ကွန်းမန့် တော့မပေးဘူး
-------------------
ကျွန်တော်ဟာပဋ္ဌာန်းတရားတော်ကြီးကို တနေ့ တကြိမ်ရွတ်ဖြစ်တယ်
ဘယ်အချိန်ရယ်လို့ တော့မသတ်မှတ်ဘူး
အဆင်ပြေတဲ့အချိန်ပဲရွတ်တယ်
သုံးလေးနှစ်လောက်ထိ ဘာမှမထူးခြားဘူး
ဗန်းမော်ဆရာတော်ကြီးက လူတွေမနိုးတဲ့အချိန်
နတ်တွေကိုပင့်ဖိတ်ရွတ်တာ နတ်သားတွေကို
ကိုယ်တိုင်တွေ့ ရတယ်လို့ သိလိုက်ရတဲ့အချိန်ကစပြီး
နံက်တိုင်းသုံးနာရီထပြီးရွတ်ဖြစ်တယ်
လေးငါးနှစ်လောက်ကြာတော့ တစုံတရောက်က
ပြောတယ် လက်အုပ်ချီရွတ်ပါ အမွေးနံ့ သာများ
ဖြန်းပေးပါ အိမ်ရှေ့က အဝတ်လှမ်းကြိုးတွေ
ဖြုတ်ပေးပါ အမျှပေးပါ ဆိုပြီးလာပြောတယ်
အဲဒါနဲ့ သူတို့ ပြောတဲ့အတိုင်းပဲ လုပ်ပေးတယ်
ရေးမွေးဖြန်းပေးတော့ နံ့ သာဖြူအမွေးပဲ
ဖြန်းပေးပါတဲ့ အရင်ကလက်အုပ်ချီမရွတ်ဖြစ်ဘူး
သူတို့ ပြောပြီးကတည်းက လက်အုပ်ချီရွတ်ရတယ်
ဘယ်လောက်အိပ်ရေးပျက်ပျက် အဲဒီအချိန်ကျရင်
ခေါင်းကိုလာပြီးဆွဲထူတာခံရတယ်
အိမ်ငှားဘဝနဲ့ နေရတယ် ရောက်တဲ့အရပ်မှာ
ရွတ်ဖြစ်တယ် ကိုယ်စောင့်နတ် အိမ်စောင့်နတ်ကစလို့ 
ဝိဇ္ဇာတွေ ပြိတ္တာတွေ အကုန်လုံးကို ကောင်းမှု့ ကုသိုလ်
လုပ်တိုင်းအမျှပေးတယ် သက်ရှိထင်ရှားဘုရားရှင်ကို
ကပ်သလိုမျိုး အရုဏ်ဆွမ်း နေ့ ဆွမ်း တနေ့ 
နှစ်ကြိမ်ကပ်တယ် အမျှပေးတယ် ကိုယ်နေတဲ့
အရပ်ကရှိတဲ့ အိမ်စောင့်နတ် မကျွတ်မလွတ်သူ
အားလုံးကို ကုသိုလ်လုပ်ပြီးတိုင်း အမျှပေးတယ်
သူတို့ စားရသောက်ရတဲ့အကြောင်းလာပြောတယ်
အန္တရယ်တခုခုကြုံတော့မယ်ဆို လာပြောတယ်
နေရာပြောင်းတော့မယ်ဆိုရင် မပြောင်းဖို့ 
ငိုယိုပြီးတောင်းပန်ကြတယ်
ဆယ့်လေးငါးနှစ်လောက်ရွတ်လာတာနဲ့ အမျှ
ထူးဆန်းအံ့သြစရာကောင်းတာတွေအများကြီး
ကြုံတွေ့ ရတယ် ခြင်တကောင်ကို ယောင်ပြီး
သတ်မိရင်တောင် ငါးပါးသီလကို ချက်ချင်း
့ပန်ယူခိုင်းတယ် ဝိဇ္ဇာတွေနဲ့ စကားပြောရတယ်
နတ်ကိုတွေ့ ဘူးတယ် ယမမင်းကိုတွေ့ ဘူးတယ်
နာမည်တွေ လိပ်စာတွေနဲ့ အမျှပေးဖို့ လာတောင်းဆိုတဲ့
တစ္ဆေသရဲတွေ တွေ့ ဘူးတယ်
ကဲ
ယုံပါလို့ တော့မပြောလိုပါဘူး
ဒါပေမဲ့ ကျွှန်တော့လိုမျိုး
ပဋ္ဌာန်းတရားတော်ကြီးကို
နံက် ၃ နာရီလောက်ထပြီး
နှစ်ပေါင်းများစွာ ရွတ်ကြည့်ကြပါလို့ တော့
အကြံပေးချင်ပါတယ်
ဒီကိစ္စနဲ့ ပါတ်သတ်လို့ တော့
မည်သူ့ ကိုမှ ကွန်းမန့် မပေးပါဘူး
မယုံလည်း
ပုံပြင်လို့ သာမှတ်ကြပါ
ဦးမြင့်ခိုင်

No comments:
Post a Comment