Friday, June 10, 2016

ဒရက်ကူလာ ခေါ် သွေးစုပ်ဖုတ်ကောင်

ဒရက်ကူလာ ခေါ် သွေးစုပ်ဖုတ်ကောင်
------------------------------
၁၉၇၃ ခုနှစ်က ဆားဗီးယားနိုင်ငံ ယက်ဒွတ်စတား
ဒေသမှာ ဖြစ်ခဲ့ဘူးသည် လူအများစုဟာ အိပ်ပျော်
နေစဉ်မှာ သွေးစုပ်ခံရသခဲ့သို့ ခံစားရပြီး ဘာဖြစ်မှန်း
မသိပဲကြောက်လန့် ခဲ့ကြတယ် အစိုးရက ဆရာဝန်
များကို အဖွဲ့ ဖွဲ့ ပြီးစစ်ဆေးဖို့  တာဝန်ပေးခဲ့တယ်

အဲဒီဒေသက သချိ င်္ု င်းကုန်းက အုပ်ဂူ ၁၃ ခုကို
ပြန်ဖေါ်ကြည့်တဲ့အခါမှာ မြှုပ်ထားတဲ့သက်တမ်းအရဆိုလျှင်
အရိုးများပင် ဆွေးနေသင့်သော်လည်း ဆွေးမနေပဲ
အလောင်းများမှာ ပကတိအိပ်ပျော်နေသကဲ့သို့ 
ဖြစ်ပြီး သွေးရောင်လွှမ်းနေတာကို အံ့သြဖွယ်
တွေ့ ရှိရတယ် အဲဒီ အလောင်းကောင်များကို
မီးသင်္ဂြိုလ်ပြီးတဲ့ အချိန်မှစပြီး ပျောက်ကွယ်
သွားခဲ့တယ်
မြန်မာနိုင်ငံမှာလည်း ဝေဘူဆရာတော်ဘုရားကြီး
လက်ထက်က ဖြစ်ခဲ့ဘူးတယ် ရွာတရွာမှာ
ခလေးတွေဟာ ၇ ရက်တယောက် ၁၀ ရက်တယောက်
နုန်းနဲ့ သေတာ တရွာလုံးခလေးတွေ ကုန်ခါနီး
ခဲ့တယ် ဒါနဲ့ ရွာလူကြီးတွေက ဝေဘူဆရာတော်ကြီးကို
ပင့်ပြီးအကျိုးအကြောင်းလျှောက်တော့
ဆရာတော်ကြီးက မိန့် တယ် မင်းတို့ တွေ
ပထမဆုံးသေတဲ့ခလေးရဲ့ အလောင်းကို
မြေမြှုပ်ထားတယ်မလားတဲ့ အဲဒီခလေးရဲ့
အလောင်းကို ပြန်ဖေါ်ပြီး မီးသင်္ဂြိုဟ်လိုကတဲ့ပြောခဲ့တယ်
ရွာသားတွေလည်း ဆရာတော်ကြီးပြောတဲ့အတိုင်းပဲ
ပထမဆုံးသေတဲ့ခလေးအလောင်းကို ပြန်ဖေါ်
ကြတဲ့အခါ အလောင်းဟာ မြှုပ်နှံမှု့ သက်တမ်းအရ
ပွပွပြီးအရိုးကျနေရမှာကို ဘာမှမဖြစ်ပဲ အိပ်နေတဲ့
ပုံသဏ္ဌာန်အတိုင်းပဲ ဖြစ်နေခဲ့တယ် အဲဒီခလေးကို
မီးသဂြိ င်္ုဟ်လိုက်တော့မှ အဲဒီရွာလည်း
ခလေးတွေသေတာ ရပ်သွားခဲ့တယ်
အခုလည်း အင်္ဂလန် နိုင်ငံ တနိုင်ငံလုံး
ဒရက်ကူလာ တစ်သောင်းခွဲဝန်းကျင်ခန့် 
ရှိတယ်လို့ ထုတ်ပြန်ကြော်ငြာထားခဲ့တယ်
တကယ်တော့ ဒီဖြစ်စဉ်တွေဟာ လူတွေ
ကိုယ်ကျင့်တရားအားနည်းချိန်မှာ ဖြစ်တက်ပြီး
ပရလောကသားများဟာ လူ့ လောကကို
ဝင်ရောက်နှောင့်ယှက်ကြခြင်းပါပဲ အထူးသဖြင့်
ခုလိုအချိန်မှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်
ဗုဒ္ဓလက်ထပ်ကလည်း ဝေသာလီပြည်မှာ
အဲလိုဖြစ်စဉ်မျိုးတွေ ဖြစ်ခဲ့ဘူးလို့  ဘုရားရှင်
ကိုယ်တိုင် ကယ်ခဲ့ရဘူးတယ်
၁၉၆၄ ခုနှစ် မြန်မာနိုင်ငံ ကပ်ဆိုက်တော့လည်း
လယ်တီဆရာတော်ဘုရားကြီးဟာ တနိုင်ငံလုံးကို
ပတ်ပြီး ကယ်ခဲ့ရဘူးတယ်
အမြန်လမ်း ကားမှောတ်တာ များတယ်ဆိုတာလည်း ပရလောကသား များရဲ့
နှောင့်ယှက်မှု့ကြောင့် ဖြစ်သွားတက်တာမျိုးတွေလည်း
ပါ ပါတယ်
အရက်အလွန်ကြိုက်တဲ့ ပရလောကသား တယောက်နဲ့ စကားပြေားဘူးတယ် သူ့ ကို
အရက်ဘယ်လိုသောက်လည်းလို့  မေးကြည့်တော့
အရက်ဆိုင်မှာအရက်သောက်
နေတဲ့ အမူးလွန်နေတဲ့သူတွေကို ဝင်စီးပြီး
သောက်တယ် တဲ့ ကိုယ်ကြိုက်သလောက်သောက်ပြီး ဝတော့မှ ပြန်ထွက် တယ်တဲ့
အဲဒီလိုဝင်စီးတော့ အစီးခံရတဲ့သူ မသိဘူးလားလို့ မေးတော့
အမူးလွန်နေတော့ မသိဘူးတဲ့
အရက်သောက်ပြီး သတိလွတ်နေတဲ့သူတွကို
စီးရတာ လွယ်ကူတယ် တဲ့
တချို့ဆိုရင် အရက်သောက်ယုံတင်မဟုတ်ဘူး
သူများသားမယား တွေကိုတောင် ပြစ်မှားတယ်
ပြီးတော့မှ ပြန်ထွက်တယ် တဲ့
ကိုယ့်သမီးအရင်းကို အမူးလွန်ပြီး သားမယားအဖြစ်ပြုကျင့်တယ်ဆိုတာ
အဲဒီပရသားတွေရဲ့ လက်ချက်တဲ့
ဖအေက အမူးလွန်နေတော့ မသိဘူးတဲ့
ကိုယ်ကျင့်တရားမကောင်းကြတဲ့ အခုလိုခေတ်မှာ
ပရလောကသားများရဲ့ နှောင့်ယှက်မှု့ ကို
နည်းမျိုးစုံနဲ့ ခံရတက်တဲ့အတွက် ခုချိန်မှာ
ကိုယ်ကျင့်တရားကောင်းဖို့ အရေးကြီးလှပါတယ်
ဦးမြင့်ခိုင်

No comments:

Post a Comment