------------------------------
သိင်္ဂါလောဝါဒသုတ်မှာ မိဘနဲ့ သားသမီး
ဆရာနဲ့ တပည့် သခင်နဲ့ ကျေးကျွန် စတဲ့ဆက်ဆံရေး
တွေကိုဟောထားလိုက်တာ ဒေါင့်ကိုစိနေတာပဲ
အဲလို ဘာ့ကြောင့်ဟောနိုင်လဲဆိုတော့
ပါရမီဖြည့်ရာကာလတွေမှာ ကိုယ်တိုင် ပါဝင်ပြီး
ဖြတ်သန်းပါရမီဖြည့်ခဲ့ရလို့ ပဲ အလကား
ရတယ်လို့ မထင်နဲ့ 
ဒါနဲ့ ပတ်သတ်လို့ 
မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသကို
လျောက်တာလေးသတိယမိတယ်
အရှင်ဘုရားက ဘုန်းကြီးဖြစ်နေပြီးတော့
လူကိစ္စတွေ မိန်းမကိစ္စတွေကို သိလှချည်လား
ဘုရားလို့ မေးတော့ ဆရာတော်ကြီးက
ပြန်မိန့် တယ်
သိမှာပေါ့ ကျုပ်က သာဝတ္တိနဲ့ ဇေတဝန်ကို
နေ့ တိုင်းလျောက်ကြည့်နေတာတဲ့
မိတ်ဆွေတို့ လည်း
လျောက်ကြည့်ကြပါလား လို့ 
တိုက်တွန်းပါရစေ
No comments:
Post a Comment