═══════════════════════
★★ ဝိပဿီဘုရားရှင်လက်ထပ်မှာ အမျိုးကောင်းသားတရောက်ဟာ ဆွေမျိုးပျက်စီးခြင်း စည်းဇိမ်ပျက်စီးခြင်းစတဲ့ ပူလောင်မှု့ တွေ ကြောင့်ရဟန်းဝတ်ပြီး ၇ ရက်တရားအားထုတ်ခဲ့တယ် ...
★★တရားတန်ခိုးကြောင့်စိတ်ဆင်းရဲခြင်းကင်းဝေးပြီး သက်သာရာရခဲ့တယ် သူလည်းရဟန်းဘဝက လူထွက်ပြီး လူ့ ဘဝနဲ့ ပြန်လည်ရှင်သန်ခဲ့တယ် ....
★★ အဲဒီကောင်းမှု့ ကြောင့် ၉၁ ကမ္ဘာအပါယ်မလားပဲ သုဂတိဘုံတွေမှာပဲ ကျင်လည်ခဲ့ကြရတယ် .... ယခုဘုရားရှင်လက်ထပ်မှာ အဲဒီအထုံပါရမီကြောင့်
ရဟန်းဘဝနဲ့ တရားထူးရှိပြီး ပဋိသမ္ဗိဒါလေးပါးနှင့်အဘိဥာဏ် ၆ ပါးရရှိကာ သတ္တာဟပဗ္ဗဇိတမထေရ်ဆိုပြီးထင်ရှားခဲ့တယ် ...
★★ ဒါ့ကြောင့် ၇ ရက်လောက်ဝိပဿနာတရားအားထုတ်ခြင်းရဲ့အကျိုးဟာ အဲဒီလောက်ထိခရီးရောက်ပါတယ် ...
★ မိတ်ဆွေတို့ လည်း အနည်းဆုံးတော့၇ ရက်လောက်တရားအားထုတ်ကြနိုင်ပါစေလို့ တိုက်တွန်းပါရစေ ★
ဦးမြင့်ခိုင်
``

No comments:
Post a Comment