-----------------------------------------
လူ့ လောကမှာ သဘာဝ ဘေးအန္တရယ်တွေ
ကျရောက်တဲ့အခါ မျက်စိနဲ့ မြင်ရတဲ့ အရာတွေတင် မဟုတ်ပါဘူး မမြင်နိုင်တဲ့
အကြောင်းတရားတွေကလည်း ရှိပါသေးတယ်
လူတွေ ဒုက္ခရောက်တာက မျက်စိနဲ့ မြင်ရတဲ့
အကြောင်းတရားတွေပါ
သူ့ နောက်မှာ ပါလာမှာက
ရေမသန့် ရှင်းခြင်းကြောင့် စတဲ့
ရောဂါပိုးမျိုးစုံ
သဘာဝဘေးဆိုက်တဲ့အခါ လူတွေတင် ဒုက္ခရောက်တာမဟုတ်ပါဘူး
မမြင်အပ်တဲ့ မြေဖုတ်ဘီလူး စတဲ့ ပုဂ္ဂိုလ်တွေက
လည်း ဒုက္ခရောက်တာပါပဲ သူတို့ က လူသေ
ကောင်တွေ တိရစ္ဆာန်အသေကောင်တွေကို
စားမယ် ပြီးတော့ သူတို့ နှောင့်ယှက်လို့ ရတဲ့
နည်းတွေနဲ့  လူ့ လောကကို နှောင့်ယှက်မယ်
ဘုရားရှင်လက်ထက်က ဝေသာလီ မှာ ကပ်ဆိုက်တဲ့အခါတုန်းကလည်း မြေဘုတ်ဘီလူး
တွေ နှောင့်ယှက်လို့ လူတွေသေကြကြေကြတဲ့
အကြောင်းပါတယ်
လယ်တီဆရာတော်ဘုရားကြီးလက်ထက်တော်
အခါတုန်းကလည်း မြေဘုတ် ဘီလူးတွေဟာ
မြို့ သူ မြို့ သားတွေကို ဝင်ရောက်နှောင့်ယှက်
ကြတယ် လယ်တီဆရာတော်ဘုရားကြီးကြွလာတဲ့
အခါ လယ်တီဆရာတော်ကြွလာပြီ ငါတို့ နေလို့ 
မရတော့ဘူးဆိုပြီး လူတွေကိုအိမ်မက်ပေးကာ
နောင်ထပ် မြို့ ရွာတွေကို ထွက်သွားကြောင်း
ဖတ်ရှု့ရဘူးပါတယ်
ဒီလိုအချိန်မှာ သီလသမာဓိပညာ ပြည့်စုံတဲ့
ပုဂ္ဂိုလ်တွေ အထူးလိုအပ်နေသလို
လူတွေကလည်း အနည်းဆုံး ငါးပါးသီလလုံခြုံဖို့ 
လိုအပ်ပါတယ် ဒါမှ သူတို့ နှောင့်ယှက်ဖျက်ဆီးလို့ 
မရနိုင်မှာ ဖြစ်ပါတယ်
ရေကျသွားလို့  လူတွေ အသက်ဘေးက
လွတ်ပြီဆိုပြီး မပြည့်စုံသေးပါဘူး
မမြင်အပ်တဲ့ ပရလောကသားတွေရဲ့ နှောင့်ယှက်
ဖျတ်ဆီးမှု့တွေဟာ ကပ်ဘေးနဲ့  တွဲပြီး ပါလာလေ့
ရှိပါတယ် ရောဂါမျိုးစုံ ဖြစ်ပေါ်လာတတ်ပါတယ်
အတိတ်က ကပ်ဘေးဆိုက်ခဲ့တဲ့
သာဓကတွေမှာ
အဲဒီလိုဖြစ်စဉ်တွေ ဖြစ်ခဲ့ဘူးပါတယ်
သရဏဂုံ ငါးပါးသီလ လုံခြုံပါစေ
အမဲသားလုံးဝမစားကြပါနဲ့ 
ပရိတ်ပဋ္ဌာန်း ရွတ်ကြပါ ဖွင့်ကြပါ
မေတ္တာများများပို့ ကြပါ
ခလေးငယ်များအား မိုးချုပ်ပါက အိမ်ပြင်မထွက်
ကြပါစေနှင်
နိုင်သလောက်ကို တဦးနဲ့ တဦး ကူညီကြပါ
နောက်ဆက်တွဲ အကျိုးဆက်များကို
ကာကွယ်နိုင်ကြပါစေ
No comments:
Post a Comment