်း
စတဲ့စိတ်တွေကိုရှူ့ တာက ဝေဒနာအနုပ
ဿဿဿ နာ အဲဒီသုံးခုကိုပညတ်ဖယ်ပြီးရှူ့ နိုင်
တဲ့ ဖေါက်ပြန်တဲ့သဘော သိမှူ့ သဘော
ဖြစ်မှူ့  ပျင်မှူ့ သဘော တွေကို ရှူ့ တာက
ဓမ္မာအနုပဿ နာ ပါပဲ
ဒါ့ကြောင့် သတိပဋ္ဌာန်လေးပါးလုံးကို
ယောဂီက လှည့်ရှူ့ နေတာပါပဲ
အဲဒီလေးပါးလုံးဟာ မဂ်ဖိုလ် ရောက်နိုင်
တဲ့ လမ်းချည်းဖြစ်တဲ့အတွက်
ဝိရိယအားကောင်းကောင်းနဲ့ ရှူ့  ဖိုသာ
အရေးကြီးလှပါတယ်

သုခဝေဒနာ
ဥပေက္ခာဝေဒနာ ဆိုပြီး သုံးမျိုးရှိပါတယ်
ထုံတာ ကျင်တာ ကိုက်တာ ဝမ်းနည်းတာ
အဲဒါတွေက ဒုက္ခဝေဒနာပါ
တရားထိုင်လို့ ကောင်းတာ ဝမ်းသာတာ
ပျော်ရွှင်တာ အဲဒါတွေက သုခဝေဒနာ ပါ
ဘာမှမခံစားပဲနေတာက
ဥပေက္ခာဝေဒနာ ပါ
လူတိုင်းဟာ အဲဒီဝေဒနာသုံးမျိုးအနက်
တမျိုးမျိုးကို ခံစားနေရတာပါပဲ
အဲဒီတော့ ထုံတာ ကျင်တာ ကိုက်တာ
ခဲတာ ကို နာတယ် ကိုက်တယ် ဆိုတာဟာ
ရုပ်ရဲ့ဖေါက်ပြန်မှူ့ ပါ ရောဂါ ပါ
ဝေဒနာရှူ့ ကိုရှူ့ တယ်ဆိုတာ နာကျင်တာ
ကိုက်ခဲတာကြီးကို ဦးတည်ပြီးရှူ့ တာမဟုတ်ပါဘူး ရုပ်မှာဖြစ်တဲ့ခံစားမှူ့ 
စိတ်မှာဖြစ်တဲ့ ခံစားမှူ့  အစရှိတဲ့ ခံစားမှူ့ 
မျိုးစုံကို ရှူ့ ရတာကို ဝေဒနာအနုပဿ နာ
ရှူ့ တယ်လို့ ခေါ်တာပါ
တကယ်တော့ ယောဂီဟာ ကာယာအနု
ပဿ နာကို ဦးတည်ပြီးရှူ့ နေပေမဲ့
တကယ်တမ်းကျတော့ လေးမျိုးလုံးကို
ရှူ့ နေသလိုပါပဲ
ဖေါင်းပိန်ဟာ ကာယာနုအနုပဿ နာ
သိတက်တဲ့သဘောတရားကိုရှူ့ တာက
စိတ္တာအနုပဿ နာ
ယားယံ ထုံကျင်ကိုက်ခဲ ဝမ်းသာ ဝမ်းနည်း
စတဲ့စိတ်တွေကိုရှူ့ တာက ဝေဒနာအနုပ
ဿဿဿ နာ အဲဒီသုံးခုကိုပညတ်ဖယ်ပြီးရှူ့ နိုင်
တဲ့ ဖေါက်ပြန်တဲ့သဘော သိမှူ့ သဘော
ဖြစ်မှူ့  ပျင်မှူ့ သဘော တွေကို ရှူ့ တာက
ဓမ္မာအနုပဿ နာ ပါပဲ
ဒါ့ကြောင့် သတိပဋ္ဌာန်လေးပါးလုံးကို
ယောဂီက လှည့်ရှူ့ နေတာပါပဲ
အဲဒီလေးပါးလုံးဟာ မဂ်ဖိုလ် ရောက်နိုင်
တဲ့ လမ်းချည်းဖြစ်တဲ့အတွက်
ဝိရိယအားကောင်းကောင်းနဲ့ ရှူ့  ဖိုသာ
အရေးကြီးလှပါတယ်







No comments:
Post a Comment