Monday, June 13, 2016

ရှက်စရာ ကောင်းလိုက်တာ

ရှက်စရာ ကောင်းလိုက်တာ
------------------------------
ကိုးရီးဟားကားတွေခေတ်စားလာပြီး နောက်ပိုင်းမှာ မြန်မာ့ယဉ်ကျေးမှု့ဟာ စိုးရိမ်စရာ
အခြေအနေ ဖြစ်လာခဲ့တယ်
အခုနောက်ပိုင်း
ဥရောပနိုင်ငံအချို့ဟာ မြန်မာ့ယဉ်ကျေးမှု့ကို
တန်ဘိုးထားလာတွေ တွေ့ ရှိရပေမဲ့ ဘာသာတရား
ကင်းကွာတဲ့ ကိုးရီးယားလိုနိုင်ငံမျိုးမှာတော့
ဝတ်စားဆင်ယဉ်မှု့ ရဲ့တန်ဘိုးကို သိပ်ပြီး
နားလည်ပုံမရဘူး
အခု ကိုးရီးဟားဇာတ်လမ်းတွဲတွေ လွှမ်းမိုးခံရတဲ့
မြန်မာ့ယဉ်ကျေးမှု့ဟာ စိုးရိမ်စရာအနေအထား
ဖြစ်နေပါပြီ
မြန်မာမိန်းခလေများရဲ့ ဝတ်စားဆင်ယဉ်မှု့ဟာ
ခုနောင်ပိုင်းမှာ အင်မတန် ရိုင်းစိုင်းကြမ်းတမ်း
လာတာကို တွေ့ ရှိရတယ် အင်မတန်မှ ဝမ်းနည်း
စရာကောင်းလှပါတယ်
မိမိကတော့ ပေါ်ချင်တာပေါ် ဖေါ်ချင်တာဖေါ်
ဝတ်ပြီး ပါးစပ်စည်းမစောင့်သူများက နောက်ပြောင်တဲ့အခါကျတော့မှ နှမချင်းကိုယ်ချင်း
မစာနာဘူး ဆိုပြီ ပြန်ပြောကြတယ်
သြော် --- နှမချင်း ကိုယ်ချင်းစာစေချင်ရင်
ပတ်ဝတ်းကျင်က ယောင်္ကျားလေးတွေကို
ကိုယ့်ရဲ့ အကိုတွေ မောင်တွေ အဖေတွေလိုပဲ
သဘောထားပြီး လုံလုံခြုံခြုံ ဝတ်စားဆင်ယဉ်မှပေါ့
ကိုယ်က ဝတ်ချင်သလို ဝတ်ရင်တော့ အပြောခံရ
မှာပဲလေ
မြန်မာဆန်ဆန် ဝတ်စားထားပြီး ခန္ဓာကိုယ်
လုံခြုံစွာဝတ်ဆင်ထားရင် ဘယ်သူက နောက်ပြောင်ရဲမလဲ နောက်ပြီး ယျောကျာ်းလေးတွေရဲ့ တန်ဘိုးထားမှု့ လေးစားမှု့
အထင်ကြီးမှု့ကို ခံကြရမှာ အသေအချာပါပဲ
စိတ်ဆိုတာ အင်မတန် ဆန်းကြယ်ပြီး
အင်မတန် အကျိုးပေးကြီးကျယ်ပါတယ်
ရှင်မဟာကစ္စည်းကို စိတ်နဲ့ ပြစ်မှာယုံနဲ့ 
သူဋ္ဌေးသား မိန်းမဘဝ ပြောင်းလဲသွားခဲ့ရတာ
ဗုဒ္ဓဘာသာဝင်တွေသိပါတယ်
မဋ္ဌကုဏ္ဌလီသူဌေးသားဟာ သေခါနီးမှာ
ဘုရားရှင်ကို စိတ်နဲ့ ရှစ်ခိုးယုံလေးနဲ့ 
နတ်သားဘဝကို ရောက်ရှိသွားခဲ့တယ်
စိတ်ဟာ အဲဒီလောက်ထိ အကျိုးပေးကြီးပါတယ်
မိမိရဲ့ မလုံမခြုံ ဝတ်စားဆင်ယဉ်မှု့ကြောင့်
ယျေက်ျားလေးတွေက စိတ်နဲ့ ပြစ်မှားမယ် ဆိုရင်
ဘယ်လောက်ထိ အကုသိုလ် ကြီးနိုင်သလဲဆိုတာ
စဉ်းစားပေါ့
ပူလို့ ပဲ ဝတ်ဝတ်
ခေတ်မီချင်လို့ ပဲ ဝတ်ဝတ်
သူများကြည့်စေချင်လို့ ပဲ ဝတ်ဝတ်
အဲဒီလိုမိန်းခလေးမျိုးဟာ
မြန်မာ့ယဉ်ကျေးမှု့ကို ဖျက်စီးတဲ့အပြင်
လူအများကို အကုသိုလ်တက်အောင်
ပြုလုပ်နေတာနဲ့ တူပါတယ်
နောက်ပြီး
အဲဒီလို မိန်းခလေးမျိုးကို
ဘယ်သူမှ တန်ဘိုးမထားဘူး
ဒါ့ကြောင့်
မြန်မာမိန်းခလေးများဟာ
အသက်ထက် အရှက်ကိုတန်ဘိုးထားပြီး
ကိုယ့်ရဲ့ ဘာသာ သာသနာကို
ကိုယ့်ရဲ့ ယဉ်ကျေးမှု့အမွေအနှစ်ကို
စောင့်ရှောက်နိုင်ကြပါစေလို့ 
ဆန္ဒပြုလိုက်ရပါတယ်

No comments:

Post a Comment