--------------------------------------
တချို့ က တရားအားထုတ်ဖို့  အချိန်မရသေးဘူး တဲ့
တချို့ ကလည်း အလုပ်မအားသေးလို့ ပါတဲ့
သြော် ရိပ်သာကိုတရားသွားထိုင်မှ
တရားရမယ်ထင်နေကြတာကိုး
ပဋာစာရီဟာ ခြေဆေးရင်း တရားထူးရတယ်
ဥဂ္ဂါသေနတို့ ဇနီးမောင်နှံဟာ ဇာတ်ကနေရင်းနဲ့ 
လူစင်စစ်ကနေရဟန္တာ တန်းဖြစ်တယ်
အမျိုးသမီးတဦးဟာ ဟင်းရွက်ကြော်နေရင်းနဲ့ 
တရားထူးရတယ်
မိုးညှင်းဆရာတော်ကြီးက ကုလားထိုင်ပေါ်မှာ
ထိုင်နေရင်းနဲ့ တရားထူးရတယ်
အများကြီးကျန်သေးတယ် စာရှည်မှာစိုးလို့ 
တရားထူးရဖို့ က နေရာဒေသက အဓိကလား
မိမိရဲ့ နှလုံးသွင်းမှူ့ က အဓိကလား
ဒါအရေးကြီးတယ်
နိုင်ငံခြားမှာအလုပ်လုပ်နေသူတွေကရော
မြန်မာနိုင်ငံပြန်လာမှတရားထူးရမှာလား
အဓိကက ရှူ့ တက်မှတ်တက်ဖို့ သာ
အဓိက
fb တောင်သုံးနေသေးတာပဲ
မဟာစည် မိုးကုတ် လယ်တီ စွန်းလွန်း
စတဲ့ဆရာတော်ကြီးများရဲ့ရှူ့ နည်းမှတ်နည်းကို
ဒေါင်းဖို့ က သီချင်းတပုဒ်ကို ဒေါင်းသလောက်
မကြာပါဘူး
ဘာ့ကြောင့်အသိလွဲနေကြတာလည်း
ဘာ့ကြောင့်အချိန်ဆွဲနေကြတာလည်း
ကိုယ်မသိတာမေးဖို့  ကိုယ့် fri တွေထဲမှာ
ဆရာတော်တွေအများကြီး ရှိကြပ့တယ်
တရားမလိုချင်လို့ ကတော့
ဘုရားနဲ့ အတူရှိနေတာတောင်
တရားမရနိုင်ပါဘူး
ဘုရားရှင်လက်ထပ်က ဘုရားရှင်ကိုတောင်
မဖူးတွေ့ လိုက်ရပဲ တရားထူးရသွားကြသူတွေ
အများကြီးပါပဲ
မေးမယ်
တရားလိုချင်တာ
တကယ်ဟုတ်ရဲ့လား
ကိုယ်ကိုယ်ကိုယ်ပြန်မေးပါ
တကယ်လိုချင်ရင်
မြန်မာနိုင်ငံပြန်ဖို့ စောင့်မနေနဲ့ 
ရိပ်သာမသွားနိုင်မှန်သိရင်
ရိပ်သာသွားဖို့ ညည်းမနေနဲ့ 
တကယ်တော့
စိတ်ပါရင်
အိပ်ယာက ရိပ်သာပါ
စိတ်မပါရင်
ရိပ်သာလည်း
အိပ်ယာပါပဲ
နှလုံးသွင်းမှန်နိုင်ကြပါစေ
ဦးမြင့်ခိုင်

တရားရမယ်ထင်နေကြတာကိုး
ပဋာစာရီဟာ ခြေဆေးရင်း တရားထူးရတယ်
ဥဂ္ဂါသေနတို့ ဇနီးမောင်နှံဟာ ဇာတ်ကနေရင်းနဲ့ 
လူစင်စစ်ကနေရဟန္တာ တန်းဖြစ်တယ်
အမျိုးသမီးတဦးဟာ ဟင်းရွက်ကြော်နေရင်းနဲ့ 
တရားထူးရတယ်
မိုးညှင်းဆရာတော်ကြီးက ကုလားထိုင်ပေါ်မှာ
ထိုင်နေရင်းနဲ့ တရားထူးရတယ်
အများကြီးကျန်သေးတယ် စာရှည်မှာစိုးလို့ 
တရားထူးရဖို့ က နေရာဒေသက အဓိကလား
မိမိရဲ့ နှလုံးသွင်းမှူ့ က အဓိကလား
ဒါအရေးကြီးတယ်
နိုင်ငံခြားမှာအလုပ်လုပ်နေသူတွေကရော
မြန်မာနိုင်ငံပြန်လာမှတရားထူးရမှာလား
အဓိကက ရှူ့ တက်မှတ်တက်ဖို့ သာ
အဓိက
fb တောင်သုံးနေသေးတာပဲ
မဟာစည် မိုးကုတ် လယ်တီ စွန်းလွန်း
စတဲ့ဆရာတော်ကြီးများရဲ့ရှူ့ နည်းမှတ်နည်းကို
ဒေါင်းဖို့ က သီချင်းတပုဒ်ကို ဒေါင်းသလောက်
မကြာပါဘူး
ဘာ့ကြောင့်အသိလွဲနေကြတာလည်း
ဘာ့ကြောင့်အချိန်ဆွဲနေကြတာလည်း
ကိုယ်မသိတာမေးဖို့  ကိုယ့် fri တွေထဲမှာ
ဆရာတော်တွေအများကြီး ရှိကြပ့တယ်
တရားမလိုချင်လို့ ကတော့
ဘုရားနဲ့ အတူရှိနေတာတောင်
တရားမရနိုင်ပါဘူး
ဘုရားရှင်လက်ထပ်က ဘုရားရှင်ကိုတောင်
မဖူးတွေ့ လိုက်ရပဲ တရားထူးရသွားကြသူတွေ
အများကြီးပါပဲ
မေးမယ်
တရားလိုချင်တာ
တကယ်ဟုတ်ရဲ့လား
ကိုယ်ကိုယ်ကိုယ်ပြန်မေးပါ
တကယ်လိုချင်ရင်
မြန်မာနိုင်ငံပြန်ဖို့ စောင့်မနေနဲ့ 
ရိပ်သာမသွားနိုင်မှန်သိရင်
ရိပ်သာသွားဖို့ ညည်းမနေနဲ့ 
တကယ်တော့
စိတ်ပါရင်
အိပ်ယာက ရိပ်သာပါ
စိတ်မပါရင်
ရိပ်သာလည်း
အိပ်ယာပါပဲ
နှလုံးသွင်းမှန်နိုင်ကြပါစေ
ဦးမြင့်ခိုင်

No comments:
Post a Comment