Monday, June 13, 2016

အလှမ်းဝေးနေသေးတယ်

အလှမ်းဝေးနေသေးတယ်
----------------------
fb မှာတင်နေတဲ့အကြောင်းအရာတွေဟာ
အင်မတန်များပြားလှတယ် ဘာသာရေး
လူမှု့ ရေး စီးပွားရေး အချစ်ရေး နိုင်ငံရေး
စတဲ့အကြောင်းတရားတွေဟာ စုံလင်လှတယ်

ဘယ်အရာကို လူတွေပိုပြီးစိတ်ဝင်စားလည်း
ဆိုတာ like ကိုကြည့်ခြင်းအားဖြင့် သိသာလှတယ်
ဘာသာရေးပို့ စ်တခုကို share မယ်ဆိုရင်
တရားတွေကိုဖြန့် ဝေရာရောက်တဲ့အတွက်
ဗုဒ္ဓဘာသာကျယ်ပြန့် ဖို့ အကြောင်းလည်းဖြစ်တယ်
သဒ္ဓါတရားပါရင် တရားဟောလို့ ရတဲ့ကုသိုလ်နဲ့ 
အတူတူအကျိုးရှိစေတယ် နိဗ္ဗါန်ထိအကျိုးပေးမယ်
တစက္ကန့် လောက်ပဲကြာမယ် ပိုက်ဆံလည်း
ထူးပြီးပိုကုန်မသွားဘူး
ခုတော့
သာသနာစိတ်ရှိသူတွေက အချိန်ကုန်ခံ
ငွေကုန်ခံပြီး ကြိုးကြိုးစားစား တင်ပေးနေတာတောင်
အချိန်မကုန် ငွေမကုန် နိဗ္ဗါန်ထိရောက်စေတဲ့
ကုသိုလ်မျိုးရနိုင်တာကိုတော့ မလုပ်ကြဘူး
ပြောတော့အမျိုးဘာသာသာသနာကို စောင့်ရှောက်
ရမယ်တဲ့
ဘယ်လိုပဲရေးရေး ဘယ်လောက်ပဲကောင်းကောင်း
ဘာသာရေးပို့ စ်တစ်ခုဟာ like တစ်ရာကျော်
ရဖို့ ခဲယဉ်းတယ်
pro ဖိုင်မှာ မိန်းမပုံ လှလှလေးနဲ့ တရောက်လောက်က
ပျင်းတာ ဘာတင်ရမှန်းမသိဘူး ဆိုတဲ့ စကားလုံး
တိုတိုလေးတွေကျတော့ like သိန်းနဲ့ ချီပြီးရှိတယ်
ဒီပုံစံနဲ့ ဆိုရင်
ဗုဒ္ဓဘာသာကြီး တိုးတက်ဖို့ ဆိုတာ----

No comments:

Post a Comment