------------------------
အဿကမင်းကြီးဟာ ဥပရိဒေဝီ မိဖုရားကြီး
သေတော့ အလောင်းကိုမပစ်ရက်လို့  နန်းတော်ထဲမှာ
ဒီအတိုင်းထားခဲ့တယ် မိဖုရားကြီးကတော့
နောက်ချေးပိုးဘဝရောက်ပြီး သူ့ လင်နောက်ချေး
ပိုးနဲ့ ပျော်မြူးနေတာကို ဘုရင်ကြီးကမသိဘူး
ဘုရားလောင်းရသေ့ကြီးက အကြောင်းစုံသိတော့
ဘုရင်ကြီးကိုခေါ်ပြပြီး ဘုရင်ကြီးကို ချစ်သေးလားမေးတော့ နောက်ချေးပိုးမက
သူ့ လင်နောက်ချေးပိုးဖိုအလိုရှိရင်ဘုရင်ကြီးရဲ့
လည်ချောင်းသွေးနဲ့ ပါ ခြေဆေးပေးချင်ပါတယ်
ပြောလို့ စိတ်နာပြီး နန်းတော်ထဲရောက်တော့
အလောင်းစင်ကိုကော ဘေးက ရေအိုးကိုရော
ခြေနဲ့ ကန်ပြီး နင်နဲ့ ရေစက်ပြတ်ပြီဆိုပြီး
ခွဲခဲ့တာ
အဲဒီအယူကိုလိုက်ပြီး မြန်မာတွေဟာ လူသေလို့ 
အလောင်းထုတ်လာပြီး တံစက်မြိတ်အောက်
ရောက်တာနဲ့ ရေအိုကိုပေါက်ခွဲပြီး ရေစက်ပြတ်တဲ့သဘောနဲ့ 
အယူစွဲလာကြတာ
ဘုရင်ကဒေါသထွက်လို့ ခြေနဲ့ ကန်ခဲ့တဲ့
အယူကနေဆင်းသက်လာလိုက်တာ မြန်မာတွေ
ခုချိန်ထိ ရေအိုးမနည်းဘူးကုန်နေပြီ
အဲဒီရေအိုးတွေကိုသာ လူစည်ကားတဲ့
လမ်းဆုံတွေမှာ ရေချမ်းစဉ်တည်နိုင်ခဲ့
မယ်ဆိုလျှင်ဖြင့်---------
No comments:
Post a Comment