Friday, June 10, 2016

ဂျာအေးကို သူ့ အမေရိုက်

ဂျာအေးကို သူ့ အမေရိုက်
---------------------
ဆင်းရဲသားဘဝတွေ ကြည့်တော့လည်း တနေ့ တနေ့ 
မိုးလင်းအလုပ်သွား ပြန်လာချက်ပြုတ်စားသောက်
ပြီးရင် မိသားစုလိုက် လက်ဘက်ရည်ဆိုင်သွား
မြန်မာခွေတခွေကြည့် ပြန်လာအိပ် နောက်နေ့ လည်း
ဒီအတိုင်းပဲ နေမကောင်းရင် အပေါင်ဆိုင်သွား
နေ့ ပြန်တိုးယူ ပြန်လုပ်ဆပ် ဒါက ဆင်းရဲသားတွေရဲ့
ဂျာအေး သူ့ အမေရိုက်

လူလတ်တန်းစားတွေဘဝကျတော့လည်း
အလုပ်လုပ် ပြန်လာ ထမင်းစား ပြီးရင် ကိုးရီးယားကားကြည့်
ပြီးရင်အိပ် ကိုယ့်လက်ရှိ ဇိမ်ခံပစ္စည်းလေးတွေထက်
သာတဲ့ ဇိမ်ခံပစ္စည်း ဝယ်နိုင်အောင် ကြိုးစား
ရင်ထပ်ဝယ် ဒါက လူလတ်တန်းစားတွေရဲ့
ဂျာအေးသူ့ အမေရိုက်
လူကုံထံတွေဘဝကျတော့လည်း ရသမျှလုပ်ငန်းတွေကို
အကုန်လုပ် ဟော်တယ်သွား ဈေးဝယ်ထွက် လုပ်ငန်း
မှန်သမျှ ငွေနဲ့ ရင်းပြီးလုပ် ဘယ်သူကတော့
ဘယ်လို ဇိမ်ခံပစ္စည်းတွေသုံးတယ် ငါက သူ့ ထက်
သာတဲ့ ဇိမ်ခံပစ္စည်းသုံးမယ်ဆိုပြီး အမြဲတမ်း
ပြိုင်ဆိုင်နေခဲ့တယ် ဒါက လူကုံထံတွေရဲ့
ဂျာအေးသူ့ အမေရိုက်
ဗုဒ္ဓက
လူ့ ဘဝဟာ ဘယ်လောက်ထိ တန်ဘိုးကြီးသလဲ
ဆိုရင် ဦးခေါင်းမီးလောင်နေတဲ့သူဟာ ဦးခေါင်းက
မီးကို ငြိမ်းဖို့ က အရေးမကြီးပါဘူးတဲ့ သူ့ ထက်
အရေးကြီးတာက ဝိပဿနာတရားကို ရှု့ မှတ်ဖို့ ပါတဲ့
ရင်ဝလှံစိုက်နေတဲ့သူဟာ ရင်ဝက လှံကိုနုတ်ဖို့ က
အရေးမကြီးပါဘူးတဲ့ သူ့ ထက်အရေးကြီးတာက
ဝိပဿနာ တရားကိုရှု့ မှတ်ဖို့ ကသာ ပိုပြီးအရေး
ကြီးတာပါလို့  ဟောခဲ့တယ်
အဲဒီလောက် ရခဲတဲ့ လူ့ ဘဝကို ရှိနေကြပါလျှက်
ကြုံခဲလှတဲ့ သာသနာနဲ့ ကြုံနေကြပါလျှက်နဲ့ 
သားရေးသမီးရေး စီးပွားရေး တွေအတွက်
တစ်ခုတည်းနဲ့ အချိန်ကုန်ခံမယ်ဆိုရင်ဖြင့်
လူတန်းစားမျိုးစုံဟာ သံသရာမှာ ဂျာအေးသူ့ အမေရိုက်ဖြစ်နေပြီး
ဘုရားပွင့်တာ
အလကားလို ဖြစ်နေမယ်နော်
ဦးမြင့်ခိုင်

No comments:

Post a Comment