Sunday, June 12, 2016

ပြန်ပေး

ပြန်ပေး
---------
မြန်မာနိုင်ငံဟာ စနစ်ဆိုးတစ်ခုကြောင့် အရာရာ
နောက်ကျကျန်ခဲ့တယ်
အဲဒီမှာ တခုသတိထားမိတာရှိတယ်
အနုပညာ လောကမှာ မြန်မာဇာတ်ကားတွေ
ရိုက်တဲ့ ဒါရိုက်တာတွေ မင်းသား မင်းသမီးတွေ
ဟာလည်း ကမ္ဘာ့အဆင့် နဲ့  အရမ်းဝေးကွာနေတာ
သတိထားမိတယ်
ထွက်သမျှ ဇာတ်ကားတိုင်းလိုလိုဟာ
ချစ် ကြိုက် ညား ကွဲ ပြန်ပေါင်း
မင်းသမီးလူဆိုးဖမ်း
မင်းသားက သွားကယ်
ရဲမြညွန့် နဲ့ အဖွဲ့ လာမယ်
ဇာတ်သိမ်းမယ်
ဒီလိုဇာတ်အိမ်တွေကများတယ်
အတွေးအခေါ်နိမ့်ကျပြီး ပညာမပြည့်ဝတဲ့
ဆင်းရဲသားအခြေခံလူတန်းစားတွေကလည်း
အဲဒီလို ဇာတ်လမ်းမျိုးကိုပဲ ကြိုက်တယ်
အဲဒီတော့ ဒါရိုက်တာတွေကလည်း
အဲဒါမျိုးတွေပဲ အရိုက်များတယ်
ဆင်းရဲသားတွေအတွက် ပညာပေးဖို့ 
အသိဥာဏ် ရှိဖို့  စတဲ့ အတွေးအခေါ်ရင့်ကျက်စေမဲ့ ဇာတ်လမ်းမျိုးက
မရှိသလောက်ရှားတယ်
နောက်ဆုံးမှာတော့
ဒါရိုက်တာတွေ မင်းသားမင်းသမီးတွေဟာ
ချမ်းသာသထက် ချမ်းသာပြီး
ဆင်းရဲသားတွေကတော့
အပေါင်ဆိုင် တို့  နေ့ ပြန်တိုးပေးတဲ့အိမ်တို့ ကနေ
မတတ်တော့ဘူး
ဇာတ်ကားတွေမှာ အတုခိုးစရာဆိုလို့ 
သရုပ်ပျက်ဝတ်စားဆင်ယဉ်မှု့ ပဲရှိတယ်
နိုင်ငံခြားက မင်းသားတွေက
ဇာတ်ကားတကားကို လေးနှစ်တို့  ငါးနှစ်တို့ 
ရိုက်ရတယ်
တသက်လုံးကိုမှ ဇာတ်ကား ဆယ်ကားထက်
ပိုမရိုက်နိုင်တဲ့ မင်းသားမင်းသမီးတွေ အများကြီးပဲ
မြန်မာနိုင်ငံက မင်းသားမင်းသမီးတွေကတော့
ထုတ်လုပ်သူနဲ့ ဇာတ်ကားတစ်ရာ စာချုပ်တယ်တို့ 
ဘာတို့ ပေါ့
ပြည်သူတွေကို အထိရောက်ဆုံး ပြုပြင် ပြောင်းလဲ
နိုင်စွမ်းရှိတဲ့ အနုပညာရှင်တွေက
အခြေခံလူတန်းစားတွေအတွက် ဗဟုသုတ ပညာရေး
ဘာသာရေး စတဲ့ မိမိတို့ ပေးနိုင်တာကို
ပြန်ပြီးပေးမယ်ဆိုရင်
မြန်မာနိုင်ငံရဲ့ အခြေခံလူတန်းစားတွေရဲ့ဘဝဟာ
တိုးတက်မှု့မြန်ဆန်ပြီး
နိုင်ငံလည်း ခဏလေးနဲ့ တိုးတက်နိုင်တယ်
ဆင်းရဲသားတွေအားပေးလို့ 
စင်ပေါ်ရောက်သွားတဲ့
မင်းသားမင်းသမီး အနုပညာရှင်များ
အခု
ဆင်းရဲသားတွေ
အရမ်းဒုက္ခရောက်နေကြပြီ
အောင်မြင်သွားတော့မှ
မသိချင်ယောင်ဆောင်တာတော့
မလုပ်ကြပါနဲ့ နော်
ဆင်းရဲသားတွေအတွက်
တခုခုတော့
ပြန်ပြီး ပေးကြပါလို့ 
တောင်းဆိုပေးပါရစေ

No comments:

Post a Comment