Monday, June 13, 2016

ငှက်ပျောခွံနဲ့ ရေခဲမုန့် 

ငှက်ပျောခွံနဲ့ ရေခဲမုန့် 
------------------

ဂျာမဏီနိုင်ငံသားတရောက်ကို ကျိုက်ထီးရိုးဘုရားကို
လိုက်ပို့ ဖို့ တာဝန်ပေးခံခဲ့ရတယ် ဒီလိုနဲ့ အဝေးပြေး
ကားကြီးစီးပြီးကျိုက်ထီးရိုးဘုရားဆီသို့ 
သွားခဲ့ကြတယ် လမ်းမှာငှက်ပျောသီးစားကြတယ်
စားပြီးငားငှက်ပျောခွံ့ ကို ကျွန်တော်က ကားပေါ်ကနေ
လွှင့်ပစ်တော့သူက ကြည့်နေတယ် ဟိုင်းဝေးကား
ဆိုတော့ ငှက်ပျောခွံ့ တခုကိုကွင်းပြင်ထဲပစ်တာ
ဘာမှမထူးလောက်ဘူးပေါ့

နောက်တလုံးစားပြီးလွှင့်ပစ်တော့သူကမနေတော့ဘူး
ကျွန်တော့ကိုပြောပြီ မင်းအရမ်းညစ်ပတ်တယ်တဲ့
ဘာဖြစ်လို့ အပြင်ကိုလွှင်ပစ်တာလည်းတဲ့ ငါတို့ 
နိုင်ငံမှာအဲဒီလို လုပ်လို့ မရဘူးတဲ့ အမှိုက်ကို
စနစ်တကျသတ်မှတ်ထားတဲ့နေရာမှာ မှ ပစ်လို့ 
ရတယ်တဲ့

သြော် လယ်ကွင်းပြင်ထဲကို ငှက်ပျောခွံ့ တခွံ့ 
လွှင်ပစ်မိယုံနဲ့ အပြောခံခဲ့ရတယ် သူပြောတာလည်း
မှန်နေတဲ့အတွက် ကျွန်တော်ငြိမ်နေလိုက်ပါတယ်
သူတို့ နိုင်ငံကိုလည်းအရမ်းလေးစားသွားမိတယ်

ဒီလိုနဲ့ ရန်ကုန်ပြန်ရောပြီး သူ့ ကို ရန်ကုန်မြို့ ထဲက
ရိပ်သာမျိုးစုံလိုက်ပို့ ပြီး မြေပဒေသာကျွန်းထဲမှာ
နားရင်းနဲ့ အဲဒီအနီးနားကဆိုင်မှာ ရေခဲမုန့် နှစ်ခုဝယ်ပြီး
ဆိုင်ရှေ့ က တုံးတခုအပေါ်မှာထိုင်ပြီးစားနေခဲ့
ကြတìယ်

သူကလည်း ပုဆိုးဝတ်ထားတယ် အဲဒီလိုစားနေတုန်း
ဆိုင်ထဲကကောင်မလေးတွေက ကြည့်ကြည့်ပြီး
ပြုံးစိစိနဲ့ အထဲပြန်ဝင်သွားကြတယ်

အင်း ဘာဖြစ်လို့ များပါလိမ့်ဆိုပြီးကျွန်တော်
လေ့လာကြည့်တော့ ပုဆိုးကိုမဝတ်တက်ဝတ်တက်နဲ့ 
ဝတ်ထားပြီး ဆောင့်ကြောင့်ထိုင်နေတော့
အောက်က မတော်တရော်ကပေါ်နေတယ်

အင်း ကျွန်တော်နားလည်သွားတယ်

ဒါနဲ့  မင်းပုဆိုးကိုပြန်ဝတ်လိုက်ဦး အောက်မှာ
မတော်တရော်ပေါ်နေတယ် ကောင်မလေးတွေက
ကြည့်ပြီးရယ်နေကြတယ်ပြောလိုက်တော့
သူက

ရပါတယ်တဲ့ ကြည့်ပါစေတဲ့ ငါတို့ နိုင်ငံမှာ
မိန်းခလေးတွေက ဒါမျိုးကြည့်ရဖို့  ပိုက်ဆံအများကြီး
ပေးရတာတဲ့  ငါကအခု အလကားပြနေတာတဲ့
ကြည့်ပလေ့စေ ဆိုပြီး ပြင်မဝတ်ပဲ ဒီအတိုင်းပဲ
ဆက်ထိုင်နေတယ်ဗျာ အံ့ရော အံ့ရော

သြော်--------

ငှက်ပျောခွံ့ ကိစ္စတုံးကတော့
သူတို့ နိုင်ငံကို အထင်ကြီးလေးစားလိုက်ရတာ

ရေခဲမုန့် ကိစ္စကျမှပဲ
ကိုယ့်နိုင်ငံကို ကိုယ်အထင်ကြီးလေးစားမိတော့တယ်

အေးဗျာ ထူးဆန်းပါပေ့
ဘာပြောပြရမှန်းကို မသိတော့ဘူး

No comments:

Post a Comment