Sunday, June 12, 2016

ကြီးကျယ်ခမ်းနားသော သာသနာပြုခြင်း

ကြီးကျယ်ခမ်းနားသော သာသနာပြုခြင်း
--------------------------------------------
အနာထပိဏ်သူဋ္ဌေးကြီးဟာ ဘုရားရှင်ဆီကို
လာတဲ့အခါ လမ်းမှာရှိတဲ့ သိဉ္ဇည်း ဆရာကြီးတွေဆီဝင်ပြီး ဗုဒ္ဓတရားတော်ရဲ့  အယူဝါဒနဲ့  ဝင်ရောက်ဆွေးနွေးလေ့ရှိတယ်
အဲဒီအကြောင်းကို ဘုရားရှင်ဆီရောက်တဲ့အခါ
ဘယ်ဆရာကြီးနဲ့  ဘယ်အကြောင်းအရာဆွေးနွေး
ခဲ့ကြောင်း မိမိရဲ့ ဆွေးနွေးမှု့ကြောင့် ဘယ်ဆရာကြီးဟာ ပြန်မပြောနိုင်ကြောင်း
စသဖြင့် ဘုရားရှင်ကို လျှောက်တယ်
အဲဒီအခါ ဘုရားရှင်က ရဟန်းများကို မိန့် တယ်
ချစ်သားတို့  အသင်တို့ ဟာလည်း အနာထပိဏ်
သူဋ္ဌေးကြီးလိုပဲ အခြားဘာသာရေးခေါင်းဆောင်
များနဲ့  အယူအဆ နှီးနှောပြီး ဆွေးနွေးခြင်းဖြင့်
သာသနာ ပြုကြရမယ် လောကမှာ ပညာဥာဏ်မျက်စိ ရှိသော်လည်း စစ်မှန်သော
ဓမ္မအစစ်ကို မနာကြားရတဲ့အတွက် နစ်နာဆုံးရှုံး
သွားသူတွေ အများကြီးရှိပါတယ် ဒါ့ကြောင့် သင်ချစ်သားတို့ လည်း သာသနာပြန့် ပွားအောင်
ဟောကြ ပြောကြ ဖြန့် ဝေကြ သာသနာပြုခရီးထွက်ကြ သာသနာပြုသူ ရှားပါးတဲ့အတွက် တကြောင်းတည်းသော ခရီးကို
နှစ်ပါးမကြွကြနဲ့  တပါးပဲကြွကြ ကျယ်ပြန့် အောင် သာသနာပြုကြ တဲ့
ဒါကို ကြည့်ခြင်းအားဖြင့်
ဗုဒ္ဓဟာ သာသနာတော် ပြန့် ပွားဖို့ ကို
အလိုရှိတော်မူတာ သိသာထင်ရှားပါတယ်
အခု
ဗုဒ္ဓတရားတော်တွေ ကျယ်ပြန့် ဖို့  ဘယ်လောက်ထိအရေးကြီးနေသလဲဆိုတာ
အားလုံးအသိပါပဲ
ဒါ့ကြောင့်
ဗုဒ္ဓဘာသာဝင်အားလုံးဟာ
ဗုဒ္ဓရဲ့တရားတော်တွေ ပြန့် ပွါးဖို့ အတွက်
သင်ယူကြ ဖတ်ရှု့ကြ ရေးသားကြုဖြန့် ဝေကြ
ပါလို့  တိုက်တွန်းပါတယ်
နောက်ဆုံးအဆင့်
တရားတွေမသင်ယူခဲ့ဘူးလို့ ပဲဖြစ်ဖြစ်
စာမရေးတက်လို့ ပဲဖြစ်ဖြစ်
စိတ်မပျက်ပါနဲ့ 
fb မှာ တွေ့ သမျှ တရားတွေကိုသာ
share စမ်းပါ
အဲဒါ ကြီးကျယ်ခမ်းနားတဲ့
သာသနာပြုနည်းတမျိုးပါပဲ

No comments:

Post a Comment