Saturday, June 11, 2016

အသက်ပို၍ ရှည်ချင်သူများသို့ 

အသက်ပို၍ ရှည်ချင်သူများသို့ 
-------------------------------------------
အသက်ရှည်စေသောအလှု ၆ မျိုးရှိတယ်
ရေတွင်းရေကန်လှု (မလှုနိုင်ပါကရေစစ်လှု) ပါ
ဆေးအလှု
ကျောင်းအလှု
လမ်းအဟောင်းတံတားအဟောင်ပြင်သောအလှု
သစ်ပင်ပန်းမန်စိုက် ဥယျဉ်ခြံစိုက်သောအလှု
ဘေးမဲ့လွှတ်
ဒီသာသနာမှာ အသက်ရှည်ခြင်းဧတဒဂ်ရတဲ့
ရှင်ဗာကုလာဟာ အရင်ဘဝတွေမှာ အဲဒီအလှု
တွေချည်းပဲ လုပ်ခဲ့လို့ 
ဝသဘ မင်းဆိုတာရှိတယ် ဗေဒင်ပညာရှင်တွေက
၁၀ နှစ်ပဲ နန်းစံရမယ်ပြောတော့ သူဟာ ရဟန်းသံဃာ
တော်တွေကိုမေးပြီး အဲဒီအလှုတွေအများကြီး
လုပ်ခဲ့တဲ့အတွက် ၄၂ နှစ်တောင် နန်းစံခဲ့ရတယ်
မြန်မာနိုင်ငံမှာ အတော်ဆုံးဗေဒင်ပညာရှင်ကြီးဆိုတဲ့
ဆရာကြီးစန္ဒြဟာ ၇၂ နှစ်မှာ သူသေမယ်ဆိုတာ
သူ့ ရဲ့ဗေဒင်ပညာအရ သိခဲ့တယ် သူဟာ
ကြောက်လန့် ပြီး ဆရာတော်ကြီးတွေကို
မေးလျောက်တော့အဲဒီအလှုခြောက်မျိုးဟာ
အသက်ပိုရှည်တယ်ဆိုတာသိရတော့ သူဟာ
ဗေဒင်ဟောခြင်းကိုရပ်ပြီး အညာဘက်ကိုသွားကာ
နွားတွေဝယ်ဘေးမဲ့လွှတ် ရေတွင်းရေကန်တူးစတဲ့
ကုသိုလ်တွေလုပ်လိုက်တာ ကံလမ်းကြောင်း
ပြောင့်းပီး ၇၂ နှစ်မှာ မသေတဲ့အတွက်
ဗေဒင်ပညာကိုစွန့် လွှတ်ပြီး ရဟန်းဝတ်ခါ
ဗုဒ္ဓတရားတော်တွေကသာ လူတရောက်ရဲ့
အသက်ကို ကယ်နိုင်ကြောင်းစတဲ့ ဆောင်းပါးတွေ
ရေးပြီး ၈၃ နှစ်ကျမှ ရွှေပြည်သာမြို့ နယ်က
ဘုန်းကြီးကျောင်းတကျောင်းမှာ လူကြီးရောဂါနဲ့ 
ပျံလွန်တော် မူသွားခဲ့တယ်
ဗုဒ္ဓလက်ထက်ကလည်း ၃ နှစ်အတွင်းသေမဲ့
ပုဏ္ဏာတရောက်ဟာ သူသေပြီးရင် မျောက်ဖြစ်မယ်
ဆိုတာသိလို့ ဘုရားရှင်ကိုလျှောက်တော့ ဘုရားရှင်ကလည်း
ဟုတ်တယ် နောက်သုံးနှစ်ကြာရင်သေပြီး
ဟိမဝန္တာမှာ မျောက်ဖြစ်မယ်လို့ ပြောခဲ့တယ်
သူဟာ မျောက်ဖြစ်ရင် ချမ်းချမ်းသာသာနေဖို့ 
သူမျောက်ဖြစ်မဲ့နေရာမှာ ရေကန်တွေတူး
သစ်ပင်တွေစိုက်လုပ်လိုက်တာ သုံးနှစ်မှာမသေတဲ့အတွက်
ဘုရားရှင်ကိုလာလျောက်တော့ ဘုရားရှင်က
မင်း မျောက်ဖြစ်ရင်နေဖို့ ရေတွင်းရေကန်တူး
ဥယဉ်ခြံစိုက်တဲ့ ကုသိုလ်တွေက ကယ်လို့ 
မသေတော့တာလို့ ပြောလိုက်တဲ့အခါကျမှ
ပုဏ္ဏားလည်းသဘောပေါက်သွားတယ်
ဒါ့ကြောင့်
အသက်ရှည်ရှည်နေချင်ရင်
ကိုယ်လည်းအဲဒီကောင်းမှု့ တွေလုပ်
အသက်ပေးပြီးမွေးခဲ့တဲ့ မိဘတွေလည်း
အသက်တမ်းစေ့နေနိုင်အောင်လို့ 
အဲဒီအလှု ၆ မျိုးကို လုပ်ကြပါလို့ 
အကြံပေးပါရစေဗျာ

No comments:

Post a Comment