------------------------------
ယမန်နေ့က ရွှေတိဂုံစေတီတော်သို့ လက်စတာအသင်းနှင့်အတူ လိုက်ပါခဲ့သော ရာနီရေးနီသည် ရွှေတိဂုံမှအပြန်တွင် ဗုဒ္ဓဘာသာအဖြစ်ကူးပြောင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းစာ Daily Mõõ Sŭŭ သို့ပြောကြားခဲ့သည်။
"ကျွန်တော်တို့
လက်စတာအသင်းအနေနဲ့ စိတ်ကူးတောင်မယဉ်ဖူးတဲ့ ပရီးမီးယားဖလားကို
ရရခြင်းရဲ့အဓိက တွန်းအားက ရှင်တော်ဂေါတမရဲ့ အတွေးအခေါ်ပါပဲ။
ဗုဒ္ဓရဲ့ မိမိကိုယ်သာကိုးကွယ်ရာဆိုတဲ့ စာတန်းကိုလည်း အသင်းရဲ့အိမ်ကွင်းမှာချိတ်ဖို့ မှာကြားထားပြီးပါပြီ။
ဘယ်ဖန်ဆင်းရှင်ကမှ ပေးတဲ့ဖလား မဟုတ်ပါဘူး။ ဒါဟာ ကျနော်တို့ရဲ့ကြိုးစားမှုကြောင့် ရခဲ့တာပါ။
ကျွန်တော်တို့အသင်း လေ့ကျင့်ခန်းထဲမှာလည်း နာရီဝက်တရားထိုင်ခြင်းကို အမြဲထည့်သွင်းထားပါတယ်။ ဗုဒ္ဓရဲ့ Mind is power to think, to know ဆိုတဲ့အတိုင်းပဲ ကျနော်တို့အသင်းရဲ့ ကစားသမားတွေ စိတ်ခွန်အားမြှင့်ဖို့ကို အမြဲကြံဆောင်နေခဲ့တာပါ။
ရှင်းရှင်းပြောရမယ်ဆိုရင် ဒီဖလားကို ရှင်တော်ဂေါတမ ပေးခဲ့တာပါ။
ရာသီအစမှာ ဒီရွှေတိဂုံဘုရားပေါ်ကို အောင်မြေလာနင်း လိုက်တာကလည်း ဖလားရစေမှုရဲ့ ၅၀ ရာခိုင်နှုန်း အကျိုးသက်ရောက်ပါတယ်။ ဗုဒ္ဓရဲ့ ဆံတော်ကို ဌာပနာထားတဲ့ အရပ်ဒေသမှာ ဗုဒ္ဓရဲ့ဖလော်ဆော်ဖီကို ယုံကြည်သက်ဝင်တဲ့ သူတွေလာမှတော့ ဖလားရတာ ဘာဆန်းလဲဗျာ ဟု ပြောကြားသွားခဲ့သူ ရာနီရေးနီမှ သူ့အနေနဲ့ ဘာသာကူးပြောင်းမှုကို နောင်တရနေမှာမဟုတ်ကြောင်း၊ သူ့အသင်းမှ ကစားသမား မာရက်ဇ်သည်လည်းပဲ သူကဲ့သို့
ဘာသာပြောင်းရန်စဉ်းစားနေကြောင်း၊
တန်းဆင်းဇုန်မှ ကပ်လွတ်ခဲ့သည့် ဆန်းဒါးလန်းအသင်းအနေနှင့်လည်း ရွှေတိဂုံဘုရားသို့လာရန် စီစဉ်နေကြပြီဖြစ်ကြောင်းတို့ကိုလည်း တလက်စတည်းဖြေကြားသွားခဲ့သည်။
နောင်လာမယ့်ရာသီတွင်လည်း မြန်မာနိုင်ငံ၏ဓလေ့ကို သဘောကျသောအားဖြင့် အိမ်ကွင်းပွဲစဉ်များတွင် ဘုရားသားတော်များအား
အခမဲ့ကြည့်ရှုခွင့်ပေးသွားမည့် အစီအစဉ်အသစ်ကိုလည်း ကြေငြာသွားခဲ့သည်။
Copy..William Wallace

No comments:
Post a Comment