Monday, June 13, 2016

လူထွက်တော့မှာလား ?

လူထွက်တော့မှာလား ?
---------------------------

ဒီရက်ပိုင်းမှာ စာသင်သားတွေရဲ့ စာမေးပွဲအောင်စာရင်း ထွက်တော့မယ်

စာမေးပွဲကျလို့  လူထွက်သွားတယ်ဆိုတဲ့ သတင်း
တွေကိုလည်း ဝမ်းနည်းဘွယ် ကြားကြရဦးမယ်

ုမြန်မာနိုင်ငံမှာ မင်းတုန်းမင်းလက်ထက်က ၁၂ သိန်းထိရှိခဲ့ပါတယ် တဖြေးဖြေးနဲ့ လျှော့လာလိုက်တာ အခု ငါးသိန်းပဲရှိတော့တယ်

၂၀၁၂ ခုနှစ်က ခြောက်သိန်းထိရှိသေးတယ်
၂၀၁၂ ကနေ ၂၁၀၅ ထိ တသိန်းလျှော့တယ် တဲ့

တနှစ် တနှစ်ကို ခုနှစ်သောင်းလောက်
လျှော့တယ်ဆိုတဲ့သတင်းဟာ
ကြောက်စရာအကောင်းဆုံးသတင်းပါပဲ

ဘာတွေအခတ်အခဲရှိနေလည်းဆိုတာကို
ဆရာ ဒကာ ညှိနှိုင်းပြီး တိုင်ပင်ရမဲအခြေအနေပါ

ဒုတိယကမ္ဘာစစ်က ဆွမ်းကွမ်းမပြည့်စုံလို့ 
လူထွက်ကြတာအများကြီးပါပဲ
ဒါက လက်ခံလို့ ရတဲ့ အခြေအနေပါ

အဲဒီအခြေအနေတုန်းက မဟာဂန္ဓာရုဆရာတော်
ဘုရားကြီးဟာ လူထွက်သွားပြီဆိုတဲ့သတင်းကြားလို့  လာစုံးစမ်းတဲ့သူတွေကို ဆရာတော်ဘုရားကြီးက

ကျုပ်အတွက် ဘယ်လိုပဲအခတ်အခဲဖြစ်ပါစေ
ဘယ်လောက်ပဲ ဒုက္ခရောက်ပါစေ သေရင်တောင်မှ ဒီအဝတ်နဲ့ ပဲသေမယ် ယုတ်ညံ့တဲ့ အဝတ်အစားနဲ့  မသေချင်ဘူး တဲ့

ဖိနပ်လှူမဲ့လူမရှိလို့  ဖာထေးပြီးစီးရတယ်
ကမ္ဘာပေါ်မှာ ဖိနပ်ဖာစီးတာ အဲဒီဆရာတော်ကြီး
တပါးပဲ ရှိပါတယ် ဆွမ်းကွမ်းအတွက်အခတ်အခဲ
ရှိရင် ကပ္ပိ လို့ ရအောင်ဆိုပြီး နှစ်ထပ်သင်္ကန်းကြီးကို တခြမ်းခွဲပြီး သိမ်းထားရတယ်

အချိုပွဲဆိုတာကတော့ လက်ဘက်ခြောက်ပြုတ်ဖတ်တွေကို ကြက်သွန်နဲ့ 
လူးပြီးစားရသတဲ့ မုန့် အချိုပွဲစားချင်လွန်းလို့ 
ထန်းသီးတွေကောက်ပြီး တပည့်ကိုရင်လေးတွေနဲ့ မလုပ်တတ်လုပ်တတ်နဲ့ လုပ်တာ ဂျပ်ခဲကြီးဖြစ်ပြီး
အဲဒါကိုပဲ ဘုန်းပေးလို့ ကောင်းသတဲ့

လယ်တောတခုက ဆွမ်းစားပင့်တော့ ဘဲဥဟင်းနဲ့ 
ကပ်တာဟာ အကောင်းဆုံးဆွမ်းဟင်းလို့  သူ့ ရဲ့
မှတ်တမ်းမှာ ရေးထားပါတယ်

တပည့်ကိုရင်လေး တပါးပဲရှိတယ် သူနေမကောင်းတော့ဆရာတော်ကြီးက ပြန်ပြီး
ပြုစုပေးရသတဲ့ ကိုရင်လေးကို နင်းပေးနှိပ်ပေးသတဲ့

အဲဒီလောက် ဒုက္ခကြီးကျယ်လှ တဲ့ ဒုတိယကမ္ဘာ
စစ်ကြီးအတွင်းမှာတောင် ဝိနည်းသိက္ခာပုဒ်ကို
မကျိုးအောင်စောင့်ထိမ်းပြီး ဖြတ်သန်းခဲ့ပါတယ်

ဒါ့ကြောင့်လည်း ဒီကနေ့  မဟာဂန္ဓာရုံ ရယ်လို့ 
နာမည်ကြီးနေခဲ့တာပေါ့

အဲဒီလို အပစ်အခတ်တွေ များပြားနေတဲ့ ကြားထဲကပဲ စာအုပ်ပေါင်းမြောက်များစွာကို
မရ ရအောင် ရေးသားပြုစုခဲ့တယ်

ဒီကနေ့ မြန်မာနိုင်ငံရဲ့ သာသနာရေးဟာ
အကြောင်းအမျိးမျိုးကြောင့် ရဟန်းသံဃာတော်တွေ ပင်ပမ်းဆင်းရဲတယ်ဆိုတာကို လက်ခံပါတယ်ဘုရား

ဒါပေမဲ့

ဖိနပ်ကို ဖာပြီးမစီးရသေးပါဘူး

ဘဲဥတခြမ်းလောက်နဲ့  ဆွမ်းမဘုန်းရသေးပါဘူး

လက်ဘက်ခြောက်ပြုတ်ဖတ်နဲ့ အချိုပွဲ မဘုန်း
ရသေးပါဘူး

ဒါ့ကြောင့်

စာမေးပွဲ ကျလို့  လူထွက်တယ်ဆိုတာဟာ
ခိုင်လုံတဲ့အကြောင်းပြချက် မဖြစ်သင့်လောက်
ဘူးလို့  ထင်မိပါတယ် ဘုရား

မြင့်မြတ်တဲ့ အဝတ် ကို ယုတ်ညံ့တဲ့အဝတ်နဲ့ 
မလဲကြဖို့  တိုက်တွန်းလိုပါတယ် အရှင်ဘုရားတို့ ဘုရား

အကယ်၍ အခတ်အခဲရှိလို့  လူထွတ်ကြမယ်ဆိုရင်
ဓမ္မရောင်ခြည် ဓမ္မဒါန ဖေါင်ဒေးရှင်းနဲ့ 
ဆက်သွယ်ကြဖို့ ကိုလည်း ထပ်ဆင့် တိုက်တွန်း
ပါသည်ဘုရား

-------------------------------------------------

ဓမ္မရောင်ခြည် ဓမ္မဒါန ဖေါင်ဒေးရှင်း ဥက္ကဋ္ဌ

ဆရာဦးလှမျိုး ph 09785079674

         

share ပေးခြင်းဖြင့် ကုသိုလ်ယူနိုင်ကြပါစေ

No comments:

Post a Comment