Monday, June 13, 2016

အတုယူရမယ်

အတုယူရမယ်
----------------
မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတာမှန်တယ်ဆိုရင် နိုင်ငံရေးဘက်မှာ
တိုးတက်အောင်စွမ်းဆောင်သလို ဘာသာရေး
ဘက်ကလည်း တိုးတက်အောင် စွမ်းဆောင်သင့်လှတယ်

မြန်မာနိုင်ငံဟာ ထေရဝါဒ အထွန်းကားဆုံး
နိုင်ငံဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာ နဲ့ ပါတ်သတ်ရင်
စံတင်လောက်တဲ့ အတုယူလောက်တဲ့
နိုင်ငံဖြစ်သင့်ပါတယ်
နိုင်ငံမြင့်တင်အောင် စွမ်းဆောင်သလို ဘာသာတရားဘက်မှာလည်း မြင့်တင်နိုင်မှ
အဆင်ပြေနိုင်ပါလိမ့်မယ်
ပြည်သူတွေဟာ ရုပ်ပိုင်းဆိုင်ရာတင် နိမ့်ကျတာ
မဟုတ်ပါဘူး စိတ်ပိုင်းဆိုင်ရာကလည်း လွန်စွာမှ
နိမ့်ကျခဲ့ပါတယ် ဒါ့ကြောင့် နိုင်ငံတိုးတက်အောင်
စွမ်းဆောင်သလို စိတ်ပိုင်းဆိုင်ရာတိုးတက်ဖို့ 
အတွက် ဘာသာတရားဘက်ကိုလည်း တိုးတက်
အောင်စွမ်းဆောင်သင့်ပါတယ်
ပရိယတ္တိအခြေခိုင်အောင် စာသင်သား ရဟန်းသံဃာတော်များကို ဆွမ်းကွမ်း စာရွက်စာတမ်း ကမှအစ ထောက်ပံ့သင့်သလို
နောင်လာမဲ့အနာဂတ်အတွက် ခုလိုစနစ်ဆိုး
မဖြစ်ရလေအောင် ဓမ္မစကူး တို့ ယဉ်ကျေးလိမ္မာ
တို့ စတဲ့ သင်တန်းတွေကိုလည်း ထိထိရောက်ရောက်ထောက်ပံ့သင့်ပါတယ်
ဒီနေရာမှာ အတုယူစရာကောင်းတာက သီရိလင်္ကာ နိုင်ငံပါပဲ
ခလေးငယ်တိုင်းကို ဓမ္မစကူး မဖြစ်မနေ သင်ခိုင်းခြင်း အရွယ်ရောက်လို့  အလုပ်လုပ်တဲ့အခါ ဓမ္မစကူး လက်မှတ် ပါမှ
အဆင်ပြေခြင်း နိုင်ငံသားတိုင်းဟာ ရဟန်းသံဃာ
အပေါ်ကို နိုင်ငံ့အကြီးအကဲများထက် ရိုသေလေးစား တန်ဘိုးထားခြင်း စတဲ့ အရာတွေဟာ ထေရဝါဒ နိုင်ငံများအတွက်
လွန်စွာမှ အတုယူထိုက်ပါတယ်
ဒါ့အပြင်
နိုင်ငံအနှံ့အပြား လူစည်ကားရာဒေသများ
လမ်းလေးခွစုံများတွင် ကြည်ညိုဖွယ်ရာ
ဗုဒ္ဓဆင်းတုတော်များကို ထုဆစ်အပူဇော်ခံထားခြင်း ထိုကဲ့သို့  နေရာအနှံ့အပြား ဗုဒ္ဓဆင်းတုတော်များအပူဇော်ခံထားရှိခြင့်ကြောင့်
ုဖူးမြှော်ရသူအပေါင်း၌လည်း ကြည်ညိုသဒ္ဓါပီတိ
ုဖြစ်ရခြင်း စတဲ့အကျိုးတွေ ရ ရှိပါတယ်
ဒါ့ကြောင့်
မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲမယ်ဆိုရင်
ရုပ်ပိုင်းဆိုင်ရာတိုးတက်အောင် စွမ်းဆောင်သလို
စိတ်ပိုင်းဆိုင်ရာတိုးတက်အောင်လည်း
မဖြစ်မနေ လိုအပ်ပါကြောင်း
ဦးမြင့်ခိုင်

 

No comments:

Post a Comment