Friday, June 10, 2016

လွန်တယ်လို့  ပြောမှာလား

လွန်တယ်လို့  ပြောမှာလား
-------------------------------
မြန်မာပြည်သူတွေ ယဉ်ကျေးလိမ္မာမှု့အားနည်း
နေတာဟာ ဗုဒ္ဓရဲ့ တရားတော်တွေကို ထိတွေ့ မှု့
အားနည်းနေလို့ 

ပြည်သူတွေ ဗုဒ္ဓတရားတော်တွေကို ထိတွေ့ မှု့
အားနည်းနေတာဟာ နိုင်ငံကို ခေါင်းဆောင်တဲ့
ပုဂ္ဂိုလ်တွေ ဗုဒ္ဓတရားတော်တွေကို ထိတွေ့ မှု့
အားနည်းခဲ့လို့ 
ကမ္ဘာကြီးပူလောင်နေတာ လူသားတွေဒုက္ခရောက်
နေတာဟာ ကမ္ဘာပေါ်မှာ မဂ္ဂင်ရှစ်ပါးအကျင့်ကို
ထိတွေ့ သူနည်းပါးပြီး အယူမှားသူ များပြားနေလို့ 
ဒါဆိုရင်
ဗုဒ္ဓတရားတော်တွေကို အကောင်းမွန်ဆုံးစောင့်ရှောက်ထားတဲ့
မြန်မာနိုင်ငံဟာ အယူမှားနေသူတွေကို
အယူမှန်ရောက်အောင် မဂ္ဂင်ရှစ်ပါးအကျင့်ကို
ထိတွေ့ ပေးဖို့  မလိုအပ်ဘူးလား
ဘယ်အရာပဲဖြစ်ဖြစ် တန်ဘိုးရှိတဲ့အရာကို
တန်ဘိုးရှိမှန်းမသိရင်
တန်ဘိုးမဲ့သွားတာပါပဲ
ဗုဒ္ဓတရားတော်တွေရဲ့အတိမ်အနက်ကိုမှ
ဗုဒ္ဓဘာသာဝင်တွေက မသိဘူးဆိုရင်
သူများကို သိစေချင်တဲ့စိတ်မျိုးလည်း
ဖြစ်ပေါ်နိုင်မှာမဟုတ်ပါဘူး
မိမိကိုယ်တိုင်ရော
မြန်မာတနိုင်ငံလုံးအပြင်
တကမ္ဘာလုံးကိုပါ
တကယ်ပဲ ငြိမ်းချမ်းစေချင်တယ် ဆိုရင်တော့
ဗုဒ္ဓတရာတော်တွေကို
မိမိကိုယ်တိုင်ကျင့်သုံးရမှာဖြစ်သလို
မြန်မာပြည်သူတွေ နိုင်ငံ့ခေါင်းဆောင်တွေ နဲ့  ဗုဒ္ဓဘာသာဝင်အားလုံးလည်း
ကျင့်သုံးရမှာဖြစ်တယ်
ဒါ့အပြင်
တကမ္ဘာလုံးကလူသားတွေကိုပါ
ကျင့်သုံးနိုင်ကြပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ 
ဖြန့် ဝေရမှာဖြစ်ပါတယ်
ကိုယ်တိုင်လည်း တန်ဘိုးမသိတော့
သူများကိုလည်း မပြောပြနိုင်တော့ဘူး
အဲဒီတော့ ကမ္ဘာကြီးကလည်း
ဖြစ်ချင်တိုင်းဖြစ်နေပြီး
ပူလောင်ချင်တိုင်းပူလောင်နေတာပေါ့
ဗုဒ္ဓတရားတော်တွေကို
ထိတွေ့ ခွင့်ရနေတဲ့ မြန်မာပြည်သူတွေကိုယ်တိုင်
ကမှ ချမ်းသာစေဖို့  မကျင့်သုံးနိုင်ဘူးဆိုရင်
ဘာသာခြားတွေ စိတ်မဝင်စားတာဟာ
မဆန်းလှပါဘူး
အင်မတန်စွဲမက်ဖွယ်ကောင်းတဲ့
ထိတွေ့ သူတိုင်း ရုန်းထွက်နိုင်ဖို့ ခတ်ခဲတဲ့
လက်တွေ့ ကျ သိပ္ပံဆန်လှတဲ့
ဗုဒ္ဓတရားတော်တွေကို
ပြန့် ပွားအောင်
မြန်မာပြည်သူတွေ
နိုင်ငံ့ခေါင်းဆောင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေ
မစွမ်းဆောင်နိုင်ဘူးဆိုရင်တော့
ကမ္ဘာပေါ်မှာရှိတဲ့ လူသားအားလုံး
ဒီထက်ဒုက္ခရောက်ဖို့  ပြင်ထားကြပေတော့
တကယ်တော့
မိမိကိုယ်တိုင်ချမ်းသာဖို့ ပဲဖြစ်ဖြစ်
မြန်မာတနိုင်ငံလုံးချမ်းသာဖို့ ပဲဖြစ်ဖြစ်
တကမ္ဘာလုံးချမ်းသာဖို့ ပဲဖြစ်ဖြစ်
ဗုဒ္ဓတရားတော်ကို ကျင့်သုံးဖို့ ကလွဲပြီး
တခြားနည်းမရှိပါဘူးလို့  ပြောမယ်ဆိုရင်
လွန်တယ်လို့  ပြောမှာလား
ဦးမြင့်ခိုင်

 

No comments:

Post a Comment