-------------------------------------------
ဟီရိုရှီးမား ဗုံးမကြဲခင် ရုရှားနိုင်ငံ
ဆိုက်ဘေးရီးယားတောကြီးထဲမှာ
ဟီရိုရှီးမားဗုံးကြီးနဲ့  တထပ်တည်းကျတဲ့
ဗုံးကြီးတလုံးပေါ့က်ကွဲခဲ့ဘူးတယ်
လေပြင်းရိုက်ခတ်မှု့ အပူဟပ်မှု့
ရောင်ခြည်သင့်မှု့တွေဟာ ဟီရိုရှီးမား
ဗုံးကြီးနဲ့  တထပ်တည်းပဲ အဲဒီအချိန်က
အိုင်းစတိုင်းတောင် အနုမြူ ကိုမတွေ့ သေး
ဘူး
တိုင်းတန်းနစ်သင်္ဘောမမြုပ်ခင် ၁၃ နှစ်
အလိုကတည်းက တိုက်တန်းဆိုတဲ့
သင်္ဘောကြီး ဧပြီလရဲ့ ညတညမှာ
နစ်မြုပ်ပြီး လူပေါင်း များစွာ သေဆုံးမဲ့
အကြောင်းကို မဂ္ဂဇင်းတစောင်မှာ
စာရေးဆရာတဦးက ရေးခဲ့ဘူးတယ်
သင်္ဘောကြီးထွက်လာတော့လည်း
အိမ်မက်မက်တာတွေ အရိပ်အယောင်
ပြတဲ့သူတွေအများကြီးရှိတယ်
ဘာမှန်းမသိခဲ့ကြတဲ့အတွက်
ဟီရိုရှီးမား ဗုံးလည်းကွဲခဲ့သလို
တိုက်တန်းနစ်လည်းမြုတ်ခဲ့တယ်
အတိတ် နိမိတ် တဘောင် ဆိုတာတွေ
ရှိတယ် ဒါတွေကို ဗုဒ္ဓဘာသာတွေပဲ
နားလည်တယ် ဗုဒ္ဓဘာသာတောင်
ရုပ်ဝါဒီသမားအများစုက လက်မခံကြဘူး
ကမ္ဘာပျက်ဖို့  နှစ်ပေါင်းတသိန်းအလိုက
ကြားရမယ် စင်္ကြာဝတေးမင်းပေါ်ဖို့ 
နှစ်တရာအလိုက ကြားရမယ်
ဘုရားပွင့်ဖို့  နှစ်တထောင်အလိုက
ကြားရမယ်ဆိုတဲ့ အတိတ် နိမိတ် တဘောင် ဆိုတာတွေကို ကမ္ဘာ့ခေါင်း
ဆောင်တွေမသိကြဘူး
အမေရိကန် ရေတပ် ဗိုလ်ချုပ်ကြီး ရှပ်တော့ ပ် ဟာ မဟာစည်သာသနာ့
ရိပ်သာမှာ တရားထုင်ပြီးတော့ သမာဓိ
ရလာတဲ့အခါ အရင်ဘဝတွေရဲ့ သုံးဘဝထိ
ပြန်ပြောနိုင်တယ်
အဲဒါကို သမိုင်းသုတေသီတွေက
ငယ်ငယ်က သမိုင်းစာအုပ်တွေ အဖတ်
များလို့  ဖြစ်သွားတာပါတဲ့
ဖားအောက်ရိပ်သာမှာ သမထ အားအစွမ်းကြောင့် ဘယ်ဘဝကလာတာ ဆိုတာကို ပြန်ပြော
ပြနိုင်တဲ့ နိုင်ငံခြားသားတွေအများကြီးပါ
ဇာတိဿ ရဥာဏ်ရလို့ အတိတ်အကြောင်း
ပြောနိုင်တဲ့သူတွေ ကမ္ဘာမှာ
အများကြီး ပဲ
ဒါတွေကိုတော့ သဘာဝလွန်တဲ့
ဘာဖြစ်ဖြစ် ဘုရားသခင်ကြောင့် တဲ့
တကယ်လို့ များ
ဗုဒ္ဓတရားတော်တွေကိုသာ
မြန်မာ့ခေါင်းဆောင်တွေရော
ကမ္ဘာ့ခေါင်းဆောင်တွေပါ
နားလည်ခဲ့မယ်ဆိုရင်
ကမ္ဘာကြီးရော မြန်မာပါ
အနည်းနဲ့ အများတော့
ပျက်စီးမှု့တွေ လျှော့ ပါးသားမှာပါလေ
အကန်းတွေတွေဦးဆောင်တဲ့ကမ္ဘာ ဟာ
မမြင်သ၍ တော့
ကွယ်နေကြဦးမှာပါပဲ
တကယ်တော့
သဘာဝကို လွန်တဲ့တရားဆိုတာ
ရှိကိုမရှိပါဘူး
အားလုံးကို ဗုဒ္ဓတရားတော်တွေနဲ့ 
ခြုံငုံသုံးသပ်တတ်မယ်ဆိုရင်
အဖြေက ရှင်းရှင်းလေးပါပဲ
အားလုံးဟာ
သဘာဝအတွင်းကပဲဖြစ်နေတာပါ


No comments:
Post a Comment