-----------------------------
ဗြဟ္မာ့ပြည်က အပ်တစင်းချ လူ့ ပြည်က အပ်တစင်းထောင်
အဲဒီ နှစ်ခုထိပ်တိုက်ဖို့ က လွယ်သေးတယ်
လူ့ ဘဝကို ရှိဖို့ က အဲဒါထက်ခတ်တယ်တဲ့
သမုဒ္ဒရာထဲက မျက်စိမမြင်တဲ့ လိပ်ကန်းကြီးဟာ
နှစ်ပေါင်းတရာကြာလျှင် ရေပေါ်ကိုတခါပေါ်တယ်
မျက်စိမမြင်တော့ ပေါ်ချင်တဲ့နေရာပေါ်မယ်
အပေါက်ပါတဲ့ တံပိုးတုံးတခုကလည်း သမုဒ္ဒရာထဲမှာ
မျောချင်တိုင်းမျောနေမယ် နှစ်တရာကြာမှ
တခါ ပေါ်တဲ့ လိပ်ကန်းရဲ့ဦးခေါင်းနဲ မျောချင်ရာ
မျောနေတဲ့ တံပိုးတုံးအပေါက်စွပ်မိဖို့ က လွယ်သေးတယ်
လူ့ ဘဝတခါ ရဖို့ က အဲဒါထက်တောင် ခတ်ပါတယ် လို့  ဗုဒ္ဓဟောထားခဲ့တယ်
မနက်ကို လှံ သုံးချက် နေ့ လည်ကို လှံသုံးချက်
ညကို လှံသုံးချက် အထိုးခံပြီး သစ္စာအကြောင်း ပြောမယ်ဆိုရင် လှံနဲ့ အထိုးခံပြီး
သစ္စာအကြောင်းကို နားထောင်လိုက်ပါတဲ့
အဲဒီလောက်ခဲယဉ်းတဲ့ လူ့ ဘဝကိုလည်း
ရှိပြီးပြီ လှံနဲ့ အထိုးခံစရာမလိုပဲ သစ္စာ (ဝိပဿနာ) အကြောင်းလည်း အချိန်မရွေး
နာကြားနေရတဲ့ ဘဝကို ပိုင်ဆိုင်နေကြပြီ
အပါယ်လေးပါက ကိုယ်ပိုင်အိမ် တဲ့ လူ့ ပြည်ကို
ခဏလာပြီးပြန်သွားရမှာလို့ လည်း ဟောထားပါရဲ့
အရေးကြီးလို့ 
ဗုဒ္ဓကလည်း ဆရာကောင်းရှာဖို့ ကို ၅၂၈ ကြိမ်
ဟောခဲ့ပြီး ဝိပဿတရားကို ၁၇၉၂ ကြိမ်ဟောကာ
ဒုလ္လဘ တရားကိုတော့ ၁၆၄၂၅ ကြိမ် ဟောပြီး
သတိပေးခဲ့တာပေါ့
လူ့ အဖြစ်လည်းရ သာသနာနဲ့ လည်းကြုံ
တရားပြနိုင်တဲ့ဆရာသမားတွေကလည်း
ဒုနဲ့ ဒေး
အဲဒီလိုအခွင့်အရေးကိုမှ မိတ်ဆွေတို့ 
မယူဘူးဆိုရင်
အင်း-------
ဘုရားရှင်လက်ထပ်က သူဋ္ဌေးကြီးတွေ
စည်းဇိမ်ဥစ္စာကို စွန့် ပြီး ဘာ့ကြောင့်တရားရှာ
ကြတာလဲဆိုတာ သဘောပေါက်လောက်ရောပေါ့
မိတ်ဆွေတို့ ရော
တရားထိုင်ဖို့  စိတ်မဝင်စားကြသေးဘူးလား
ဦးမြင့်ခိုင်




No comments:
Post a Comment