Saturday, June 11, 2016

အလဟသဖြစ်မယ်နော်

အလဟသဖြစ်မယ်နော်
--------------------
တနေ့ သ၌ ဘုရားရှင်သည် မြေမှုန့် အနည်းငယ်ကို
လက်သည်းခွံပေါ်သို့ တင်ကာ ရဟန်းတော်များအား
ဤသို့ မေးတော်မူ၏

ချစ်သားတို့  ငါဘုရားရှင်၏ လက်သည်းခွံပေါ်၌
ရှိသောမြေမှုန့် နှင့် မဟာပထဝီမြေကြီး၏
မြေမှု န့် တို့ ကိုနှိုင်းယှဉ်ပါက အဘယ်သို့ 
ကွာခြားမည်နည်း
အရှင် ဘုရား အဆမတန်ပင်ကွာခြားလှပါသည်ဘုရား
လက်သည်းခွံပေါ်၌ ရှိသောမြေမှုန့် မှာ နည်းပါး
လှပြီး မဟာပထဝီမြေကြီးမှာ မြားပြားလှပါသည်
ဘုရား
ချစ်သားတို့ 
သတ္တဝါတဦးသေဆုံးပြီး လူ့ ဘုံသို့ ရောက်ရှိသည်မှာ
ငါဘုရားလက်သည်းခွံပေါ်၌ရှိသော မြေမှုန့် ပမာဏ
လောက်သာရောက်ရှိပြီး အပါယ်သွားကြသူများမှာ
မဟာပထဝီမြေကြီးကဲ့သို့ မြားပြားလှပေသည်
နခသီခသုတ်
အဲဒီလောက်ခဲယဉ်းလှတဲ့ဘဝတွေကို
ရရှိနေကြပါပြီ ဘာလုပ်မယ်ဆိုတာတော့
ကိုယ့်ဖာကိုယ်သာစဉ်းစားကြပေါ့
ဒါကဗုဒ္ဓဘာသာမို့ သာ သိခွင့်ရှိတာ
တခြားဘာသာတွေကတော့ လူ့ ဘဝရခဲတယ်သာဆိုတာ တချို့ နိုင်ငံတွေမှာ
လူဦးရေများလွန်းလို့ အကန့် အသတ်နဲ့ တောင်
မွေးနေရတယ်လို့  ဆင်ခြေပေးနေတာတွေ့ ရတယ်
သြော် သူတို့ က ၃၁ ဘုံဟာ လူ့ ဘုံနဲ့ ပါတ်သတ်
နေတယ်ဆိုတာ သိမှမသိကြတာကိုး
မိတ်ဆွေတို့ လည်း ဗုဒ္ဓဘာသာဖြစ်ပြီး
သူတို့ လိုအယူရှိရင်တော့
ရခဲတဲ့ လူ့ ဘဝ အလဟသဖြစ်ပြီ

No comments:

Post a Comment